Friday, November 23, 2012

လက်ပန်းတောင်းတောင် ဆန္ဒပြပွဲ၏ နောက်ကြောင်း လှည့် ဆောင်ရွက်ချက် များ

Posted by drmyochit Friday, November 23, 2012, under | No comments


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် သြဂုတ်လ ကစပြီး ဒေသခံ ရွာသား များ ဆန္ဒပြခဲ့ ရာ ကနေ စခဲ့တဲ့ြ ပဿနာဟာ မပြီးဆုံးနိုင်သေးဘဲ ကာလရှည်ကြာ  တဖြည်းဖြည်း ကြီးထွား လာနေပါတယ်။ အစ ပိုင်းမှာတော့ ဒီစီမံကိန်း ဟာ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာ တစ်ဖက်ကမ်း ကြေးနီစီမံကိန်း ဧရိယာ အတွင်း ကျရောက်နေတဲ့ ရွာများရွှေ့ပြောင်းရခြင်း၊ မြေယာ စွန့်လွှတ်ရခြင်းနဲ့ ပတ်သက်လို့ ရွာခံ များမှ သူတို့ ရဲ့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး အတွက် ဆန္ဒပြကြ တာဖြစ်ပါ တယ်။ နောက် ပိုင်း မှာတော့ စီမံကိန်းနယ်မြေအတွင်း ၀င်ရောက်ဆန္ဒပြခြင်း၊ မုံရွာ မြို့ပေါ်အထိ စီတန်း လှည့် လည်တောင်း ဆိုခြင်း၊ ညီလာ ခံပြုလုပ်ခြင်း၊ သပိတ်စခန်း ဖွင့်ခြင်း စတာတွေကို တစ်ဆင့်ပြီး တစ်ဆင့်တိုး လို့ဆောင်ရွက် လာခဲ့ကြပါတယ်။
လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်နဲ့ တရုတ် ကုမ္ပဏီ တစ်ခု ဖြစ် တဲ့ မြန်မာ ၀မ်ပေါင်တို့က ၂၀၁၀ ပြည့်နှစ်မှ စပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်း ဧရိယာစုစုပေါင်း ၃၂.၁၆ စတုရန်း ကီလိုမီတာ (ဂ၇၈၆၇.၇၈) ဧကရှိပြီး စီမံကိန်း ဧရိယာမှာ ပါဝင်တဲ့ လယ်ယာမြေ ၆၇၈၂ ဧက ကို မြေလျော်ကြေးပေးပြီးဖြစ် ပါတယ်။ မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီး မြို့နယ် ထဲက ကြေးစင်တောင်၊ စပယ်တောင်၊ လက်ပန်း တောင်းတောင် စတဲ့ေ နရာ တစ်ဝိုက် ဟာ ကြေးနီ ပါဝင် မှုနှုန်းမြင့်မား တဲ့ ကြေးနီ သတ္တုသိုက်နေ ရာတွေ ဖြစ်ပါတယ်။ ဒီသတ္တု မိုင်းနေရာ ဟာ လွန်ခဲ့ တဲ့နှ စ်ပေါင်း လေးဆယ်ခန့်၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ် ကတည်း က ရှိခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းက ကြေးနီ သတ္တု အနေနဲ့ မထုတ် လုပ်နိုင်သေးဘဲ သတ္တု ပါဝင်မှု ၈၀ ရာ ခိုင်နှုန်း ပါဝင်တဲ့ မြေကြီးအဖြစ် သန့်စင်ကာ နိုင်ငံခြားသို့ တင်ပို့ရောင်း ချပြီး  နိုင် ငံတော် အတွက် လို အပ် တဲ့ ကုန်ပစ္စည်းတွေကို ပြန်လည် ၀ယ်ယူရတာ ဖြစ်ပါတယ်။  ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ ကနေဒါနိုင်ငံ အင်ဗင်ဟိုကုမ္ပဏီနဲ့ အစိုးရတို့ဖက်စပ် လုပ်ကိုင်ပြီး ကြေးနီ သတ္တုပြားတွေ စမ်းသပ် ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။ ကြေးနီထုတ်လုပ် တဲ့လုပ်ငန်းစဉ်အရ အသုံးပြုတဲ့ အက်ဆစ်တွေဟာ ကြေးနီ ပါဝင်တဲ့မြေကြီးနဲ့ ဓာတ်ပြု ရပြီး အဲဒီအက်ဆစ်များ ကိုလည်း အထပ်ထပ် အခါခါ ပြန်လည် သန့်စင်ရတာမို့ အက်ဆစ်များဟာ မြေကြီးထဲစိမ့်ဝင်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် မှုဖြစ်ပေါ်စေ တယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။
ဒီဒေသက မြေတွေဟာ အခြားမြေများထက် ကြေးနီပါဝင်မှုနှုန်း မြင့်မားပါတယ်။ စက်ရုံက စွန့်ပစ် တဲ့  မြေစာတွေ ဆိုရင်လည်း ကြေးနီဓာတ် မကုန်သေးတဲ့အတွက် မိုးရွာပြီး နေပြန်ပွင့်ချိန်မှာ ဆိုရင် အဲဒီမြေတပြင် လုံး ဆားပွင့်နေတတ်ပါတယ်။ စွန့်ပစ်မြေကြီးတွေ ဆားပွင့်ရင် အနီးအနားရွာများက လာပြီးခြစ်ယူကာ ဒုတ္တာ ချက်ရောင်းကြပြီး ဒီထက်ပိုလုပ်နိုင် သူတွေကတော့ အဆင့်နိမ့်ကြေးရိုင်းတုံး တွေကို ဖိုထိုး ထုတ်လုပ်နိုင်ပြီး ရောင်းချကြတဲ့အတွက် အထိုက်အလျောက် အဆင်ပြေခဲ့ကြပါတယ်။ 
နောက်ပိုင်းမှာ ရွာသားများကို ကန့်သတ်လိုက်တဲ့အတွက် စက်ရုံဝန်ထမ်း မိသားစုတွေဘဲ ဆားခြစ်ခွင့်ရ ပါတော့ တယ်။ ဒီလိုကန့်သတ်လိုက်တော့ အနီးအနားရွာက လူတွေဟာ၊ စက်ရုံမှာနေ့စား၊ လစား၊ ရရာ အလုပ်ကို လုပ် လာကြပါတယ်။ အဓိကကတော့ ဒီဒေသမှာရှိတဲ့ မြေကြီးရဲ့ မူလ အနေအထား အရ ကြေးနီ ဓာတ်ရှိနေပြီးသားမို့ပါ။ နှစ်ပေါင်းများစွာကတည်းက ရှိလာခဲ့တဲ့စက်ရုံကို ဘာလို့အခုမှ မလိုလားတော့ တာလဲ ဆိုတာစဉ်းစားရမှာဖြစ်ပါတယ်။
ဒေသခံ ရွာသားများ အနေနဲ့ ရွာများရွှေ့ပြောင်းပေးရာမှာ ထိုက်သင့် တဲ့လျော်ကြေးငွေရရှိပြီး ဖြစ်သော် လည်း တဖြေးဖြေး လောဘတက်လာပြီး  လယ်ယာမြေ များစိုက်ပျိုးရေး ထက် ကြေးနီထွက် နေတဲ့မြေကို မစွန့်လွှတ် ချင်တာလည်း ပါပါတယ်။ ဒီအတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနဲ့ လယ် ယာမြေများ ပျက်စီးနိုင်မှု ကို အကြောင်းပြ ခဲ့ကြ တာဖြစ်ပါတယ်။ စီမံကိန်း အနေနဲ့ ဒေသခံ နယ်မြေလူထု လုပ်ကိုင် စားသောက်ရေး အတွက် ထိုက်သင့်သော လျော်ကြေး များကို ပေးချေ ခဲ့ပြီးဖြစ်ပါတယ်။ ခေတ်ပြောင်း စနစ်ပြောင်း ကာလမှာ ဘေးတီး သွေးထိုး လှုံ့ဆော်မှု များကြောင့် လျော်ကြေး ယူထားပြီးပါမှ လောဘတက်ပြီး ပိုလိုချင်လာပါတယ်။ စီမံကိန်းမှာ ၀င်ရောက် လုပ်ကိုင်တဲ့ ဒေသခံ များကလည်း လုပ်ခလစာ ပိုမိုရရှိရေး တောင်းဆိုမှုများ ပြုလုပ်လာခဲ့ ပါတယ်။  နောက်ပိုင်းမှာ လူထုလှုပ်ရှားမှုများ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ သွေးထိုးလှုံ့ဆော်မှုများ ပါဝင် လာပါတယ်။ ၎င်းတို့ရဲ့ ရွာမပြောင်းရွှေ့ ရရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးဆိုတဲ့ အချက် တွေကိုကျော်လွန်ပြီး ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသားဒေသ များတွင် ထိုးစစ်ရပ်စဲရေးနှင့် တပ်အင် အားေ လျှာ့ ချရေး၊ ပြည်သူလူထုမြေယာပိုင်ဆိုင်ခွင့်ရရှိရေး၊ ရခိုင် တိုင်းရင်းသားများ အရေး၊ နိုင် ငံရေးပြဿနာ ကို နိုင်ငံရေး နည်းလမ်းဖြင့်ဖြေရှင်းရေး၊ လူထု ဆန့်ကျင်သော လက်ပန်းေ တာင်းေ တာင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး စတဲ့အချက်တွေ နိုင်ငံရေး ဆန်ဆန် ဆောင်ရွက် လာတာ ကို တွေ့ရပါတယ်။
