မန္တလေးမြို့
အိမ်တော်ရာ ဘုရားဝင်း အတွင်း ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့ နေ့လည် (၁)နာရီဝန်း ကျင်၌ မန်း သံဃာတော်အပါး(၁၀၀)မှ ထိုင်သပိတ်စတင်ပြီဖြစ်သည်။ မန်းသံဃာများ
ထုတ်ပြန် တောင်းဆို ထားသည့် အချက်များမှာ (၅)ရက်အတွင်း ထူးခြားမှုမရရှိသဖြင့် ယခုကဲ့
ဆန္ဒ ထုတ်ဖော် ရခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။
ထိုင်သပိတ်ပါ
ကိုယ်တော်များမှ ကြေးနီတောင်စီမံကိန်းကိစ္စကို ဒေသခံပြည်သူများ ကျေနပ်သည် အထိ
ဆောင်ရွက် ပေးရန် ၊ အကြမ်းဖက်နှိမ်နင်းရာတွင် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူဆောင်
ရွက်ရန်၊ နိုင်ငံတော်သမ္မတနှင့်အစိုးရအဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာရ သံဃာတော်များကို အမြန်ဆုံး
ဝန်ချ တောင်းပန် ရန်နှင့် မီးလောင်ဗုံးသင့် သံဃာတော် ဓါတ်ပုံ ပိုစတာများနှင့် သာသနာ့အလံများ
ကိုင်ဆောင်ထားကြောင်း တွေ့ရှိရသည်။
မြစ်မခမီဒီယာ
Time in Rangoon


0 comments:
Post a Comment