Sunday, June 15, 2014

အီတလီကမ်းခြေစောင့်တပ်ဖွဲ့ ဆီရီးယားကနေ ပြောင်းရွှေ့အခြေချရန် ကြိုးစားသူ ၂၈၁ ဦးကို ကယ်တင်

Posted by drmyochit Sunday, June 15, 2014, under | No comments

အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့ဟာ ဇွန်လ ၁၄ ရက်နေ့မှာ ဆီရီးယားကနေ ပြောင်းရွှေ့အခြေချဖို့ ကြိုးစား သူ ၂၈၁ ယောက်ကို ပင်လယ်ပြင်မှာ ကယ်တင်နိုင်တယ်ပါတယ်။ ပြောင်းရွှေ့ အခြေချသူတွေဟာ မီတာ ၂၀ ရှည်တဲ့ ငါးဖမ်းလှေကို စီးပြီး အီတလီ ကမ်းခြေဆီကို ဦးတည်ပြီး သွားနေတာကို တွေ့ရှိခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့်တပ်က ဆိုပါတယ်။ italyအဖွဲ့ထဲမှာ ကလေးငယ် ၉၃ ယောက်ပါဝင်ပြီး အမျိုးသမီး ၆ ယောက် ပါဝင်တယ်။ တချို့က ကျန်းမာရေး ဆိုးရွားနေတယ်လို့ ဆိုပါတယ်။ သူတို့ကို ကမ်းခြေစောင့်တပ်...

ရှမ်းမြောက်တွင် ဆက်ကြေးကောက်နေသော SSPP/SSAတပ်ဖွဲ့ဝင် (၂)ဦး ဖမ်းမိ

Posted by drmyochit Sunday, June 15, 2014, under | No comments

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ပြည်ထောင်စု လမ်းမကြီးမြောက်ဘက် ကျေးရွာများတွင် ဆက်ကြေးကောက် နေသော SSPP/SSA တပ်ဖွဲ့ဝင် (၂)ဦးအား ဇွန်(၁၃)ရက်နေ့တွင် နယ်မြေခံတပ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ ပြည်ထောင်စု လမ်းမကြီးမြောက် ဘက် နောင်ပစ်ရွာနှင့် ပန်မလွတ်ရွာကြားတွင် ဆက်ကြေးကောက်သော SSPP/SSA အဖွဲ့ဝင်များ သွားလာနေသည်ဟု ဒေသခံရွာသားများ၏ လာရောက်သတင်းပေးချက်အရ နယ်မြေခံအစိုးရ တပ်မှ ညနေ(၅)နာရီခန့်တွင် ၄င်းရွာနှစ်ရွာကြား၌...

ကင်ညာနိုင်ငံသားတို့၏ အချစ်တော် ဆင်ရိုင်းကြီး ဆင်စွယ်မုဆိုးတို့ လက်ချက်ဖြင့် သေဆုံး

Posted by drmyochit Sunday, June 15, 2014, under | No comments

ကင်ညာနိုင်ငံသားတို့ အချစ်ခင်ဆုံး၊ တန်ဖိုးအထားဆုံး အာဖရိက ဆင်ရိုင်းကြီး တစ်ကောင်မှာ ဆင်စွယ်မှောင်ခို မုဆိုးများ လက်ချက်ကြောင့် အသက်ဆုံးရှုံးသွားကြောင်း သိရှိရသည်။ ဆာတာအိုခေါ် ဆင်ကြီးသည် ကမ္ဘာပေါ်တွင် အရွယ်အစား အကြီးဆုံး ဆင်များအနက် တစ်ကောင်ဖြစ်ပြီး ကင်ညာနိုင်ငံသားများကြား ရေပန်းအစားဆုံး ဂုဏ်ပြုခံ တိရစ္ဆာန် တစ်ကောင်လည်း ဖြစ်သည်။ မြေကြီးနှင့် ထိလုနီးပါး ရှည်လျားပြီး တုတ်ခိုင်သန်စွမ်းသော အစွယ်များကြောင့် လူသိများသည့် ဆင်ကြီးကို ဆာဗိုး အမျိုးသားဥယျာဉ်၏...