 တစ်ပိုင်းကလည်း တပ်မတော်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံအပေါ် အမုန်းတရားများ ကြီးစိုးနေပြီး လက်စားချေလိုစိတ် များဖြင့်၊ တပ်မတော်နဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေးဆောင် ရွက်မှု များကို ပျက်ဆီးရာ ပျက် ဆီးကြောင်းနဲ့  နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားရန် ကိစ္စများကိုပါ ဦးတည် ဆောင်ရွက် လာပါတယ်။ တရုတ်နိုင်ငံနဲ့ ၎င်းရဲ့အကျိုးစီးပွားကို အများပြည်သူက မုန်းတီးအောင် ဆောင်ရွက်နေခြင်းဟာလည်း မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။  နည်းပညာဖွံ့ဖြိုးမှုအရ ဖက်စပ်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံက အသာစီး ရကောင်း ရနိုင်ပါတယ်။ ဒါပေမယ့် နယ်မြေချင်း ထိစပ်နေတဲ့ မပေါင်းချင်လို့မရတဲ့ အိမ်နီး ချင်းဖြစ်ပါတယ်။ နိုင်ငံတကာက မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ခဲ့တဲ့အချိန်မှာလည်း မြန်မာနိုင်ငံရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ထူထောင်ပေးခဲ့တာ ကိုလည်း မေ့ထားလို့ မရပါဘူး။  တရုတ်နိုင်ငံအနေနဲ့ အာဖရိက၊ ဥရောပ၊ အမေရိကအထိ ထိုးဖောက်ဆက်သွယ်နေချိန်မှာ အိမ်နီး ချင်းနိုင်ငံ အနေနဲ့ ဘယ်လိုမှ ပစ်ပယ်ထားလို့ မရပါဘူး။ တရုတ် ပဲဖြစ်ဖြစ်၊ အနောက်နိုင်ငံပဲဖြစ်ဖြစ် သူတို့နဲ့ မပြေလည်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကို အထောက် အပံ့ပေးပြီး မြန်မာနိုင်ငံကို ဒုက္ခပေးနေ မှာအမှန်ပါပဲ။ ပြည့်အင်အားဟာ ပြည်တွင်းမှာ ဘဲရှိတာကို သိထား ရမှာ ဖြစ်ပါတယ်။ 
အဓိကကတော့ တိုင်းပြည်အ င်အား မရှိလို့၊ ကာကွယ်ရေး အင်အား မကောင်းလို့ပါပဲ။ အမြင် မကြည်လင် သူတွေနဲ့ အနေတော့ တပ်မတော်ကို ဦးချိုးထားနိုင်မှ သူတို့ရဲ့ ဒီမိုကရေစီ လမ်းကြောင်း ကို အောင်မြ င်အောင်ေ လျှာက်နိုင်မယ် လို့ ထင်ထားပါတယ်။ နိုင်ငံသား အားလုံးဟာ ယုံကြည် နားလည်မှု တွေနဲ့ စည်းလုံး ညီညွတ်ရမဲ့ အချိန်ဖြစ်ပါတယ်။ လက်တွေ့ မှာတော့ နေရာတိုင်းမှာ အဖွဲ့အစည်းတိုင်း လိုလိုမှာ တစ်ယောက် တစ်ပေါက်နဲ့  ရှေ့ကို မတက်နိုင် ဘူးဖြစ်နေတာပါ။ နိုင်ငံတော် သမ္မတကြီးအနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအရ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အထိအခိုက် ခံပြီး မြစ်ဆုံရေ ကာတာ စီမံကိန်း ရပ်ဆိုင်းပေးခဲ့တာကို အခွင့်ကောင်း ယူပြီး ၎င်းတို့ရဲ့ ဆန္ဒနဲ့ မကိုက်ညီ သမျှ နိုင်ငံတော် ရဲ့ အရေးကြီးတဲ့ စီမံကိန်း အားလုံးကို လိုက်ပြီး ရပ်ဆိုင်းပေးနေ ရရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်သည့် အလုပ်မှ လုပ်လို့ ရတော့မှာ မဟုတ်တော့ပါဘူး။ ပြည်သူများ အနေနဲ့ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး” ဆိုသော်လည်း ရရှိနိုင်မယ့် အကျိုးနဲ့ အပြစ်ကို သုံးသပ်ရ မှာဖြစ်ပါတယ်။ နေရာတိုင်းမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာကို ဂုဏ်ယူပြီး ပြောေ နလို့ မရ ပါဘူး။ သယံဇာတ ဆိုတာ ထုတ်ယူ အသုံးချမှ အကျိုး ရှိမှာဖြစ်ပါတယ်။ အသုံးချတဲ့ အခါမှာ အလွန်အကျွံ ထုတ်ယူ သုံးစွဲမှုမပြုဖို့ကိုဘဲ ဂရုပြုထိန်း သိမ်း ရမှာဖြစ်ပါတယ်။  မိရိုးဖလာ ဆိုပြီး ရှေးရိုးစွဲ လုပ်နေလို့ မရဘဲ လုပ်သင့်တာကို လုပ်ရမှာဖြစ်ပါတယ်။  ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့နဲ့ ပတ်သက်ပြီး အဓိပ္ပါယ် ဖွင့်ဆိုရာမှာ ကိုယ် လိုရာကို ဆွဲေ တွးပြီး အလွန် အကျွံ အဓိပ္ပါယ်ဖွင့်ဆိုခြင်းမပြုမိစေဖို့ လိုအပ်ပါတယ်။ အမှန်တကယ်ရှိတဲ့ တန်ဖိုးထက်ပိုပြီး တန်ဖိုး မသင့်ဖို့လို အပ်ပါတယ်။ လောက ဓမ္မတာအရ အကျိုး အပြစ်ယှဉ်ပြီး လုပ်ကိုင် ရမှာဖြစ် ပါတယ်။ ရောဂါပျောက်ဖို့ ဆေးကု သတာတောင်မှ ဘေးထွက် ဆိုးကျိုး အနည်းအပါးတော့ ခံစားရပါတယ်။ အဖျားအနာ ပျောက်ချင်ရင် ဆေးကြောင့် မူးဝေတာ ကိုတော့ ခံနိုင်ရပါမယ်။  ဒီမိုကရေစီ သဘောတရားဆိုရာမှာ အများဆန္ဒနဲ့အညီ အများအကျိုးနဲ့ ပတ်သက်ပြီး ဖြည့် ဆည်း ပေးဖို့ဖြစ် ပါတယ်။ တစ်ဖက်က လည်း လူနည်းစုရဲ့ဆန္ဒကို လေးစားရမှာဖြစ်ပါတယ်။ အများအကျိုး အတွက် လူနည်း စုမှာ ထိုက် သင့်တဲ့ ထိခိုက်နစ်နာ မှုရှိရင်လည်း ခံနိုင်ရမှာဖြစ်ပါတယ်။ ထိခိုက်နစ်နာမှု အတွက် ထိုက်သင့်တဲ့ အစားထိုးမှု၊ သက်သာခွင့်၊ အလုပ်အကိုင်၊ စီးပွားရေးနဲ့ လူမှုရေးအခွင့် အလမ်းတွေ ကို ပြန်လည်ဖြည့်  ဆည်း ထူထောင်ပေးရင် လက်ခံနိုင် ရမှာ ဖြစ်ပါတယ်။

