Friday, December 07, 2012

မြန်မာ့မူးယစ်များဟုဆိုကာ ဘင်္ဂလာအာဏာပိုင်များက ဖမ်းဆီး

Posted by drmyochit Friday, December 07, 2012, under | No comments


ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇား ခရိုင်အတွင်းရှိ နီလာမြို့နယ် စိုဒူးရီ (မြစ်နားရွာ)မှ မူးယစ်ဆေးဝါး တာကာ ၃၄၉၇၈၀၀ တန်ဖိုးရှိ ရာဘား(စိတ်ကြွဆေး) ၁၁၆၅၈ လုံးအား နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) အမှတ် ၄၂ တပ်ရင်းက တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း တာခ်နာမြို့နေ သတင်းထောက် မော်မော်တာဇူလ် အီစ္စလာမ်မော်နု က ဒေသ၀ပ်ဆိုက်များသို့ သတင်းပေးပို့ချက်အရ သိရှိရသည်။


ယင်းရာဘားဆေးနှင့်အတူ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားသူ ဘင်္ဂလီအမျိုးသား မိုဟာမတ် ဆော်ဖိက်အား ဖမ်းဆီးရမိကြောင်းနှင့် သက်ဆိုင်ရာမှ တာခ်နာမြို့နယ်အတွင်း ယင်းနှင့်ဆက်စပ်နေသော မူးယစ် ရောင်းဝယ် ဖေါက်ကားသူ ၂ ဦးအား ဖမ်းဆီးရန် တနင်္လာနေ့ကတည်းက ၀ရမ်း ထုတ်လိုက်ပြီး ဖြစ်ကြောင်း ဒေသခံသတင်းထောက် မော်နုနှင့် မိုဟာမ္မတ် ဇာဟာဂီရ် အာလာမ်ကတို့က သတင်းပေးပို့ချက်အရ teknafnews.comနှင့် samudrakanthanews.com က ဆိုသည်။

တခြားတဖက်မှာ ယင်းတပ်ဖွဲ့မှ အရာရှိ ဆော်ဖိကူလ် အိစ္စလာမ်က မြန်မာနိုင်ငံသား ၃ ဦးနှင့် မြန်မာလုပ် ရာဘားဆေးပြား ၂၇၅၈ လုံးအား တာခ်နာမြို့နယ်မှ တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း ဒီဇင်္ဘာ ၃ ရက်နေ့ထုတ် coxsbazarnews.net က ဖေါ်ပြထားသည်။

ဖမ်းဆီးရမိသူများမှာ မောင်တောမြို့နယ်မှ ဖေါ်ပြထားပြီး အာဘ်ဒူဆ် ဆာလာမ် (၁၉)နှစ်၊ ဟာဖိဇူရ် ရော်ဟ်မာန် (၁၈)နှင့် ဟာရုန် ရော်ဆိဒ်(၁၈)နှစ်တို့ဖြစ်ကြောင်း ဆိုသည်။
သက်ဆိုင်ရာက ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားကြောင်း ယင်းဝပ်ဆိုက်များက ဆိုသည်။

ထို့ပြင် မြန်မာမှ မှောင်ခိုတင်ပို့လာသည်ဟုဆိုကာ မူးယစ်အပါအ၀င် မှောင်ခိုကုန်ပစ္စည်း တာကာ ၁၅ သိန်းတန်ဖိုးအား စနေနေ့က ဖမ်းဆီးမိခဲ့ကြောင်းနှင့် ကော့စ်ဘဇားမြို့ အခြေစိုက် Rapid Action Battalion (RAB)က ရာဘားဆေးပြား ၁၀၀၀ လုံးနှင့်အတူ ဆာမ်ဆူလ် အာလာမ် (၃၀)နှစ်အား ကော့စ်ဘဇားခရိုင်အတွင်းမှ သောကြာနေ့က ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဝပ်ဆိုက်များက ဆိုသည်။


ယခုလအတွင်း မြန်မာနိုင်ငံသား ဘင်္ဂလီ ၁၅၀ ဦးခန့် (ယင်းဝပ်ဆိုက်များအခေါ် ရိုဟင်ဂျာ)အား ကျူးကျော် လာသည်ဟု စွပ်စွဲပြီး ကော့စ်ဘဇားခရိုင်အတွင်းမှ ဖမ်းဆီးပြီး ရခိုင်ပြည်နယ်သို့ တာခ်နာအခြေစိုက် BGB အမှတ် ၄၂ တပ်ရင်းက တနင်္ဂနွေနေ့အထိ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် ၀ပ်ဆိုက်များက ဖေါ်ပြသည်။

Arakan Times သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်