Friday, December 07, 2012

ကုမ္ပဏီမန်နေဂျာနှင့်လယ်သမားများစကားအချေ အတင်ဖြစ်ပွား

Posted by drmyochit Friday, December 07, 2012, under | No comments



6-12-2012 ရက်နေ့ မနက် (၉)နာရီခွဲအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံသင်္ကန်းကျွန်း ကြီး ကျေးရွာအုပ်စုမှ လယ်သမား (၁၀၀)ကျော် သည် သိမ်းဆည်းခံထားရ သည့် လယ်မြေများတွင် အမှတ် အသား စည်းရိုး တိုင်များ လာရောက် စိုက်ထူ ရာတွင် ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်နှင့် စကား အချေ အတင် များခဲ့ကြောင်း သိရသည်။


ဗိုလ်ကြီး အငြိမ်းစား ဆိုသူ ဦးမြင့်ဇော်က လယ်ယာမြေ ကိစ္စနှင့် ပတ်သက်၍ မတရားဘူး ထင်ပါက ဇေကမ္ဘာကို တရားစွဲနိုင်ကြောင်း၊ လူစုလူဝေးနဲ့ ခုလို လုပ်နေခြင်းသည် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့် ကို ဖောက်ဖျက်ပြီး ဥပဒေချိုးဖောက်နေခြင်းဖြစ်ကြောင်း လယ်သမားများ ကို ပြောကြားခဲ့ကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

လယ်သမားများဘက်ကလည်း လယ်ယာမြေကိစ္စအား သမ္မတဆီသို့ စာတင် ထားကြောင်း၊ ၎င်းတို့သည် ဆန္ဒပြနေခြင်း၊ ဥပဒေကို ဆန့်ကျင်နေခြင်း မဟုတ်ကြောင်း၊ ၎င်းတို့ ပိုင်ဆိုင်သော လယ်မြေများအပေါ်တွင် ရပိုင်ခွင့် ရှိသော အတိုင်းအတာဖြင့် လုပ်နေကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ လယ်မြေ များဖြစ်၍ ယခုကဲ့သို့ စည်းရိုးကာနေခြင်းအား မည်သူမျှ တားပိုင်ခွင့် မရှိကြောင်း၊ ကုမ္ပဏီဘက်မှလညှ်း တရားစွဲချင်လျှင် စွဲနိုင် ကြောင်း ပြန်လည် ချေပပြောဆိုကြသည်။

အဆိုပါ ကွင်းအမှတ်(၄၈၆) နှင့် (၄၈၈)တို့တွင် စုစုပေါင်း လယ်ဧက (၂၂၉၄.၆၈)ရှိပြီး (၁၉၉၇)ခုနှစ် ၊ မတ်လတွင် ဦးခင်ရွှေပိုင်ဆိုင်သောဇေကမ္ဘာ ကုမ္ပဏီမှ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစဉ်က တစ်ဧကလျှင် ဂရုဏာကြေး (၁)သောင်းနှုန်းပေးမည်ဟု ဆိုသော်လည်း အပြည့်အဝ မရရှိခဲ့ကြဘဲ၊ တချို့လယ်သမားများမှာ ယခုအချိန်ထိလုံးဝ မရှိသေးကြောင်း လယ်သမားတစ်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

လယ်သမားများသည် ကနဦး လယ်မြေအသိမ်းခံရချိန်မှစ၍ အသိမ်းခံ လယ်မြေများအား တစ်ဧကလျှင် တစ်နှစ် (၈ဝဝဝ)ကျပ်နှုန်းဖြင့် ယင်း ကုမ္ပဏီသို့ပေးသွင်းကာ စိုက်ပျိုးခဲ့ကြပြီး၊ (၂၀၁၂)ခုနှစ်နောက်ပိုင်းမှ စတင်ကာ စိုက်ပျိုးခွင့်မရရှိတော့ကြောင်း၊ ယင်းကြောင့် လယ်သမား များက သိမ်းဆည်းခံထားရသော လယ်မြေများတွင် စည်းရိုးတိုင်များ လာရောက် စိုက်ထူရာမှ ဦးမြင့်ဇော်နှင့် စကား အချေ အတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ထက်နောင်နောင်

The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်