တာဝန်ရှိ သူတွေကလည်း စီမံကိန်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ထိတွေ့ ပြီး ပြည်သူ လူထုသိမြင်အောင် ထုတ်ပြန်ပေး ရမှာဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့လည်း စီမံကိန်းရဲ့ အရေးကြီးမှု၊ အကျိုးအပြစ် ရှိမှုတွေကို ပွင့်လင်းမြင် သာအောင် ချပြရ မှာဖြစ်ပါတယ်။ “မြစ်ဆုံ စီမံကိန်းကို ပြည်သူလူထုရဲ့ဆန္ဒအရ ရပ်ဆိုင်းပေး ခဲ့ပြီး ကြေးနီစီမံကိန်း ကတော့ နိုင်ငံတော် အဆင့်ဖြစ် တဲ့အတွက် ဆက်လုပ်ရပါမယ်။ မရွှေ့ပြောင်းဘဲနေလို့ရတဲ့ ရွာတွေရှိရင်လည်း ဆက်နေပါ ”လို့ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်လည်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ ဒီမိုကရေစီဆိုပြီး ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ဖို့ အများဆန္ဒ ဆိုတိုင်း နေရာတိုင်းမှာ လုပ်ချင်ရာ လုပ်လို့ မရပါဘူး။ အခြေအနေ အချိန်အခါနဲ့ ဆီလျော် အပ်စပ် ကိုက်ညီ မှန်ကန် အကျိုးရှိဖို့ လိုပါတယ်။ နေရာ တကာမှာ အကြိုက်လိုက်လုပ် လို့မရပါဘူး။ အကျိုးနဲ့ယှဉ်ပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ပုဂ္ဂလ ဓိဋ္ဌာန်နဲ့ မချဉ်းကပ်သင့် တာကို ဓမ္မဓိဋ္ဌာန်နဲ့ ချဉ်းကပ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ မိမိနိုင်ငံရဲ့ အခြေအနေ၊ အချိန်အခါ၊ ဥပဒေ၊ လတ်တလော လိုအပ်ချက် စတဲ့အချက်တွေနဲ့ နှိုင်းယှဉ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
ဒီမိုကရေစီရဲ့အနှစ်သာရဟာ တရားဥပဒေ စိုးမိုးရေးဖြစ်ပါတယ်။ အငြင်းပွားမှု၊ မပြေလည်မှု တစ်ခုဖြစ် လာ ရင် တရား ဥပေ ဒနဲ့သာ ဖြေရှင်း ရမှာဖြစ်ပါတယ်။ တစ်ချိန်ကလွှမ်းမိုးလာခဲ့တဲ့ ဗကပရဲ့ လုပ်နည်း လုပ် ဟန်တွေဖြစ်တဲ့ ဆန္ဒပြခြင်း အာဇာနည် ဖော်ထုတ်ခြင်းနဲ့ မသာချတာတွေ အစည်း အဝေးခေါ် လူစု လူဝေးနဲ့ညီလာခံ လုပ်တာတွေ၊ ထုတ်ပြန်ချက် ကြေညာချက်တွေ လျှောက်ထုတ်နေတာ တွေကို ဒီမိုကရေစီ လူ့အဖွဲ့အစည်း တွေအနေနဲ့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ 
လျှောက်လှမ်း ချင်တာက ဒီမိုကရေစီလမ်းကြောင်း၊ ကျင့်သုံးနေတာက “ဗကပ” တစ်ကျော့ပြန် မင်းမဲ့စရိုက် ဆန် ဆန်ဖြစ်နေရင် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။ အစတုန်း ကတော့ ရွာတွေမပြောင်းချင်လို့၊ လယ်ယာမြေတွေ မဆုံးရှုံးချင်လို့ ဒေသခံရွာသား တွေက သူ့အတွေးနဲ့သူ စလုပ် လိုက်တာပါ။ အကွက်ကောင်းစောင့်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း တွေက အကြိုက်တွေ့ပြီး ဒေသ ခံတွေထဲကို စိမ့်ဝင်စည်းရုံး လာပါတယ်။  စီမံကိန်းနဲ့ မပတ်သက်တဲ့ နိုင်ငံရေး မူဝါဒတွေကို ရိုက်သွင်းပေး လာပါတယ်။ ရွာသူ ရွာသားများပါ မကဘဲ အခြား နယ်ပယ် အသီးသီးက နိုင်ငံရေးသမား၊ တိုင်းရင်းသား လယ်သမား၊ အလုပ်သမား၊ ကျောင်းသား လူတန်း စား များကို ဆွဲထည့်လာပါတယ်။ “တိုက်ပွဲဝင်တယ်” “မြေသိမ်းတိုက်ပွဲဆင်နွှဲတယ်” စတဲ့ အသုံး အနှုန်းတွေ နဲ့ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော် ဆောင်ရွက် လာကြပါတယ်။ နောက်ပိုင်းမှာ ရဟန်း၊ သံဃာတွေ ကိုပါ ထည့်သွင်း အသုံးချလာတာတွေဟာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေဖို့ ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ၊ မြေပေါ်မြေအောက် အဖျက်သမားတွေက ဒီကိစ္စမှာပါဝင်အောင် လှုံ့ဆော် နေ တာတွေ့ ရပါတယ်။ စီမံကိန်း နယ်မြေအတွင်းဝင်ရောက်ပြီး ၀တ္တရားနှောင့်ယှက်မှုတွေ ဆောင်ရွက် လာပါတယ်။ လုံခြုံရေးဆောင် ရွက်တဲ့ဝန်ထမ်းတွေကို မထီမဲ့မြင် လုပ်လာပါတယ်။ နောက်ကြောင်းပြန် မလှည့်ချင်ဘူး ဆိုသူတွေရဲ့ နောက်ကြောင်းပြန် ဆောင်ရွက်ချက်တွေဖြစ်ပါတယ်။
လက်ပန်းတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးမှ အစပြု၍ နိုင်ငံရေးဆန်ဆန် လှုပ်ရှားလာတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း၊ မြေပေါ်မြေအောက်၊ ပြည်တွင်းပြည်ပ အဖျက်သမား များဟာ ပြဿ နာကို ပြေလည်ေ အးချမ်း သွားစေဖို့ထက် ပိုမိုကြီးထွားရှုပ်ထွေးအောင် အရှိန်မြှင့် လုပ်ဆောင်နေ မှာ ဖြစ် ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား ပုံမှန်မလည် ပတ်နိုင်အောင် နေရာ အနှံ့ကနေ ပြဿနာ မျိုးစုံ ဖန်တီးဆောင်ရွက်နေမှာဖြစ်ပါတယ်။ အစိုးရတက်လာပြီး ၂ နှစ်သက်တမ်းပြည့်တော့မည့်အချိန်အထိ သိသာထင်ရှားသော ဖွံ့ဖြိုး တိုးတက်မှု မရရှိစေဘဲ နောက်ကြောင်းပြန်ဆွေးနွေး ငြင်းခုံ အဖြေရှာမရ ဆန္ဒပြကြမယ်၊ အဓိကရုဏ်း တွေဖန်တီးမယ်၊ နယ်စပ်မှာ လက်နက်ကိုင်တိုက်ခိုက်တွေ ဆက်ဖြစ်နေဖို့ ကြိုးစားမယ်၊ ၂၀၁၅ခုနှစ်အထိ အိစုးရကို ပြဿ နာတွေ နဲ့ လုံးချာလည်နေအောင် ဖန်တီးထားမယ့် ကြီးမားတဲ့အကြံအစည် ဖြစ်ပါတယ်။ လက်ပန်းတောင်းတောင်ဒေ သလေးမှာ ဖြစ်ပေါ်နေတဲ့ သွေးရိုးသားရိုး ကိစ္စလေးမဟုတ်ပါဘူး။
ဥပဒေဟာ နိုင်ငံသားအားလုံးကို အကာအကွယ် ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ တရား ဥပဒေစိုးမိုးရေးနဲ့ လုံခြုံေ ရး ကို တာဝန်အရ ဆောင်ရွက်နေတဲ့ လုံခြုံရေးဝန်ထမ်းများ စက်ရုံဝန်ထမ်း များကိုလည်း အကာ အကွယ်ပေး ရမှာဖြစ်ပါတယ်။ သက်ဆိုင် ရာ တရားဥပဒေ စိုးမိုးရေးအဖွဲ့များ အနေနဲ့လည်း နောက်ကြောင်းပြန် ဆောင်ရွက် ချက်တွေကို လက်ပိုက်ကြည့် မနေသင့်ပါဘူး။ မည်သည့်ဘက်မှ ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ တိုင်းပြည် မျက်နှာထောက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြဋ္ဌာန်းဥပဒေကို တည်တံ့အောင် ဆောင်ရွက်ဖို့ တာဝန်ရှိ တဲ့အဖွဲ့ အစည်းများ အနေနဲ့လည်း တားဆီးထိန်းသိမ်း မှုများပြုလုပ်ပြီး လွန်ကဲလာရင် တည်ဆဲ ဥပဒေများနဲ့ အရေးယူ ကန့်သတ် ဆောင်ရွက်သင့်ပါတယ်။ 
ဒါကြောင့် တားဆီးထိန်းသိမ်း သင့်ချိန်မှာ မတားဆီးဘဲ ဆက်ပြီးလက်ပိုက် ကြည့်နေမယ်ဆိုရင် လူအုပ်စုရဲ့ သဘော သဘာဝအရ မင်းမဲ့စရိုက်သို့ ကူးပြောင်းသွားနိုင်ပြီး အရင်လိုပြန်ဖြစ် သွားနိုင် ပါတယ်။ မလိုလား အပ်တဲ့ လူစုလူဝေး တွေမဖြစ်စေဖို့ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည် ဖော်နေတဲ့ အုပ်ချုပ်ရေး အဖွဲ့ အစည်းများအနေနဲ့ တရားဥပဒေနှင့်အညီ တာဝန်ရှိတဲ့အတိုင်း ထိထိရောက်ရောက် ထိန်း သိမ်းဆောင် ရွက်သင့်ပြီဖြစ်ပါတယ်။
မောင်သလ္လာ


