မြန်မာနိုင်ငံတွင်
အေအိုင်ဒီအက်စ် ရောဂါကြောင့် တစ်နာရီတွင် လူ၂ဦးနုန်း သေဆုံးပြီး၊ တစ်ရက်တွင် အယောက် ၅၀ ၀န်းကျင်ခန့် သေဆုံးသော အခြေ အနေမှ သုည အခြေ
အနေသို့ ကျဆင်းအောင် ပြုလုပ်မည် ဖြစ်ကြောင်း လူထုအခြေပြုကွန်ရက်(၇)ခုမှ ဦးဆောင်ကျင်းပသော
ကမ္ဘာ့ အေအိုင်ဒီအက် နေ့အထိမ်း အမှတ် အခမ်း အနားတွင် မြန်မာနိုင်ငံအိတ်(ခ်ျ)အိုင်ဗွီ
ပိုးရှိသူများကွန်ရက်မှ ဒေါ်ခိုင်မာဆွေက ပြောကြားခဲ့သည်။
ဒီဇင်ဘာ
၇ရက်နေ့ နံနက် ၅နာရီခွဲခန့် အချိန်တွင် အလုံမြို့နယ်ရှိ ဆင်းမင်းဈေး ကားမှတ်တိုင်းအနီး
ဓမ္မိကာရာမ ကျောင်းတိုက်ရှေ့တွင် သစ်လုံးတင် ၁၂ ဘီး Nissan
Diesel ကားသည် သီရီမင်္ဂလာဈေးဟောင်း ဘက် ဆင်းမင်းဈေးဘက်သို့ မောင်းလာစဉ် အဆိုပါသစ်လုံးတင်ယာဉ်က
အသက် ၃၀ ၀န်းကျင်ခန့်ရှိသော အမျိုးသားတစ်ဦးအား တိုက်မိသော ကြောင့် လည်ပင်းပြတ် ဦးခေါင်းကြေပြီး
သေဆုံး သွားခဲ့ကြောင်း သတင်းရရှိပါသည်။
Eleven
Media Group ၏ http://www.news-eleven.com/ အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော
Hacker အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း Eleven Media
GroupFacebook စာမျက်နှာ တွင်ဖော်ပြထားပါသည်။
လွန်ခဲ့တဲ့နှစ်နှစ်ကျော်က
ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေဖြစ်ပြီးတဲ့နောက်လူ ၆၀ဝ ကျော်ကို ရာဇဝတ်မှုတွေနဲ့ အာဏာပိုင်တွေက
တရားစွဲဆိုခဲ့ ပါတယ်။ အများစုကတော့ အစိုးရကို ဖြုတ်ချဖို့ကြိုးစားတဲ့
အတိုက်အခံရှပ်နီ အုပ်စုတွေကလူတွေကို စွဲဆိုတာ ဖြစ်ပါတယ်။
မြန်မာအစိုးရ
နိုင်ငံခြားရေး ၀န်ကြီးဌာနက ကာတာနိုင်ငံ အခြေစိုက် အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြား
သတင်းဌာနက ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စမှာ ၄င်းတို့အခေါ် ရိုဟင်ဂျာ
အရေးနဲ့ပတ်သက်ပြီး ပုံကြီးချဲ့ တင်ပြမှုများလုပ်ဆောင်တဲ့ကိစ္စအပေါ် ပြင်းထန်စွာ ကန့်ကွက်တဲ့
ကြေညာချက်ကို ဒီဇင်ဘာလ ၆ ရက်နေ့ မှာ ထုတ်ပြန်တာကို နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ
ဖြစ်နေတဲ့ ပြောင်းလဲမှုကို ပြောင်းနေတဲ့ နှုန်းထက် ပြောင်းလဲမှု အနှစ်သာရကို ပိုပြီးအာရုံစိုက်ပါ
လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊
လက်ရှိ မြန်မာ နိုင်ငံက အပြောင်းအလဲတွေဟာ ဦးတည်နေတဲ့လမ်းကနေ နောက်ပြန်လှည့်သွားနိုင်တဲ့
အခြေ အနေမှာ ရှိနေသေးတယ်လို့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်မှု ၁၀၀ ဆွေးနွေးပွဲမှာ
ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာဖြစ်ပါတယ်၊ အာရှ Pacific ဒေသတွင်း နယ်ပယ်အသီးသီးက
ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံကိစ္စကိုပဲ
အာရုံ ထားဆွေးနွေး ခဲ့ကြပါတယ်၊ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ မစုမြတ်မွန်က
တင်ပြ ပါမယ်။
တိဘက်ဒေသမှာ
မကြာခင်က ဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်မှုတွေနဲ့ ပတ်သက်လို့ အလွန်အမင်း
