အဲ့ဒါနဲ့ကျနော် .... ဓာတ်ပုံလေးပေါ်က ရေစက်ကလေးကို မသိမသာလက်နဲ့ပွတ်ပြီး ကျနော့်ရဲ့ညာဘက်အိတ်ကပ်ထဲပြန်ထည့်လိုက်တယ် ဒီညမှာ ကင်းအရေးကြီးကြောင်း အားလုံးတစ်ဝက်အိပ်တစ်ဝက်နိုးနေရန်နှင့် ထူးခြားမှု တစ်စုံတစ်ရာဖြစ်တိုင်း မိမိထံသတင်းပို့ရန်/ ကင်းကိုနှစ်ယောက်တွဲစောင့်ရန်/ ရာသီဥတုအေးသောကြောင့် သတိထားနေရန်ပြောပြီး ကျနော်နေတဲ့ အိုဘာဟတ်လေးထဲပြန်ဝင်ခဲ့တယ်.... လကြီးကလည်းသာလှသလို အအေးဒီဂရီကလည်းမြင့်သထက်မြင့်လာသည်
ငယ်ငယ်ကလို ဖိုးလမင်းဆီကသာ တောင်းလို့ရမယ်ဆို ကျနော့ဟန်းကောလေးထဲ ထမင်းတစ်ဆုပ်လောက်ပဲဖန်ဆင်းပေးပါလို့ပြောလိုက်ချင်ရဲ့ ... ၀၃:၃၀ချန်ရောက်တော့ ကျနော်မှေးခနဲအိပ်ပျော်သွားတာ နာရီပြန်ကြည့်တော့ ၀၅:၀၀ ချိန်ဖြစ်နေပီ တစ်ကုန်းလုံးလည်း နှင်းတွေဖွေးလို့ ဘေးကခွဲတပ်ကြပ်ကြီးခင်မောင်ရီက ခန္ဓာကိုယ်အပြည့်တောင်မဖုံးတဲ့ ဆာလာအိတ်အပြဲလေးကိုခြုံပြီး တကျွတ်ကျွတ်နဲ့ငြီးနေလေရဲ့ (၄င်းဒဏ်များကြောင့် နောင်တွင်နှင်းကိုက်ပီး သူ့ခြေထိပ်ကလေးတွေဖြတ်ပြစ်ခဲ့ရတယ်)
'' ဆရာကြီးရော့ ကျနော့မြေခင်းခဏခြုံထား ကျနော်စခန်းလိုက်စစ်လိုက်ဦးမယ် တပည့်တွေငိုက်လို့မဖြစ်ဘူးး ဟိုကောင်တွေက နံက်စောစောလုပ်တတ်တယ် '' ဆိုကာကျနော့်ကိုယ်ပေါ်ကမြေခင်းစကို ခွာချကာသူ့အားပေးပြီး
လိုက်ကြည့်တော့ အားလုံးစိတ်ချရပါသည် မိမိနေရာတွင်မိမိစနစ်တကျရှိနေသည့်အတွက် စခန်းအားတစ်ခေါက်ပြန်ပတ်ကြည့်ပြီး
ပြန်အရောက်.....
>> ဝုန်း ... ဂျိမ်းးး ... ဆိုတဲ့အသံနဲ့အတူ ဒုတကသန်းထွန်းဝင်းနေတဲ့တဲတစ်ခုလုံးတစ်စစီ လွင့်စင်သွားလေသည် ...