ဒေါ်အောင်ဆန်းစုကြည်ဖြင့် နေရာချင်းသာလဲလိုက်ချင်ပါသည် (ပေးစာ - ၂၁၇)

Posted by drmyochit Friday, November 23, 2012, under | No comments


ဒေါ်စု..လူထုခေါင်းဆာင်..ဒေါ်စုလူတော်တော် များများကို လိုက်မေးဖူးပါသည်။ ဒေါ်စုကို ဘာကြောင့် ချစ်တာလဲ..ဒေါ်စုကို ဘာကြောင့် လေးစားတာလဲ..ဒေါ်စုက ဘာလို့ လူထုခေါင်းဆောင် ဖြစ်တာလဲ…တော်တော်များများက တစ်ပုံစံထဲပဲ ဖြေကြပါသည်…
စိတ်ဓါတ်မာလို့.. ယုံကြည်ချက်ပြင်းထန်လို့..ပေးဆပ်ခဲ့ရတာ များလို့..ကြံခိုင်လို့… အဲလိုသာဖြေသွားကြပါသည်
((စိတ်ဓါတ်မာတယ်……ယုံကြည်ချက်ပြင်းထန်လို့…….ပေးဆပ်ခဲ့ရတာများလို့…….ကြံခိုင်လို့………………………..))  အင်းးးးးးးးးးးး စဉ်းစားကြည့်တော့ ဟုတ်သလိုလို..နေအိမ်အ ကျယ်ချုပ်နဲ့ အနှစ်နှစ်ဆယ်ကျော် မိန်းမသားတစ်ယောက်ထဲ နေထိုင်ခဲ့ရတယ် တော်ရုံ စိတ်ဓါတ်နဲ့ ဘယ်ဟုတ်ပါ့မလဲ…အဲလိုတွေ ဝေမိတယ်..
ထပ်ပြောကြပါတယ်… အမေက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တဲ့ အနော်လဲ မရှင်းလို့ ထပ်မေးမိပါတယ်.. ဘာလို့ နိုဘယ်ဆုရတာလဲ လို့ဖြေကြပါတယ်….. နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရလို့ပါ တဲ့
အနော်လဲ အထွန့်တက်မေးမိတယ်.. ဒါဆိုဘာလို့ တသက်တကျွန်းတွေ .. တွေ နိုဘယ်ဆို မရတာလဲလို့
အဲလူတွေက အနော့်ကို မျက်စောင်းထိုးပြီး စကားပြောရတာ လက်ပေါက်ကတ်တယ် မပြောတော့ဘူးဆိုပီး ထားခဲ့ကြတယ်သူတို့ နဲ့ ဆက်မပြောတော့ ပေမဲ့ ကိုယ်တစ်ယောက်ထဲ ခေါင်းထဲမှာ အတွေးတွေရော မေးခွန်းတွေရောတစ်ပုံတပင်ကြီးကျန်နေခဲ့တယ်

အမေး
======

သူနိုဘယ်ဆုကြီးရခဲ့ပြီ………………………………………..

(၁) အခုလက်ရှိမှာ ဆုနဲ့ထိုက်တန်တဲ့ ငြိမ်းချမ်းရေးတွေ လုပ်ဆောင်ပြီးပြီလား.. လုပ်ဆောင်နေပြီလား?

(၂) မောင်နှမ နှစ်ယောက်ထဲတောင် အဆင်မပြေတာ ကမ္ဘာအလည်မှာ အဆင်ပြေအောင် နေနိုင်ဖို့က ယုံတမ်းစကားတွေလား?

(၃) အခု လက်ရှိ လွှတ်တော်တွင်းရော ဘယ်လောက်အတိုင်းအတာအထိ စွမ်းစွမ်းတမံ အကြံဥာဏ်များနဲ့ ၀င်ရောက်ဆွေးနွေးခြင်းများ ပြုခဲ့ဖူးပါသလဲ ?( အဆိုပြုခြင်း /ကန့်ကွက်ခြင်းများကို ဆိုလိုသည်)

(၄) ရခိုင်အရေး တွင် လုပ်ပိုင်ခွင့် မရှိဆိုသော ဆင်ခြေကြောင့် အာဏာပိုင်းအရ ရခိုင်အရေးတွင် မရပ်တည်ခဲ့သောငြား လူမှုရေးအရ ရပ်တည်မှုရော ရှိခဲ့ဖူးပါသလား?

(၅) အခု လောလော လတ်လတ် လှုပ်ပြီးခဲ့သော ငလျှင်ဒဏ်ခံ ဒေသအတွက် ဘာတွေ ဆောင်ရွက်နေပါသလဲ?


ဟုတ်ကဲ့…………… နိုင်ငံရေး အမြင်ဖြင့် မပြောတတ်သောငြားလဲ လူမှုရေးအမြင်ဖြင့် ကိုယ်တိုင်မေးလို့ ကိုယ်တိုင်ဖြေ အကောင်းဆုံးဖြစ်နိုင်မယ့် အခြေအနေတစ်ခုကို စဉ်းစားမိပါသည်

အတွေး
========

ဒေါ်စုနေရာတွင်ကျွန်ုပ်ဖြစ်ခဲ့သော်…………………………..
ရခိုင်ဒေသ ပြန်လည် ထည်ထောင်ရေးနှင့် ငလျှင်ဒဏ်သင့် ဒေသနှင့် ပျက်ဆီးခဲ့သော ဘုရားစေတီများအတွက် နိုင်ငံရေးဘက်က လုပ်ဆောင်မှုတွေ မတတ်နိုင်ခဲ့သော ပြည်သူကို ချစ်သော ကျွန်ုပ်မေသစ်လွင် ((ဒေါ်စု နေရာတွက် မေသစ်လွင်ရောက်နေသည်)) တတ်သည့်ဘက် နိုင်သည့်အားဖြင့် တတ်နိုင်သလောက် ကြိုးပမ်း ကူညီပေးမည်…. အပြောမဟုတ်ပါ.. စိတ်ကူးဖြင့် သက်သေပြပါမည်….. NLD ပါတီတွင်းတွင် လူအင်အား ရှိသည်..ငွေအင်အားရှိသည်…
ဥပမာ.. ငလျှင်ဒဏ်သင့် စေတီ ဘုရားများ ရှင်းလင်းသန့်ရှင်းရေး။ ပြန်လည် မွမ်းမံရေးတွင် လူအင်အား စိုက်ထုတ် ကူညီဆောင်ရွက်သွားမည်…… လိုအပ်သော ငွေကြေးအခက်အခဲအတွက် ပါတီတွင်းမှ ငွေကြေးတောင့်တင်းသူ တစ်ချို့မှ မတည် ထည့်ဝင်ငွေဖြင့် အများစုပေါင်းက အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင် လှူဒါန်းကူညီမယ်……..
ရခိုင်ဒေသကဲ့သို့ ငွေကြေးအမြောက် အများလိုအပ်နေသော နေရာတွင်………. အနုပညာရှင်များကဲ့သို့ စပွန်ဆာရှာပြီး ရန်ပုံငွေပွဲတစ်ပွဲ ဖန်တီးကာ ရလာသော အကျိုးအမြတ်ကို ရခိုင်ဒေသ လိုအပ်သောနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကာ အားငယ်နေသော ဒေသခံများကို အားပေးစကားပြောကြားမည်ဖြစ်သည်။

ရရှိလာနိုင်မည့်အကျိုးအမြတ်
=================
ကျွန်ုပ် လူထုခေါင်းဆောင်ကြီး ထိုကဲ့သို့ လုပ်ရပ်များအား စွမ်းစွမ်းတမံ ဆောင်ရွက်သွားခဲ့လျှင် ပြည်သူ့ လေးစားမှု / ပြည့်သူ အားကိုးမှုနှင့် ပြည်သူ့ ချစ်ခင်မှုကို ဆထက်တိုးလို့ ရရှိလိမ့်မှာ အမှန်မလွဲပါဘဲ
သို့ပါလျှင်.. မကြာခင်ရောက်ရှိတာတော့မည့်. ၂၀၁၅ ရွေးကောက်ပွဲအတွက် သီးသန့် မဲဆွယ်ပွဲများ ပြုလုပ်စရာမလိုပဲ လောကကြီးကပေးသော အခွင့်အရေးကို အသုံးချကာ ပြည်သူ့အချစ်တော် ဘွဲ့ကို ဆက်လက်ခံယူနိုင်ကာ…. ရွေးကောက်ပွဲ ရလဒ်အား ယပ်ခပ်ထိုင်စောင့်နေရမည်သာဖြစ်ပါသည်