စိုးရိမ်ပြီး စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပြီး တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့
မူဝါဒတွေက တိဘက်မှာ တင်းမာမှုတွေ ပိုဆိုးအောင် လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန
က ပြောလိုက်ပါ တယ်။
တနိုင်း ဒီဇင်ဘာ ၆ ရက်
မနေ့ညနေ၅နာရီလောက်မှာ မြစ်ကြီးနား တနိုင်းလမ်းပေါ်မှာရှိတဲ့ ကံလှရွာအထွက်က ရေအေးချောင်း
တံတား မိုင်း တစ်လုံးပေါက်ကွဲခဲ့လို့ တံတားလက်ဝဲဘက်ခြမ်း ၃ပေကျော်ကျော်လောက်ပျက် ထွက်သွား
ပါတယ်။ ညာဘက်ခြမ်းမှာတော့ မပေါက်ဘဲနဲ့ကျန်သေးတဲ့ မိုင်းတစ်လုံးရရှိတယ်လို့ အစိုးရတပ်တွေက
ပြောပါတယ်။ အဲဒီ တံတားဟာ မြစ်ကြီးနား တနိုင်း လမ်းပေါ်က အဓိက တံတားလည်းဖြစ်ပါတယ်။
မင်းပြားမြို့နယ် ၊ သေကံကျေးရွာနေ ဦး မောင်သိန်းနုမှာ ဒီဇင်ဘာလ ၂ ရက် နေ့ က စမ္ဘလေကျေးရွာမှ
ဦးကျော်ဇံလှပါ ငါးဦးတို့က ဓါးဖြင့် ၀ိုင်းခုတ်ကြရာ
လက်တွင် ဒဏ်ရာအား သုံးချက်ခြုပ်ရပြီး ၀မ်းဗိုက်တွင် ၄ ချက်ခြုပ်ရကြောင်း သိရသည်။ ယခုအခါတွင်
မင်းပြားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ရဲများက တရားခံများကို ဖမ်းဆီးခြင်းမရှိကြောင်းလည်းသိရသည်။
6-12-2012 ရက်နေ့ မနက် (၉)နာရီခွဲအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံသင်္ကန်းကျွန်း ကြီး ကျေးရွာအုပ်စုမှ လယ်သမား (၁၀၀)ကျော် သည် သိမ်းဆည်းခံထားရ သည့် လယ်မြေများတွင်
အမှတ် အသား စည်းရိုး တိုင်များ လာရောက် စိုက်ထူ ရာတွင် ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာ
ဦးမြင့်ဇော်နှင့် စကား အချေ အတင် များခဲ့ကြောင်း သိရသည်။
အစီရင်ခံစာအရ
ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ် ဂျပန်မှာ ဖမ်းမိသော မြောက်ကိုးရီးယား တံဆိပ်
ကပ်ထားတဲ့ အလူမီနမ် (Aluminum alloy) သတ္တုချောင်းများ တင်ဆောင်လာတဲ့
တိုင်ဝမ် သင်္ဘောဟာ တရုတ်နိုင်ငံမှ တဆင့် မြန်မာနိုင်ငံကို ပို့ဖို့ရန် ဖြစ်ပြီး နျူကလီးယား
အစီအစဉ်အတွက် အသုံးချဖွယ် ရှိတယ် လို့ ဆိုပါတယ်။
၆
. ၁၂ .၂၀၁၂ နေ့  မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့  အိမ်တော် ရာဘုရားတွင် သံဃာတော်များမှ
လက်ပံတောင်း တွင် အကြမ်းဖက် နှိမ်နှင်းသောကြောင့် ထိုင်သပိတ်ကို
စတင် လုပ်ဆောင် နေကြပါသည် ။ ထပ်မံပြီးတော့လည်း တောင်းဆို ချက်များကို နိုင်ငံတော်နှင့်
တာဝန်ရှိသူများမှ ဝန်ချတောင်ပန်ခြင်း မပြုလုပ်ပါက အမျိုးသားနေ့  တွင်လည်း ထပ်မံပြုလုပ်ကြပါမည်
။
ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေး ပါတီ ဥက္ကဌအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ဟာ ဒီဇင်္ဘာလ
၎ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာမြို့ကို ရောက် ရှိနေပါတယ်။ ထိခိုက်ဒဏ်ရာ
ရရှိသွားတဲ့ ရဟန်း တော်တွေကို ကိုယ်တိုင်ကိုယ်ကျ အားပေးနိုင်ရန်နဲ့ ရခိုင်က လှူဒါန်းကူညီတဲ့
ငွေတွေကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ် လှူဒါန်းနိုင်ရန် အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ
ဘယ်လိုသော့ကိုမဆို ၅ စက္ကန့်အတွင်း ဖျက်ဆီးဖောက်ထွင်းနိုင်ပြီးတော့ ခိုးမှုနဲ့ ဖောက်ထွင်း