'' ဟေ့... ဘယ်သူထိသွားသေးလဲ'' ဟူသော မေးသံအဆုံး ပြန်ဖြေသူက
'' ဗိုလ်ကြီးအဲ့ထဲမှာ ကျနော့်ကလေးအတွက်ပြန်ရင်ပေးဖို့ လုပီကဝယ်လာတဲ့ မိုးကာအကျီလေးပါသွားပီ'' ဟု သန်းထွန်းဝင်းကု ရယ်ကျဲကျဲပြန်ဖြေသည်.... ''ငါကမင်းမိန်းမကိုပြဖို့ မင်းဟာဘယ်နားလိုက်ရှာရတော့မလဲစဉ်းစားနေတာကွ'' လို့ကျနော်ပြောလိုက်တော့
''ဟားဟားး အဲ့ဒါလေးက ပျောက်တောင်နေပီ သေးပေါက်ရင်တောင်မနဲလိုက်ရှာနေရတှာ ဗိုလ်ကြီးရ '' အေးပါကွာ လို့သာပြန်ပြောပြီးနေရာပြန်ယူဖို့မှာလိုက်သည်
ယနေ့ဆိုလျင်မိမိတို့စခန်း အဝိုင်းခံထားရသည်မှာ ၇ ရက်ရှိပီဖြစ်သည် စစ်မျက်နှာသုံးဖက်ဖြင့် ပိတ်ဆို့ထားသည်မို့ ရန်သူ့ပစ်ခတ်မှုမှာ မိမိစခန်းပေါ်သို့ လက်ယှက်ထိုးအနေထားဖြစ်သည် တစ်နေ့လျင် ရန်သူမှRPG/ 57 တို့ဖြင့် ၂၀/၃၀ လုံးထက်မနည်းပစ်လေ့ရှိသည် အနောက်တောင် တရုတ်နယ်ခြားစည်းဘက်မှပိတ်ဆို့ထားသော ဝါးရုံကုန်းမှာ မိမိတို့ကုန်းထက်အပေါ်စီးကျပီး မီတာ ၄၀၀ လောက်သာဝေးသည်
ထို့ကြောင့် မိမိတို့စစ်သည်များသည်လည်း လှိုင်ခေါင်းများတူးကာ တဲများကို စွန့်လွှတ်ကြရသည် အဘယ့်ကြောင့်ဆိုသော် တဲများသည် ၄င်းတို့ပစ်ခတ်သော လက်နက်ကြီးပစ်မှတ်များအဖြစ်တည်ရှိနေသာကြောင့်ပင်ဖြစ်ပါသည်
တပည့်များအားနေရာပြန်နေခိုင်းပီး ကျနော်နှင့် ကိုထင်လင်းဦး လည်းအိုဘာဟတ်ထဲပြန်အရောက် အရှေ့ကုန်းမှ တရုတ်စက်လက်. ၄၀ မမတို့ဖြင့် လှမ်းပစ်သည် ကျနော်တို့ဆီမှRPG စက်လက် ၄၀မမ တို့နဲ့ ပြန်ပစ်ခတ်ပြီး ပစ်အားမှာမိမိဘက်မှ ခံစစ်အနေထားဖြစ်သောကြောင့် ကျည်ချွေတာရသည်
တပည့်များနေရာယူထားမှုမှာ ၄င်းတို့ပစ်ခတ်သော ကျည်များထိရောက်မှုမရှိလှပေ ယခင်လည်းထိုကဲ့သို့ ဖြစ်နေကျမို့ မထူးဆန်းသောပစ်ခတ်မှုသာဖြစ်သည် ပစ်ခတ်ရာတွင် KIA ကုန်းညာဘက်အောက်က ဒုက္ခသည်စခန်းအား မထိခိုက်စေရန်မှာရသည် KIAကုန်းအား မီတာ ၅၀၀ လောက်ကျော်သွားလျင်လည်း တရုတ်ပြည်ဖြစ်သောကြောင့် ပစ်ခတ်မှုထိန်းသိမ်းရသည်
၁၅မိနစ်လောက်နေတော့ အပစ်ရပ်သွားသည်
'' ဒီလိုပစ်ပီးရင် အနောက်ဝါးရုံကုန်းက RPG နဲ့ပစ်တယ် သတိထားနေကြဟေ့ '' ဟုကိုထင်လင်းဦး စကားအဆုံး ကျနော်နှင့်သူထိုင်နေသော အိုဘာဟတ်ထဲတည့်တည့် { အစ်ကိုကြီးလာပီ} ဆိုသော ကျနော့စကားပင်မဆုံးလိုက်.... ကျနော့နားထဲ မိုကြိုးပစ်သံလို '' ဂျိမ်းး'' ဆိုတဲ့အသံနဲ့ ယမ်းခိုးငွေ့များ ကျောက်မှုံကျောက်စများ နှင့် ခြားရဟတ်စီးသလိုခံစားမှုနှင့်အတူ .....
ဆက်လက်ဖော်ပြပါမည် ....
- Aung Nway Oo
0 comments:
Post a Comment