၆
. ၁၂ .၂၀၁၂ နေ့  မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့  အိမ်တော် ရာဘုရားတွင် သံဃာတော်များမှ
လက်ပံတောင်း တွင် အကြမ်းဖက် နှိမ်နှင်းသောကြောင့် ထိုင်သပိတ်ကို
စတင် လုပ်ဆောင် နေကြပါသည် ။ ထပ်မံပြီးတော့လည်း တောင်းဆို ချက်များကို နိုင်ငံတော်နှင့်
တာဝန်ရှိသူများမှ ဝန်ချတောင်ပန်ခြင်း မပြုလုပ်ပါက အမျိုးသားနေ့  တွင်လည်း ထပ်မံပြုလုပ်ကြပါမည်
။
နောက်ဆုံး သတ်မှတ်ရက် အဖြစ် ၁၂.၁၂.၂၀၁၂ နေ့ တွင် လုပ်ဆောင် ပေးခြင်းမရှိပါက တစ်နိုင်ငံလုံး အနေဖြင့် အထွေထွေသပိတ်ကို ရဟန်းရှင် လူများအပါဝင် ဆင်နွဲသွားမည် ဖြစ်ကြောင်းကိုလည်း တက်ရောက် သပိတ်မှောက် သံဃာတော်တစ်ပါးမှ ကြေငြာ ပြောကြားသွားပါသည် ။
သပိတ်မှောက် သံဃာတော်များက အောက်ပါ အချက် ၅ ချက်ကို တောင်းဆိုလိုက်ပါသည်။
၁။
နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့တို့မှ ထိခိုက်ဒဏ်ရာရ သံဃာတော်များကို အမြန်ဆုံး ၀န်ချ
တောင်းပန်ရန်။
၂။
အကြမ်းဘက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာအရေးယူပေးရန်။
၃။ ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။
၎။ ကြေးနီစံမံကိန်းကို ဒေသခံများနှင့် ပြည်သူများကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရန်။
၅။ နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရ အဖွဲ့များတွင် တပ်မတော်သားများ အမြန်ဆုံး နှုတ်ထွက်ပေးရန် စသည့် အချက်များကို တောင်းဆို လိုက်သည်။
အိမ်တော်ရာ
ဘုရား အတွင်း မန္တလေးမှ သံဃာတော် များသည် နေ့လယ် ၁ နာရီမှ ၃ နာရီထိ ထိုင် သပိတ် ဆန္ဒ
ထုတ်ဖော် ခဲ့သည်။ ဘ၀အလင်း ဆရာတော် ဦးဥတ္တမသာရ က "ပထမ သုံးချက်ကို ၈ ရက် နေ့
နောက်ဆုံးထား လုပ်ဆောင် ပေးရမယ်၊ အဲဒီ အမျိုးသားအောင် ပွဲနေ့မှာ လုပ်ဆောင်ပေးရမယ်၊
ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ၂၄ နာရီ အမြဲတမ်း ထိုင်သပိတ်ကို ဆင်နွဲသွားမယ်၊ စုံစမ်းစစ်ဆေးရေး
ကော်မရှင် ရဲ့ဆုံးဖြတ်ကို ကြည့်ပြီး လုပ်သင့်မလုပ် ဆက်စဉ်းစားသွားမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက
တော့ ဖြေးဖြေးချင်း လုပ်ရမယ့်ကိစ္စပါ" ဟ သပိတ်မှောက် ရခြင်းအကြောင်း အရာအား မိန့်ကြားသွားခဲ့သည်။
အဆိုပါ ထိုင်သပိတ်ပြုလုပ်နေစဉ် သံဃာတော်များက မေတ္တာသုတ်ရွတ် ခြင်း၊ တရားဒေသနာများလည်း ဟောကြားခဲ့ကြောင်းသိရသည်။
The Myanma Age
Time in Rangoon






0 comments:
Post a Comment