Sunday, August 11, 2013

ကားမောင်းစဉ် မိုဘိုင်းလ်ဖုန်း ပြောဆိုမှုနှင့် ယာဉ်မတော်တဆ ဖြစ်ပွားမှု ဆက်နွှယ်မှု မရှိကြောင်း သုတေသီများ တွေ့ရှိ

Posted by drmyochit Sunday, August 11, 2013, under | No comments



ဝါရှင်တန်        သြဂုတ်      ၁ဝ

အမေရိကန် နိုင်ငံမှ ယာဉ်မောင်းများသည်   ကားမောင်းနေစဉ် မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းနှင့် ယာဉ် မတော် တဆ ဖြစ်ပွားမှုနှုန်း မြင့်မားခြင်းသည် ဆက်နွှယ်မှု မရှိကြောင်း သုတေသန ပညာရှင်များက တွေ့ရှိ ခဲ့ကြောင်း သြဂုတ် ၁ဝ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ကာနီဂီမယ်လ်လွန် တက္ကသိုလ်နှင့်  လန်ဒန် စီးပွားရေး တက္ကသိုလ်တို့မှ သုတေသန အဖွဲ့သည်  အမေရိ ကန် ပြည်ထောင်စု ပြည်နယ် ရှစ်ခုတွင် ယာဉ်တိုက်မှုနှင့် အဆိုပါ ယာဉ်တိုက်မှုကြောင့်  သေဆုံးမှုပေါင်း ရှစ်သန်း ကျော်နှင့် ည ၉ နာရီ မတိုင်မီနှင့် နောက်ပိုင်း အချိန်များတွင် ဖုန်းအသုံးပြုမှု အချက်အလက် များကို သုံးနှစ်ကျော် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၄င်းတို့ လေ့လာမှု ပြုထားသော ရလဒ်များတွင် မက်ဆေ့ခ်ျ ပေးပို့ခြင်းနှင့် အင်တာနက် အသုံးပြုခြင်းများ မပါဝင်ကြောင်း သိရသည်။ အမေရိကန် မိုဘိုင်းလ် ဆက်သွယ်ရေး ကုမ္ပဏီများသည် ည ကိုးနာရီ နောက်ပိုင်း အချိန်တွင် ဖုန်းပြောဆိုခအား အလကား သတ်မှတ် ပေးထားသည့် အတွက် ထိုအချိန်တွင် ဖုန်းပြောဆိုသူ များပြားလျက် ရှိသော်လည်း ကားမောင်းစဉ် မိုဘိုင်းလ်ဖုန်း ပြောဆိုမှုနှင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုတို့မှာ ဆက်နွယ်မှု မရှိသည်ကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိခဲ့ရကြောင်း အဆိုပါ သုတေသနအဖွဲ့မှ ပါမောက္ခ ဆောရပ်ဘာဂါဗာနှင့်ဒေါက်တာ ဗီကရမ်ပါသာနီးယားတို့က ပြောကြား ခဲ့ကြသည်။

Form: မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်