ကွာခြားနေသောလက်တွေ့
===============
တကယ်တမ်း ကျွန်ုပ် ချစ်သလောက် ဒေါ်စု ချစ်ပုံမရပါ ကျွန်ုပ် ၏ ပိစိညောင့်တောင့် အိုင်ဒီယာများနှင့် ဒေါ်စု၏ ကမ္ဘာနှင့် ချီသော အိုင်ဒီယာ တော်တော်လေးတော့ ကွာခြားနေပါသည်။ သို့သော် ဒေါ်စု၏ ရင်တွင်းဥ ထားသော အိုင်ဒီယာများကို ကျွန်ုပ် မသိရှိရပါ..ကျွန်ုပ်၏ တိုင်းပြည်အတွက် တစ်တပ်တစ်အား ကူညီချင်သော ဆန္ဒကတော့ အထက်ဆိုခဲ့ ပါအတိုင်းသာဖြစ်ပါသည်။ ကျွန်ုပ်၏ အမြင်တွင် ဒေါ်စုတစ်ယောက် ကျမတိုင်းပြည်ကို ချစ်ပါတယ်..ပြည်သူတွေကိုချစ်ပါတယ်ဟု ဆိုခြင်းဟာ။…. အိမ်မက်လိုလို…. ယုံတမ်းစကားလိုလိုနဲ့… ယုံရခက်နေပါသည်။ ပျိုပျိုမေ လည်လည်သွားမယ်.. မော်တော်ကားနဲ့ ရယ်ဆိုသလိုပဲ…. အလည်အပတ်တွေ များကာ.. အဓိကနှင့် သာမည ကိုရောထွေးနေ ပုံရသည်…. လူပုံအလယ် ဓါတ်ပုံရိုက်ကာ တာ့တာ ပြနေမည့် အစား လိုအပ်သည့်နေရတာတွင် စဉ်းစားအကြံဥာဏ်ထုတ်ကာ စွမ်းသလောက် ကူညီနေသင့် သည်ထင်မိပါသည်။

စာရေးသူအာဘော်
==============
ကျွန်ုပ်တို့နိုင်ငံမှာ အပြောထက် လက်တွေ့ကျတဲ့အလုပ်တွေနဲ့ သက်သေပြနိုင်တဲ့သူတွေ အမှန်တကယ်လိုအပ်နေတာပါ။နှမ်းတစ်စေ့နဲ့ ဆီမဖြစ်သလို ကျောက်တစ်ကျင်းနဲ့ လမ်းခင်းမရဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျောက်တစ်ကျင်းနဲ့ လမ်းပေါက်တော့ ဖာလို့ရပါသေးတယ်။လမ်းတစ်လမ်း အစအဆုံးဖြစ်ဖို့ ဘာမှမလုပ်ပဲ ထိုင်စောင့်နေမဲ့အစား ပေါက်နေတဲ့ လမ်းပေါက်လေးတွေ ဖာပေးရင်းရော မကောင်းဘူးလား။ ဒါကြောင့် ဘယ်လောက်အတိုင်း အတာရောက်မှ ဘာတွေလုပ်ပြပါမယ် ဆိုတာထက် ရောက်နေတဲ့ နေရာလေးကနေ တတ်နိုင်သလောက်စွမ်းဆောင်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်ုပ်အရမ်း ကျေးဇူးတင်မိမှာပါ။ နောက်တစ်ခု- နိုင်ငံတော်က ဘယ်လောက်ကောင်း တဲ့လမ်းစဉ်တွေ ချပေးချပေး နိုင်ငံသားတစ်ဦး တစ်ယောက်ချင်းမှာလဲ နိုင်ငံကြီးသားစိတ်ဓါတ်၊စည်းကမ်းစောင့်စည်းမှု၊တာဝန်သိတတ်မှုတွေ ရှိမှသာလျင် အဲဒိနိုင်ငံတော်ဟာ တိုးတက်မှာပါ။ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲတွေနဲ့ ဂဏန်းသွားသွားနေမဲ့အစား တိုးတက်ဖို့ကြိုးစား နေသူတိုင်းကို ကြိုဆိုကူညီဖို့လဲ လိုအပ်မယ်လို့ထင်ပါတယ်။ အရင်တုန်းက မှားခဲ့တဲ့အမှားတွေကို ဘယ်သူ့ကြောင့်၊ဘာကြောင့်လို့ လက်ညိုးထိုး ပြစ်တင်ကဲ့ရဲ့နေမဲ့အစား နောက်တစ်ကြိမ် ထပ်မမှားရအောင် တစ်ဦးနဲ့ တစ်ဦး လက်တွဲခေါ်ဆောင်ဖေးမလို့ လျှောက်လှမ်းသွားတာ အကောင်းဆုံးပဲမဟုတ်လား ………

 

 Myanmar Express 

မြန်မာအမျိုးသမီးကောင်းလေး အဖြစ် ပီသ စေချင်ပါသည်...

Posted by drmyochit Friday, November 23, 2012, under | No comments


Human Rightဆိုတဲ့ လူ့အခွင့်အရေး တွေထဲမှာ ဥပဒေဆိုတဲ့ ကဏ္ဍကိုလည်း လျစ်လျူရှုထားလို့မရပါဘူး၊ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်နေကြတဲ့ ခေတ်သစ်ကြီးထဲမှာ လုပ်ချင်ရာတွေ လုပ်လို့မရ တော့သလို…ဖြစ်ချင်ရာတွေလည်းဖြစ်လို့မရတော့ပါဘူး…။
မြန်မာအမျိုးသမီးတို့ရေ…ယခင်က မီးဖိုချောင်မှာ ထမင်းဟင်းချက်ပြုတ်ရုံကလွဲရင် မိန်းမတို့၏အလုပ်သည် ဤတွင် နိဂုံးချုပ်ခဲ့ပြီ လို့ ပတ်ဝန်းကျင် တစ်ခုရဲ့သတ်မှတ်ချက် တွေကြောင့်…တိမ်မြုပ်နေ ခဲ့ရပေမယ့်…ယခုအခါမှာတော့ ”ပုခက်လွှဲသောလက်သည် တိုင်းပြည်ကိုအုပ်စိုးနိုင်၏”ဟုပင် ဖြစ်လာခဲ့ရ ပါသည်..ထိုအကြောင်းအရာ သည်လည်း အမှန်တကယ်ပင် အရည်အသွေးများ၊ အရည်အချင်းများ ပြည့်စုံစွာနှင့်ပင် သက်သေသာဓကများ ပြသနိုင်ခဲ့လို့သာလျှင် ဖြစ်ပေါ်လာခဲ့ရခြင်းပင်ဖြစ်ပါသည်…။
မြန်မာအမျိုးသမီးတို့ရေ..ဥပဒေဆိုတာ…ယခင်ကလို…ငွေများတရားနိုင် ဆိုတာမျိုး မဟုတ်ပါဘူး၊ ဥပဒေဆိုတာ ခံယူသူရယ်၊ ရယူသူ တွေရဲ့ကြားမှာ ဖြစ်တည်လာတဲ့ စည်းကမ်းချက် တစ်ခုလို့ပြောလို့ ရနိုင်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစည်းကမ်းချက် တွေကိုလည်း မိမိတို့ ကိုယ်တိုင်က လိုက်နာနိုင်မှသာဖြစ်ပါတယ်၊ ဥပဒေဆိုတာ ကျယ်ပြန့်ပါတယ်၊ အရပ်မှာသိထားကြတဲ့ ဥပဒေနဲ့ စာအုပ်တွေမှာ ပြင်ဆင်ပြဌာန်း ထားတဲ့ဥပဒေ တွေဟာ တစ်ခါတစ်ရံမှာလွဲချော်နေတတ်ကြပါတယ်…။
ကျွန်ုပ်တို့ရဲ့ ယနေ့မျက်မှောက်ခေတ်မှာ နည်းပညာတွေ တိုးတက်လာ သည်နှင့်အမျှ အွန်လိုင်းဆိုသည့် အင်တာနက်ခေတ်ကြီးက လည်း တရွေ့ရွေ့နဲ့ဆိုသလို မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာခဲ့ပါပြီ၊ အင်တာနက်ဆိုတာ..သာမာန်သူတွေအတွက် ချက်တင်ထိုင်ရုံ အတွက်သာဖြစ်ကောင်း ဖြစ်မယ်ဆိုခဲ့ ပေမယ့်…အကျိုးရှိစွာအသုံး ချနိုင်သူတွေ အတွက်တော့…အင်တာနက်ဆိုတာ..တကယ့်ကို အကျိုးဖြစ်ထွန်းစေပါတယ်…၊ သုံးတတ်သူများအတွက် ဆေးကောင်းတစ်ခွက် ဖြစ်နိုင်သလို… မသုံးတတ်သော သူများအတွက် ဘေး ဖြစ်စေတတ်ပါတယ်…၊ အချို့သော အမျိုးသမီးလေးတွေဟာ..အင်တာနက်ဆိုသည့် အွန်လိုင်းစာမျက်နှာကို ကျွမ်းကျင်စွာ အသုံးမပြုတတ် ကြသေးပါဘူး၊ Gtalkဆိုသည့် Talkingကိုတောင် သေချာစွာ အသုံးမပြုတတ်သူများလည်း ယနေ့အထိပင် ရှိနေခဲ့ပါသေးသည်၊ ထိုသို့သောအ မျိုးသမီးများ သည်လည်း ခေတ်ပညာတတ်များပင် ဖြစ်ကြပါသည်၊ သို့ပေမယ့် ၎င်းတို့၏ လေ့လာမှု၊ သင်ယူမှု၊ ဗဟုသုတများ အားနည်းခြင်းကြောင့်..မဖြစ်သင့်သည်များလည်း ဖြစ်ပေါ်နေခဲ့ကြရသလို…၊ကျွမ်းကျင်စွာ အသုံးပြုတတ် ခဲ့ကြပေမယ့်လည်း.. ချက်တင်ကိုသာ ဦးစားပေး အသုံးပြုတတ် သူဦးရေ…များပြားလာ မှုတွေကြောင့်…အချို့မြန်မာ အမျိုးသမီးကလေးများ..မဖြစ်သင့်တာတွေပင် ဖြစ်နေကြရပါသည်..။