အာဖရန်နစ္စတန်သမ္မတ ရွေးကောက်ပွဲ မဲပေးခဲ့တဲ့ လူ ၁၁ ဦးကို တာလီဘန်တွေ လက်ချောင်းဖြတ်

Posted by drmyochit Sunday, June 15, 2014, under | No comments

အာဖရန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးခဲ့ပြီး အိမ်ပြန်သွားတဲ့ လူ ၁၁ ယောက်ကို တာလီဘန် တွေက ဖမ်းဆီးပြီး လက်ချောင်းတွေကို ဖြတ်ပစ်ခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ Afagahanဟရတ်မြို့က ဆေရုံးတရုံမှာ ဆေးကုသမှု ခံယူခဲ့ရတဲ့ အမျိုးသားတွေကို သွေးထွက်နေတဲ့ လက်တွေကို ပတ်တီးပတ်ထားလျက် တွေ့ရပါတယ်။ လက်ချောင်း အဖြတ်ခံရတဲ့ အမျိုးသား တယောက်က အိမ်အပြန်မှာ တာလီဘန်က ဖမ်းခေါ်သွားပြီး လက်ချောင်း ဖြတ်ခံရတယ်လို့ ပြောပြပါတယ်။ ဇွန်လ ၁၄ ရက်နေ့က သမ္မတ ရွေးကောက်ပွဲမှာ အာဖဂန်...

ကြည့်မြင်တိုင်အောက်လမ်းနှင့် ကမ်းနားလမ်းအောက်ဘက်တွင် ယာဉ်ကြောပိတ်ဆို့မှုပိုဆိုးလာ

Posted by drmyochit Sunday, June 15, 2014, under | No comments

ယာဉ်ကြောကျပ်တည်းမှု များလာသည့် လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ - နစ်ကီ) ရန်ကုန်မြို့ ကြည့်မြင်တိုင်အောက်လမ်း ဗားကရာမီးပွိုင့်နှင့်ကမ်းနားလမ်းအောက်ဘက်တို့ တွင် ယခု ရက်ပိုင်း ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုဖြစ်ပွားနေကြောင်း ခရီးသွားပြည်သူများနှင့်  ယာဉ်ထိန်းရဲများထံမှ သတင်း ရရှိသည်။ ‘‘အဓိကက ဒီအောက်ကမ်း နားလမ်းမှာ လမ်းခင်းနေတာမပြီး သေးတော့ ကားတွေ၊ လိုင်းကား တွေကအစ ဗဟိုလမ်း ကနေပြီး ဗားကရာကိုဝင်တော့  ကားတွေများပြီး ယာဉ်ကြောပိုကျပ်တာ။ ပြီးတော့...

စင်ကာပူရောက် မြန်မာအိမ်အကူကို နှိပ်စက်သည့် နိုင်ငံခြားသားလင်မယား အမှုရင်ဆိုင်နေရ

Posted by drmyochit Sunday, June 15, 2014, under | No comments

စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူအမျိုးသမီးကို ရိုက်နှက်နှိပ်စက်ခြင်း၊ အန်ဖတ်များ ပြန်စားခိုင်းခြင်း၊ ဓာတ်ပုံရိုက်ရန် အ၀တ်များချွတ်ခိုင်းခြင်းစသည့် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့သော စင် ကာပူနိုင်ငံနေ နိုင်ငံခြားသားလင် မယားနှစ်ဦးကို စင်ကာပူလူ့စွမ်း အားဝန်ကြီးဌာနက နာကျင်စေမှု ဖြင့် တရားစွဲဆိုထားသည်။ ၎င်း တို့နှစ်ဦးကို အမှုရင်ဆိုင်နေချိန် တွင် ပတ်စ်ပို့နှင့် အိမ်အကူ လျှောက်ထားခွင့်၊ စင်ကာပူနိုင်ငံ တွင် အလုပ်လုပ်ကိုင်ခွင့်တို့ကိုပါ ရုပ်သိမ်းဖွယ်ရှိကြောင်း...

