
"တိုးမြှင့်ထားသော လျှပ်စစ်မီတာခနှုန်းထားများ လျှော့ချပေးမည်မဟုတ်ဘဲ လာမည့် ဘဏ္ဍာနှစ်စမှစ၍ ကောက်ခံသွားမည်ဟု ပြည်ထောင်စု လွှတ်တော်သို့ သမ္မတသ၀ဏ်လွှာ ပေးပို့" ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ပါရှိခဲ့သည်။ သတင်း ဖော်ပြချက်အရဆိုလျှင် ပြည်သူတွေက ဘာပြောပြော လာမည့်ဘဏ္ဍာနှစ် အစပိုင်းမှစပြီး လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရေးကိစ္စကို မူလစီစဉ်ထားသည့်အတိုင်း ဆက်လက် အကောင်အထည်ဖော်မည်ဆိုသည့် သဘောပင် ဖြစ်ပါသည်။
ဒီကိစ္စနှင့် ပတ်သက်၍ လွှတ်တော်၏အသံမှာ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရန်...