Sunday, June 15, 2014

ကြည့်မြင်တိုင်အောက်လမ်းနှင့် ကမ်းနားလမ်းအောက်ဘက်တွင် ယာဉ်ကြောပိတ်ဆို့မှုပိုဆိုးလာ

Posted by drmyochit Sunday, June 15, 2014, under | No comments

ယာဉ်ကြောကျပ်တည်းမှု များလာသည့် လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ - နစ်ကီ)

ရန်ကုန်မြို့ ကြည့်မြင်တိုင်အောက်လမ်း ဗားကရာမီးပွိုင့်နှင့်ကမ်းနားလမ်းအောက်ဘက်တို့ တွင် ယခု ရက်ပိုင်း ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုဖြစ်ပွားနေကြောင်း ခရီးသွားပြည်သူများနှင့်  ယာဉ်ထိန်းရဲများထံမှ သတင်း ရရှိသည်။

‘‘အဓိကက ဒီအောက်ကမ်း နားလမ်းမှာ လမ်းခင်းနေတာမပြီး သေးတော့ ကားတွေ၊ လိုင်းကား တွေကအစ ဗဟိုလမ်း ကနေပြီး ဗားကရာကိုဝင်တော့  ကားတွေများပြီး ယာဉ်ကြောပိုကျပ်တာ။ ပြီးတော့ ညဈေးက လည်း ကွန် တိန်နာကားတွေက အ၀င်အထွက်များတာလည်းပါတယ်’’ဟု အောက်ကမ်းနား လမ်း(စာတိုက်မီးပွိုင့်)တွင် တာဝန်ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲတပ်ကြပ်သက်နိုင်ကပြောသည်။

အဆိုပါလမ်းများတွင် ယာဉ် ကြောပိတ်ဆို့ပါက အနည်းဆုံး ၄၅ မိနစ်မှ တစ်နာရီဝန်းကျင်အ ထိ ကြာမြင့်လေ့ ရှိပြီး နံနက် ပိုင်း နှင့် ညနေပိုင်းတို့တွင် ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုဖြစ်ပွားကြောင်း အငှားယာဉ်မောင်း အချို့ ကပြောသည်။

 ‘‘စည်ပင်က လမ်းခင်းနေ တာ မပြီးတာရယ်။  နောက်ပြီး ကမ်းနားလမ်းဘက်မှာ သစ်ပင် ခုတ်နေတာတွေလည်းရှိတယ်။ ကွန်တိန်နာတွေကလည်း အရမ်း အ၀င်အထွက်များတော့ ယာဉ် ကြောက အရင်ကထက်ကျပ်လာ တယ်။ တော်ရုံဆိုရင် အဲဒီလမ်းက မတိုးတော့ဘူး။ လမ်းကြားတွေထဲကပဲ သွားတော့တယ်’’ဟု အငှားယာဉ်မောင်းနှင်သူ ကိုကျော်ကြီးကပြောသည်။

အောက်ကမ်းနားလမ်းတွင် လမ်းစခင်းနေသည့် အချိန်မှစပြီး ကွန်တိန်နာများ၊ လိုင်းကားများ စည်းကမ်းမရှိမှုများကြောင့်လည်း ပါဝင်ကြောင်း  အောက်ကမ်း နားလမ်း(စာတိုက်မီးပွိုင့်) တွင် တာဝန်ထမ်းဆောင်နေသူ ယာဉ် ထိန်းရဲတပ်ကြပ်သက်နိုင်ကပြော သည်။

ကမ်းနားလမ်းအောက်လမ်း တွင် လမ်းခင်းနေမှုသည် လမ်း ကြောကျပ်ရသည့်  အဓိကအ ကြောင်းရင်းတစ်ခုဖြစ်ပြီး   အ ဆိုပါ လမ်းခင်းနေသည်မှာ သုံးလ ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း ကြည့်မြင်တိုင်တွင် နေထိုင်သူတစ်ဦးကပြောသည်။

‘‘အခုအတွင်းလမ်းတွေက လည်း ခင်းနေတော့ လမ်းက ရှောင်သွားလို့ မရတော့ဘူး။ လမ်းခင်းနေတာကလည်း ညပိုင်းအချိန်ခွဲပြီး မလုပ်ကြတော့ အချိန်မီမပြီးဘူးဖြစ်နေတယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တော်တွင် ယာဉ် ကြောပိတ်ဆို့မှုများ လျော့နည်း စေရန်အတွက် ယာဉ်မရပ်ရ လမ်း စုစုပေါင်း ၈၂ လမ်းသတ်မှတ် ထားပြီး ခရီးသည်အတင်အချပြု လုပ်ရန်မှ တစ်ပါးမည်သည့်ယာဉ် မျှရပ်နားခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

‘‘ကားတွေက လမ်းပေါ်မှာ ရပ်လို့ ကရိန်းနဲ့ဆွဲမယ်ဆိုရင် လည်းဖြစ်မြောက်အောင် ဆွဲစေ ချင်တယ်။ ကရိန်းနဲ့ ဆွဲနေရင် အကုန်ရှင်းတယ်။ အရေးယူတုန်း ခဏပဲ။ အရေးမယူရင် ခဏနေ ပြန်ဖြစ်တာပဲ။ စီမံကိန်းချပြီး လုပ် မယ်ဆိုရင်လည်း ရေရှည်လုပ်စေ ချင်တယ်’’ဟု အငှားယာဉ်မောင်းကိုစစ်နိုင်ကပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်