Friday, December 07, 2012

စုံစမ်းစစ်ဆေးရေးကော်မရှင်လက်ပံတောင်း အရေးစတင်စစ်ဆေးပြီ

Posted by drmyochit Friday, December 07, 2012, under | No comments


ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ယနေ့ နံနက် ၁၁ နာရီ ၃၀ မီနစ်၌ လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဠ ဒေါ်အောင်ဆန်း စုကြည်က ကော်မရှင်၏ လုပ်ဆောင် ချက် များအား ရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့သားများသည် ယမန်နေ့ကတည်းက မုံရွာမြို့သို့ ရောက်ရှိပြီး ဖြစ်ပွား သည့် ဒေသရှိ ရွာသူ ရွာသား များနှင့်တွေ့ ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရပြီး ဆက်လက် စုံစမ်း မှုများ ပြုလုပ်လျက် ရှိကြောင်းနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပထမဦးဆုံး အစည်းအဝေးအား အင်္ဂါနေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။


"ကြေးနီစီမံကိန်းရဲ့ နေရာကရွာသူရွာသားတွေရဲ့ အခြေအနေရယ်၊ ကြေးနီစီမံကိန်းဟာ ဒေသခံ ပြည်သူ တွေရဲ့ လူမှု ဘ၀ အပေါ်မှာ ကော၊ ပက်ဝန်းကျင် အပေါ်မှာ ကော ဘယ်လောက်ထိ သက်ရောက်မှု ရှိသလဲ၊ နိုင်ငံအတွက် အကျိုး ရှိသလား၊ နိုင်ငံသူ နိုင်ငံသားတွေ အကျိုး ရှိသလား၊ ဒါကို ကျွန်မတို့က ရေရှည် အမြင်နဲ့ကြည့်ပြီး စုံစမ်းမှာ ပါ၊ အဲဒီအထဲမှာ ကြေးနီစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေလဲ စုံစမ်းဖို့ပါပါတယ်" ဟုဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

စုံစမ်းရေး ကော်မရှင်သည် လက်ပံတောင်းတောင်စီမံကိန်းအား ရပ်ဆိုင်းရေး အတွက် သပိတ်မှောက်ခဲ့ သူများကို အကြမ်းဖက် ဖြိုခွဲမှုနှင့် ပက်သက်ပြီး စုံစမ်းစစ်ဆေးရန်လည်း တာဝန် ပါရှိကြောင်း သိရသည်။ ၄င်း စီမံကိန်းအား စစ်ဆေးရာတွင် နည်းပညာ အကူအညီ၊ အတက် ပညာရှင် များအားလည်း ပါဝင် စစ်ဆေးရန် အတွက် ဖိတ်ခေါ် ထားကြောင်း ဒေါ်အောင် ဆန်းစုကြည်က ထပ်မံ ပြောကြား ခဲ့သည်။


The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်