ထိုသို့သော အကြောင်းအရာ များမဖြစ်ပွားစေရန်အတွက် အချင်းချင်း ကူညီဖေးမပေးဖို့လည်း လိုအပ်လှပါတယ်၊ အချို့သောမိန်း ကလေးများဆိုလျှင်ဖြင့်..Talkingကို တစ်ဖက်ကလူဖြင့် ခေါင်းငိုက်စိုက်ကျနေအောင်…မြန်မာလက်ကွက်ကို အပြင်းအထန်ရှာဖွေ၊ ဘာမှန်းမသိတဲ့အရာတွေဖြင့် ပြောဆိုနေကြသည်..သို့ပေမယ့် ၎င်းတို့၏ စာမျက်နှာတွင် အခြားတစ်ဖက်မှ တင်ထားသော sesxy image များကိုပင် မမြင်…အခြားတစ်ဖက်မှ ပြောဆိုသော သူများသည်လည်း မိမိတို့၏မိခင်၊ နှမ၊ မောင်နှမရယ်လို့ စာနာထောက် ထားခြင်းမရှိပဲ…ပြောဆိုနေတတ်ကြသည်…၊ထိုသို့သော အခြေအနေများကို…တစ်ဖက်မှ အမျိုးသမီးကလေးများ သည် မည်သို့ကာကွယ်ရမည်ကို မသိထားခဲ့လေ တော့..လက်ပိုက်ကြည့်နေရုံ သာပင်ရှိနေတော့မည်လား….။
ချက်တင်အသုံးပြုရာ မှဖြစ်ပေါ်လာသော အချစ်တစ်ချို့တွေကြောင့် မြန်မာအမျိုးသမီးကလေးများ ဒုက္ခများစွာ ရောက်ရှိနေခဲ့ကြရပါ သည်၊ အချိန်မှန်မှန် အင်တာနက်ဆိုင်သို့ လာရောက်ကြပြီး.. ငွေကြေးတွေ အကုန်အကျခံကာ ဘ၀ကို မရေမရာ လျှောက်လှမ်းမိနေ ကြသော မြန်မာအမျိုးသမီးကလေး များအတွက် နောင်အခါဝယ် ရင်လေးစရာများ ဖြစ်ပေါ်စေနိုင်ခဲ့ပါသည်။ အွန်လိုင်းစာမျက်နှာ သည် အမှန်ဆိုတော့ ထိန်းချုပ်စရာများ ရှိနေပါသည်၊ တတ်သိနားမလည် သေးသူများအတွက် မည်သည့်အရာကို လုပ်ရမှန်းပင် မသိခဲ့သော်လည်း တတ်သိနားလည်သူတွေက ဖေးမကူညီပြီး၊ မိမိတို့ကိုယ်တိုင်လည်း မိမိတို့၏စာမျက်နှာများ၏ Securityများ မြှင့်ထားပေးရန် လိုအပ်ပါသည်။ တတ်သိနားမလည်နိုင် သေးသောသူများသည်လည်း အခြားသူတို့ ရေးသားထားသော နည်ပညာစာအုပ်များကို ဖတ်ရှုလေ့လာ မှတ်သားရင်၊ ကိုယ်တိုင်လေ့ကျင့်ကာ ဆောင်ရွက်သင့်ပါသည်၊ ကျွန်ုပ်တို့ရဲ့ မြန်မာအမျိုး သမီးကလေးများ လူကုန်ကူးခံရမှု အကြောင်းအရာတွေဟာ မြန်မာအမျိုးသမီးလေးများ၏ ဗဟုသုတ နည်းပါးခြင်း၊ စာဖတ်အား မကောင်းခြင်း၊ ယုံကြည်မှုလွန်ကဲခြင်း တွေကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်ဖတ်ဖူးခဲ့တဲ့ ကျန်းမာသုတ စာစောင်တွေမှာ အမျိုးသားနှင့် အမျိုးသမီး၊ အမျိုးသမီးတွေဟာ အမျိုးသားများအပေါ် ယုံကြည်မှု လွန်ကဲခြင်းကြောင့်၊ အချစ်၏စေစားရာဖြစ်တဲ့ လိင်ဆက်ဆံစဉ် မှာ အမျိုးသား တိုက်ကျွေးခဲ့သော ကာမအားတိုးဆေး ကိုပင်…သာမာန်အားဆေး ဟုထင်မြင်ခဲ့ပြီး သောက်သုံးခြင်းတွေအထိ ဖြစ်ရာကနေ…အမျိုးသမီးများ၏ ဘ၀ပျက်စီးခဲ့ရသည်အထိ ဖြစ်လာခဲ့ရပါသည်၊
ယနေ့ Globalization ဆိုတဲ့ခေတ်ကြီးမှာ အားလုံးသိထားဖို့ လိုအပ်ပါလိမ့်မယ်၊ ကျွန်ုပ်တို့ ကိုယ်စီတိုင်းမှာ…မတတ်သောပညာလေး တွေရှိနေခဲ့ပေမယ့်..မသိသောအကြောင်းအရာများ မရှိရလေအောင် လုပ်ဆောင်ထားသင့်ပါတယ်၊ အဓိကအားဖြင့်တော့ အမျိုးသမီးများအနေဖြင့် စာဖတ်ခြင်း ဆိုတဲ့အလုပ်ကို ပိုမိုလုပ်ဆောင် လာနိုင်ဖို့ပဲဖြစ်ပါတယ်၊ စာဖတ်ခြင်းဆိုတာ လူတိုင်းအတွက် အသိအမြင်၊ ဥာဏ်ပညာ အမြော်အမြင်နှင့် ဗဟုသုတများစွာကို ပေးစွမ်းနိုင်ပါတယ်၊ စာဖတ်သည့် ဆိုသည့်နေရာတွင်လည်း ဗဟုသုတရှိနိုင် ဖွယ်ရာဖြစ်သော မည်သည့်စာမျိုးကိုမဆို အဆိုးတွေကို ပစ်ပယ်ပြီး..အကောင်းတွေကို လိုအပ်သလို အသုံးပြုနိုင် ပါတယ်။ ဥပမာအားဖြင့် ၀တ္ထုစာအုပ်တစ်အုပ်ကို ဖတ်ခဲ့မိပြီဆိုခဲ့ လျှင်လည်း..အချစ်၏နစ်မွန်း သာယာမှုတွေပါသည့် အကြောင်းအရာတွေကို စာအုပ်မှာပင် ထားပစ်ခဲ့ပြီး..ထိုအကြောင်းအ ရာတွေထဲမှ ကောင်းသည့် အချက်အလက်တွေကိုပဲ စာအုပ်၏ အပြင်ဘက်သို့ ယူဆောင်လာခဲ့သင့်ပါတယ်။
မြန်မာအမျိုးသမီးတို့ရေ…ပထမဦးဆုံးကတော့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက် တတ်ကြဖို့ပါပဲ…တန်ဖိုး ထားကြပါ၊ အရာရာမှာ အသိတရား၊ ဆုံးဖြတ်ချက်၊ ဥာဏ်ပညာ စတဲ့ဆင်ခြင်တုံတရားတွေနဲ့ ဘ၀ကို ရိုးသားစွာ လျှောက်လှမ်းကြဖို့ လိုအပ်ပါတယ်၊ ကျွန်ုပ် တို့ရဲ့ဘ၀တွေမှာ အချစ်ဆိုသည့် အရာတွေဖြစ်ပေါ် နေတတ်ပါတယ်၊ အချစ်ဆိုတာ နားလည်ညီမျှတဲ့ ချစ်သူဘ၀ဆိုတာဟာ နှစ်ဦးလုံးရဲ့ ကိုယ်ကျင့်တရားတွေပါပဲ၊ အမျိုးသားရော..အမျိုးသမီးတွေပါ ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ စည်းကမ်းချက်တွေနဲ့ အညီ ဥပဒေနဲ့ ဓလေ့ထုံးတမ်းတွေအရ ထိမ်းမြားခြင်းတွေပါ..၊ ယခုမြင်…ယခုတွေ့…ယခုပဲယူဆိုသည့် မည်သည့်အရာမျှ ဆင်ခြင် တုံတရားကင်းမဲ့တဲ့ အရာမျိုးတွေ မဟုတ်ကြတော့ပါဘူး..သို့ပေမယ့်လည်း မြင်တွေ့၊ ကြားတွေ့နေရသော အရာများသည် ထိုသို့ပင် ဖြစ်နေခဲ့ကြသည်…။
ကျွန်ုပ်တို့ရဲ့ ဥပဒေဘောင်အပြင်ဘက်မှာ ပြောဆိုနေကြသော….လပေါင်း(၆)လကြာရင် တရားဝင်ထိမ်းမြား လက်ထပ်ခြင်းမရှိဘဲ နှစ်ဦးသဘောတူ အတူတကွ နေထိုင်ပြီးရုံမျှနဲ့ ပေါင်းသင်းနေထိုင်ကြသည်ဟု မှတ်ယူကြသည်တဲ့….လပေါင်း(၃)လကြာသည့်အခါ အမျိုးသားနှင့်အမျိုးသမီး..တစ်အိမ်တည်းတွင် အတူမနေရုံမျှနှင့်ပင် ကွဲကွာသွားကြသည် ဆိုသည်တဲ့…၊ ထိုအကြောင်းအရာကို ဦးတည်ပြီး (၃) လမျှအတူမနေရုံနှင့် ကွဲကွာသွားသည့် အမျိုးသမီးတွင် ရက်ပေါင်း(၂၈၀)အတွင်း ကိုယ်ဝန်ဆောင်လာခဲ့ပါက အတူမနေရုံမျှနှင့် အခြားသူနှင့် အတူနေသည်ဟု ပြောဆို၍မရ၊ မူလအမျိုးသားနှင့် သာသက်ဆိုင်သည်ဟုလည်း သက်သေခံ ဥပဒေကလည်း ပြောဆိုထားသည်ကိုလည်း ထိုသူတို့ နားလည်ထားသင့်ပေသည်။ ၎င်းတို့၏ ဥပဒေဘောင် အပြင်ဘက်မှ စကားများသည် လက်ရှိကျင့်သုံး နေသောဥပဒေနှင့် ကွာခြားချက်တွေ ရှိလှပါသည်၊ ထိုသို့သော အများပြောစကားများကို မြန်မာအမျိုးသမီးလေးများက မျက်လုံးစုံမှိတ် ယုံကြည်ကာ…living togetherတဲ့လေ..။
အမှန်ဆိုတော့..ထိုအကြောင်းအရာတွေဟာ မြန်မာဓလေ့ထုံးတမ်းဥပဒေမှာ သတ်မှတ်ပြဌာန်း ထားခဲ့တာ မဟုတ်ပါဘူး၊ အမှန်တကယ် ထိုသူတို့ရဲ့ ယူဆချက် အတိုင်းဆိုလျှင်ပင်…နောက်ကွယ်မှာ ကာလစည်းကမ်းသတ် ဆိုသည့်ဥပဒေကလည်း ထပ်မံ၍ ကပ်ငြိပါလာနိုင် ပါသေးတယ်၊ တရားဝင် ထိမ်းမြားမှုမရှိခြင်း၊ တရားဝင်ထိမ်းမြားခဲ့သည်ဟု လှည့်ဖြားယုံကြည်စေခြင်း၊ ထိုသို့ ယုံကြည်စေသဖြင့် ကာမစက်ယှက်ခွင့်ပြုခြင်း၊ ကာမစက်ယှက်ခြင်းတွေဟာ… ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၃အရ ထောင်ဒဏ် (၁၀)နှစ်အထိ ကျခံစေနိုင်ပါတယ်။ ဥပဒေဆိုတာ ကျွန်ုပ်တို့အတွက် တစ်ခုတည်းမဟုတ်သလို..ယူဆချက်သည်လည်း တစ်ခုတည်းမဟုတ်ပါဘူး၊ ဥပဒေအရ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ အထူးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ စသည့်ဥပဒေ ပေါင်းမြောက်မြားစွာနှင့်တကွ…စီရင်ထုံးကိုးကား ချက်တွေကလည်း ခေတ်နှင့်အညီ ပြောင်းလဲပြင်ဆင် အတည်ပြုခဲ့တဲ့ အကြောင်းအရာတွေပါပဲ၊ ထိုသို့ မြောက်မြားစွာသော ဥပဒေတွေကို မြန်မာအမျိုးသမီးတိုင်း နားမလည်နိုင်ပေမယ့်…ဖတ်ရှုနားလည် ဗဟုသုတများစွာ ရယူပြီး မိမိတို့၏ ကာကွယ်ခုခံပိုင်ခွင့် တွေနဲ့အတူ မိမိတို့ဘက်မှလည်း အသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ဘ၀ကို ရိုးသားစွာဖြင့် ခရီးဆက်နိုင်ကြပါစေလို့ ရေးသားတင်ပြလိုက်ရပါတယ်…..။ 