ငွေရေးကြေးရေး ကိစ္စတွေက သင်တို့ရဲ့အချစ်ရေးကို ပျက်စီးစေနိုင်

Posted by drmyochit Sunday, June 15, 2014, under | No comments

မေသော် သင်ဟာ သင့်ရဲ့ဒီဇိုင်နာထုတ်အိတ်တွေရဲ့ဈေးနှုန်း၊ တစ်နေ့တာအသုံးစရိတ်၊ တစ်လ အသုံးစရိတ် စတာတွေ ကို ဖွင့်မပြောပဲ သင့်ချစ်သူကို လိမ်ညာထားမိမယ်ဆိုရင် ဒါတွေဟာ သင်တို့ရဲ့အချစ်ရေးအတွက် ဆူးညှောင့်ခ လုတ်တွေပါပဲ။ MoneySupermarket.com က စစ်တမ်းကောက်ချက်အရ အတွဲ ၁၀တွဲမှာ ၅တွဲသာ ကိုယ့်ချစ်သူကို ကိုယ့်အသုံးစရိတ်တွေကို အမှန်အတိုင်းဖွင့်ပြောလေ့ရှိကြပါတယ်တဲ့။ ဘာလို့များ ကိုယ့်အသုံးစရိတ်ကို အမှန်အတိုင်းမပြောကြပါလိမ့်လို့ သင်တွေးမိလိုက်တယ်မလား။ သူတို့တွေဟာ တစ်ခုခုကို...

Blood pressure and Anemia သွေးအားနည်းတာနဲ့ သွေးဖိအားနည်းတာ

Posted by drmyochit Sunday, June 15, 2014, under | No comments

Low BP သွေးဖိအားနည်းတာနဲ့ Anemia သွေးအားနည်းတာ မတူပါ။ ၂ မျိုးလုံးကနေ ခေါင်းမူးတာကို ဖြစ်စေနိုင်တယ်။ ဖြစ်နေတာတိကျမှ ဆေးနည်းညွှန်တာသင့်ပါမယ်။ ဘာလို့ ဖိအားကျနေသလဲ။ ဘာလို့ သွေးအားနည်းလဲ ခွဲသိရပါမယ်။ သွေးယိုရင် သွေးအားနည်းမယ်။ တိုင်းကြည့်ရင် BP ကျနေမယ်။ လူက နေမကောင်းဖြစ်မယ်။ သွေးလဲ မယိုတော့၊ ဆေးလိုတာကုလိုက်ရင်လဲ သွေးဖိအားပြန်ကောင်းမယ်။ ဒါပေမဲ့ လူက မကောင်းသေးတာ ဖြစ်တတ်တယ်။ အဲဒါ သွေးအား ဆက်နည်းနေသေးတာပါ။ ဒါကို နားလည်ဘို့ Anemia “သွေးအားနည်းတာ” နဲ့ Blood...

နိုင်ငံရေးအကျဉ်းသား တစ်ဦးကို တစ်လလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် သုံးနှစ် ထောက်ပံ့မည်

Posted by drmyochit Sunday, June 15, 2014, under | No comments

ရန်ကုန်၊ ဇွန်၁၄ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများနှင့် အချုပ်သားများကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အစည်းအရုံးက တစ်လလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၃ နှစ် ထောက်ပံ့မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က ပြောကြားသည်။ ဇွန်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ငွေ ပေးအပ်ခြင်းဆိုင်ရာ...

စစ်ကိုင်း ဇေယျာသီရိ ရုပ်ရှင်ရုံဝင်း အတွင်း လူသေ အလောင်းတွေ့ရှိ

Posted by drmyochit Sunday, June 15, 2014, under | No comments

စစ်ကိုင်း ဇွန်(၁၄)  စစ်ကိုင်းမြို့ ဇေယျာသီရိ ရုပ်ရှင်ဝင်းအတွင်း ညစောင့် တာဝန်ထမ်းဆောင်နေသူ ဦးဝင်းမြင့် သည် ၁၄-၆-၂၀၁၄ ရက်နေ့ ညနေ (၄)နာရီခန့်က ရုပ်ရှင်ရုံဝင်းအတွင်း အပုပ်နံ့များ ရရှိနေ၍ လိုက်လံရှာဖွေရာ ရုပ်ရှင်ရုံ အနောက်မြောက်ထောင့်ရှိ မိလ္လာကန်အတွင်း လူသေအလောင်း တစ်လောင်းတွေ့ရှိရ၍ စစ်ကိုင်းမြို့မ ရဲစခန်းသို့ ကိုယ်တိုင်သွားရောက် အကြောင်းကြား ခဲ့သည်ဟု သိရသည်။ အဆိုပါ လူသေအလောင်းမှာ ညစောင့်ဦးဝင်းမြင့်ထံသို့ ညစဉ်လာရောက်အိပ်၍ ဘေးအနီး ပတ်ဝန်းကျင်တွင်...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်