Friday, December 07, 2012

"Eleven Media Group "website" တိုက်ခိုက်ခံရ"

Posted by drmyochit Friday, December 07, 2012, under | No comments



 Eleven Media Group ၏ http://www.news-eleven.com/ အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း Eleven Media GroupFacebook စာမျက်နှာ တွင်ဖော်ပြထားပါသည်။


ထို့ကြောင့် လက်တလောတွင် Eleven Media Group ၏ www.news-eleven.com အ.ား ၀င်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း ယခုတိုက်ခိုက်သည့် အဖွဲ့သည် ကချင်အဖွဲ့ အမည်ကို အသုံးပြု ထားပြီး တရုတ်နိုင်ငံဘက်မှ IP များဖြင့် အသုံးပြုတိုက်ခိုက်ထားကြောင်း ရေးသား ထားပါသည်။

မိမိတို့ website အား အမြန်ဆုံးပြန်လည်ကြည့်ရှုနိုင်ရန် ပြုပြင် လျက်ရှိပြီး ကချင်အဖွဲ့ အမှန်တကယ်ဟုတ်မဟုတ်နှင့် မည်သူတို့က လုပ်ဆောင်သည်ကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းလျက် ရှိကြောင်း အသိပေးအပ်ပါသည်။

Eleven Media Group ၏ www.news-eleven.com အား ပြန်လည်ပြင် ဆင်နေစဉ် ကာလအတွင်း Eleven Media Group Facebook နှင့် Eleven Myanmar (http://www.elevenmyanmar.com/)တို့မှ တဆင့် သတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက် ဖော်ပြသွား မည်ဖြစ်ကြောင်း Eleven Media GroupFacebook စာမျက်နှာတွင်ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်