မှုပေါင်း ၂၆ မှုကို ကျူးလွန်ခဲ့တဲ့ ဖောက်ထွင်းဝိဇ္ဇာနဲ့ အပေါင်းအပါ
နှစ်ဦးကိုဖမ်းဆီးရမိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ
ကော့စ်ဘဇား ခရိုင်အတွင်းရှိ နီလာမြို့နယ် စိုဒူးရီ (မြစ်နားရွာ)မှ မူးယစ်ဆေးဝါး တာကာ
၃၄၉၇၈၀၀ တန်ဖိုးရှိ ရာဘား(စိတ်ကြွဆေး) ၁၁၆၅၈ လုံးအား နယ်စပ်လုံခြုံရေးတပ်ဖွဲ့
(BGB) အမှတ် ၄၂ တပ်ရင်းက တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း တာခ်နာမြို့နေ သတင်းထောက် မော်မော်တာဇူလ်
အီစ္စလာမ်မော်နု က ဒေသ၀ပ်ဆိုက်များသို့ သတင်းပေးပို့ချက်အရ သိရှိရသည်။
ရန်ကုန် တိုင်းဒေသကြီး
အစိုးရ အဖွဲ့ရုံးတွင် ယနေ့ နံနက် ၁၁ နာရီ ၃၀ မီနစ်၌ လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဠ ဒေါ်အောင်ဆန်း စုကြည်က
ကော်မရှင်၏ လုပ်ဆောင် ချက် များအား ရှင်းလင်း ပြောကြားခဲ့သည်။
နိုင်ငံပေါင်း
၂၀၀ ကျော်တွင် ငွေပေးချေခြင်း လုပ်ငန်းများ ဆောင်ရွက် နေသည့် အမေရိကန် အခြေစိုက်
Western Union Company က မြန်မာ အရှေ့တိုင်းဘဏ် (MOB) နှင့်
ချိတ်ဆက်ကာ ကမ္ဘာအနှံ့ ငွေလွှဲ ပို့ခြင်းကို စတင် နေပြီ ဖြစ်ကြောင်း မြန်မာ အရှေ့တိုင်းဘဏ်
၏ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးသန်း ဝင်းက The Voice Weekly သို့ ပြောကြား သည်။
နာမည်ကျော်မင်းသမီး
သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ် လမ်းကောင်း သည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့်
အခြေအနေဖြစ်နေသည် ဟု အလင်းတန်း ဂျာနယ်သို့ ပြောပြသည်။
လက်ပံ
တောင်းတောင် အထွေထွေ သပိတ် စခန်း များအား အစိုးရက အကြမ်းဖက် ဖယ်ရှားစဉ် ဒဏ်ရာ
ရခဲ့သော သံဃာတော် များကို ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အမေရိကန် နိုင်ငံနှင့်
ဂျပန်နိုင်ငံတို့မှ အရေပြားအထူးကု ဆရာ ၀န်များ လာရောက် ကုသပေးမည်ဖြစ်ကြောင်း အဆိုပါ
ဆေးကုသမှု အစီအစဉ်ကို ဆောင်ရွက် ပေးနေသည့် အဖွဲ့ အစည်းများထံမှ စုံစမ်းသိရှိရသည်။
မန္တလေးမြို့
အိမ်တော်ရာ ဘုရားဝင်း အတွင်း ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့ နေ့လည် (၁)နာရီဝန်း ကျင်၌ မန်း သံဃာတော်အပါး(၁၀၀)မှ ထိုင်သပိတ်စတင်ပြီဖြစ်သည်။ မန်းသံဃာများ
ထုတ်ပြန် တောင်းဆို ထားသည့် အချက်များမှာ (၅)ရက်အတွင်း ထူးခြားမှုမရရှိသဖြင့် ယခုကဲ့
ဆန္ဒ ထုတ်ဖော် ရခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။
လှည်းတန်းမီးပွိုင့်အနီး
နယ်မြေ (၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးရှေ့ လမ်းလယ်ကျွန်းတွင် ယနေ့နံနက် ၈
နာရီကျော်က ခရီးသည်တင် ယာဉ်တစ်စီးသည် အမျိုးသားတစ်ဦးအားတိုက်၍
မောင်းပြေးသွားကြောင်း သတင်းရရှိသည်။
လက်ပံတောင်းတောင်
အကြမ်း ဖက်ကို ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေနဲ့ လူထုတွေက ဆန္ဒပြ တောင်းဆို မှုတွေ ပြုလုပ်နေချိန်
၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီ လွင်ကို
အာဏာ ပိုင်တွေက ရုတ်တရက် ဖမ်းဆီး လိုက်ပါတယ်။