 Myanmar Express 

အိုဘားမားမှ ဒေါ်စု အား နမ်းခြင်းအပေါ်တွင် NLD ပါတီဝင်ဟောင်းများ ဆန္ဒပြမည်

Posted by drmyochit Friday, November 23, 2012, under | No comments



မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား လာရောက် စဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် အိုဘားမားမှ ဒေါ်အောင်ဆန်း စုကြည် အား ပွေ့ဖက်နမ်းရှုံ့ခဲ့ပါတယ်။ ဒီလိုလုပ်တာကို ဒေါ်အောင်ဆန်း စုကြည် က လည်း ကြေနပ်ပြုံးပျော်နေခဲ့ပါတယ်။ဒီလိုမြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကြောင့် NLD ပါတီဝင်ဟောင်းများမှ အိုဘာမား ရဲ့ အနမ်းနဲ့ ပတ်သတ်ပြီး NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြဖို့ တိုင်ပင်ခဲ့ကြပါတယ်။
ဒီလိုဆွေးနွေး ခဲ့တဲ့အထဲမှာ ယခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှုရေးဖောက်ပြန် ခဲ့ဖူးတယ်လို့ နာမည်ကြီးနေတဲ့ ဒေးဗစ်လှမြင့်လည်း ပါဝင်ပါတယ်။ ထို့အပြင်၎င်းကိစ္စအပေါ် မြန်မာ့ယဉ်ကျေးမှုနှင့် အပ်စပ်ခြင်းမရှိတဲ့အတွက် ရန်ကုန်၊ ပဲခူးနဲ့ ညောင်လေးပင် မြို့နယ်များရှိ ပါတီဝင်ဟောင်းများမှ မကျေနပ်သဖြင့် ဆန္ဒပြရန် စီစဉ်နေကြပါတယ်။ NLD ပါတီနာယက ဦးဝင်းတင်မှ ၄င်းကိစ္စအား ပြေလည်အောင် ဖြေရှင်းချက်ပေး မည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆန္ဒပြမည့် ပါတီဝင်ဟောင်းများနှင့် တွေ့ဆုံပြီး ဖြေရှင်းချက်ပေး မည်ဖြစ်ကြောင်းသိရပါတယ်။
“ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် အိုဘားမား လာရောက်ခြင်းကို ကြိုဆိုသော်လည်း အမေရိကန် ကူညီမှ မြန်မာ့ယဉ်ကျေးမှုများကို စွန့်လွှတ်ရ မည်ဆိုခြင်းကို လက်မခံကြောင်း။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်နေလာတာဖြစ်ကြောင်း၊ မည်သည့်တိုင်းတပါးရဲ့ လွှမ်းမိုး ချုပ်ကိုင်မှုကိုမျှ မခံနိုင်ကြောင်း” ဆန္ဒပြပွဲတွင်ပါဝင်သော ပါတီဝင်ဟောင်းတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

 
 Myanmar Express 

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို သူတို့ ဘယ်လို သုံးသပ်ကြလဲ

Posted by drmyochit Friday, November 23, 2012, under | No comments


ပြည်ပနှင့် ပြည်တွင်း နှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုတရပ် ဖြစ်စေရမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။
အဆိုပါ ဥပဒေပါ နိုင်ငံတကာ စီးပွားရေး ကုမ္ပဏီကြီးများ ဝင်ရောက်လာစေနိုင်မည့် အချက်အလက်များ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို ကာကွယ်မှုပြုစေသည့် အချက်များ စသည်တို့ကို စီးပွားရေး လုပ်ငန်းရှင်များနှင့် မဇ္ဈိမက တွေ့ဆုံ၍ မဇ္ဈိမက သဘောထား မေးမြန်းသည်။

ကုန်သည်စက်မှုအသင်းချုပ်ဒုတိယဥက္ကဋ္ဌဦးလှမောင်ရွှေ…

“ဒါတွေစဉ်းစားကြမှာပါ”
“နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာအောင် ဆွဲဆောင်နိုင် ဖို့ဆိုရင် မြန်မာနိုင်ငံနဲ့ အပြိုင် စဉ်းစားနိုင်တဲ့ ဒေသတွင်း နိုင်ငံတွေထက် ဘယ်လိုအချက်တွေ သာနိုင်မလဲ။ ကမ်းလွန် လုပ်ကွက် ဓါတ်ငွေ့တူးဖော်တဲ့ လုပ်ငန်းတွေဆိုရင် လာအိုတို့၊ ကမ္ဘောဒီယားတို့မှာ မရှိဘူး။ ဒီကဏ္ဍဟာ အဲဒီနိုင်ငံတွေနဲ့ ယှဉ်စရာ မလိုဘူး။ ဒေသတွင်း နိုင်ငံတွေထက် အားသာချက် မရှိလည်း ဝင်ရောက်လုပ်ကိုင်ကြမှာပဲ။ “အထည်ချုပ် လုပ်ငန်းလိုဟာမျိုးကျတော့ ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရမယ့် သဘော ရှိတယ်။ လုပ်အားခ၊ ဥပဒေ အရ ဘယ်လောက် အကာအကွယ်ပေးထားသလဲ။ ငြင်းပွားမှုတွေ ဖြစ်လာရင် ဘယ်လို ရပ်တည်ချက်ပေးမလဲ။ သန်း ၆ဝ ဆိုတဲ့ လူဦးရေကလည်း သိပ်မသေးတဲ့ ဈေးကွက်ဆိုတော့ ဒါတွေအားလုံး လေ့လာပြီးမှ လာကြမှပါ။
“ဥပဒေ ထွက်ပြီးရင် နိုင်ငံခြားကုမ္ပဏီတွေ ပြင်ဆင်မှုတွေ၊ တည်ဆောက်မှုတွေ လုပ်နိုင်ပါတယ်။ တချို့နိုင်ငံခြားသား ကတော့ နည်းပဒေ ဆက်ထွက်တဲ့အထိ စောင့်ကြည့်နိုင်ပါတယ်” ဟု ဆိုသည်။

“ကဏ္ဍအလိုက်စဉ်းစားပုံရတယ်”

“အချို့နိုင်ငံခြား ကုမ္ပဏီတွေကျတော့ ကဏ္ဍအလိုက် စဉ်းစားဆုံးဖြတ်ကြပုံ ပေါ်တယ်။ Pepsi ကုမ္ပဏီဆို လူဦးရေ သန်း ၆ဝ ရှိတဲ့ ဈေးကွက်ကို ကြည့်ပြီး ရင်းနှီးမြှုပ်ဖို့ ဆုံးဖြတ်ပုံရတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာစေဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက တွန်းအားပေးသလို ဖြစ်နိုင်ပါတယ်။ “ဂျပန်ကုမ္ပဏီတွေ ကျတော့လည်း အထူးစီးပွားရေးဇုန် (SEZ) မှာ လုပ်ကိုင်မယ့်အဖွဲ့က ၄၉-၅၁ မူနဲ့ လိုက်ခံဖို့ အစကတည်းက ဆုံးဖြတ်ထားပုံရတယ်”ဟုဆိုသည်။

“ရှုထောင့်နှစ်ခုကကြည့်သင့်”
“ကားစက်ရုံ လိုဟာမျိုးမှာ ၁ဝဝ% ရင်းနှီးမြှုပ်နှံမှုမှ အပ အများစုနဲ့ဆိုင်တဲ့ လယ်ယာနဲ့ သားငါးကဏ္ဍတွေမှာ နိုင်ငံခြား ကုမ္ပဏီတွေကို ကန့်သတ်ချက်တွေ ရှိတယ်။ ဒါကလည်း နိုင်ငံသားတွေကို တစိတ်တပိုင်း ကာကွယ်ပေးတဲ့ သဘောပါ။ “တချို့ကိစ္စတွေကျတော့လည်း ရှုထောင့် နှစ်ခုက ကြည့်သင့်ပါတယ်။ ဦးနာအောက်နဲ့ ဧရာဝတီ သင်္ဘော အပြိုင် ပြေးဆွဲတဲ့ ယှဉ်ပြိုင်မှုမှာ အမျိုးသားရေးအနေနဲ့ ကြည့်ရင် ဦးနာအောက်ကို အားပေးသင့်တယ်။ ဈေးကွက်စီးပွားရေး စနစ်နဲ့ ကြည့်ရင် ဝန်ဆောင်မှု သာတဲ့သူကို စားသုံးသူက ရွေးချယ်သင့်တယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးလှမောင်ရွှေ က မြင်သည်။

ဂျပန်နိုင်ငံသို့ရေထွက်ကုန်အများဆုံးတင်ပို့နေသူဦးထွန်းအေး…
“စည်းကမ်းတကျဖြစ်ဖို့လို”
“အဲဒီဥပဒေမှာ နိုင်ငံခြားသားတွေ လုပ်နိုင် ကိုင်နိုင်အောင် ဖြေလျှော့ ပံ့ပိုးမှုတွေ အများကြီး လုပ်ပေးထားတာပါ။
မြန်မာနိုင်ငံထဲမှာ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ဥပဒေအတိုင်း တရားဝင် လုပ်ကိုင်လာသင့် ပါပြီ။ FDI ဥပဒေက အခုဝင်လာမယ့် နိုင်ငံခြားသားတွေ၊ နိုင်ငံခြားကုမ္ပဏီတွေကို စည်းကမ်းတကျ ဖြစ်အောင် ကျပ်မတ်ပေးဖို့ လိုပါတယ်။ “ဝင်လာမယ့် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူတွေကလည်း နိုင်ငံတကာမှာ နှံနှံစပ်စပ် လုပ်ကိုင်ခဲ့ဖူးတဲ့ သူတွေပဲ ဝင်လာမှာ ဖြစ်တယ်။ နိုင်ငံတကာရဲ့ အစီးပွားရေး လုပ်ငန်းတွေကို နားလည်တတ်ကျွမ်းပြီးသားပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ထုတ်ပြန်ထားတဲ့ FDI ကို လက်တလုံးခြားလုပ်ပြီး ဘောင်ဝင်အောင် လုပ်တာမျိုးတို့၊ ကျော်လုပ်တာမျိုးတို့ ပါလာမှာ ပဲ။ အဲဒီလို လူတွေအတွက် ဥပဒေနဲ့ သွေဖည်မသွားရအောင် အစိုးရပိုင်းက သေချာကြပ်မတ်ဖို့ လိုပါတယ်” ဟု ဆိုသည်။

နိုင်ငံခြားကုမ္ပဏီတွေအလွယ်ဝင်လာနိုင်အောင်
“စက်မှုဇုန်တွေမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ် နှံသူတွေ ဝင်ရောက် လုပ်ကိုင်ချင်လောက်အောင် လိုအပ်ချက်တွေ
ဖြည့်ဆည်းထားတာ မတွေ့ရသေးပါဘူး။ စက်မှုဇုန်တခုရဲ့ အဓိက အင်္ဂါရပ်တွေဖြစ်တဲ့ လမ်း၊ မီးရေ ဆက်သွယ်ရေး စတဲ့ Infrastructure တွေသာ အဆင်သင့် ဖြစ်နေရင် နိုင်ငံခြားရင်းနှီးမြှုပ်နံသူတွေ အလွယ်တကူ ဝင်လာနိုင်ပါတယ် အခုဖြစ်နေတာက စက်မှုဇုန် ဖော်ပြီးတာနဲ့ လမ်းက ပျက်ပြီ။ ရေဆိုးစွန့်တဲ့စနစ်ကို လုပ်တဲ့ စက်ရုံက လုပ်၊ မလုပ်တဲ့ စက်ရုံက စက်ရုံကမလုပ်။ ရေမြောင်းတွေ စီးဆင်းမှုကလည်း စနစ်တကျလုပ်ထားတာ မတွေ့ရဘူး။ ရေဆိုးစွန့်ပစ်တဲ့ ကိစ္စကို စက်ရုံတရုံချင်းစီက လုပ်ရင်ကုန်ကျစရိတ် သိပ်များတယ်။ ဇုန်ကြီးတခုလုံးအတွက် စက်မှုဇုန်ဆောက်က တည်းက ထည့်သွင်းတည်ဆောက်ဖို့ လိုပါတယ်” ဟု အကြံပြု ပြောဆိုသွားသည်။

ပြည်ပဆောက်လုပ်ရေးပစ္စည်းများတင်သွင်းနေသူဦးကိုကိုထွေး...

“ကော်မရှင်ဥက္ကဋ္ဌအပေါ်မှာအများကြီးမူတည်သွားနိုင်တယ်”
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းချက် တွေထဲက အခန်း (၅) မှာပါတဲ့ ‘နိုင်ငံခြားသားသည် တားမြစ်သည့် လုပ်ငန်း၊ ကန့်သတ်သည့် လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်လိုပါက နိုင်ငံခြား မတည်ငွေရင်း အချိုးကို နည်းဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် အချိုးအတိုင်း အဆိုပြုနိုင်သည်’ လို့ ပါလာတဲ့အတွက် အဓိက ကော်မရှင် ဥက္ကဋ္ဌရဲ့ သဘောထားအပေါ်မှာ အများကြီး မူတည်သွားနိုင်ပါတယ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု့ဥပဒေအခန်း(၆)မှာလည်း
‘ရင်းနှီးမြှုပ်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဤ ဥပဒေပါလုပ်ငန်း တာဝန်များကို ဆောင်ရွက်နိုင်ရန် သင့်လျော်တဲ့
ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တဦးအား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း’ လို့ ပါရှိလာတဲ့ အချက်က သင့်တော်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်ဟာ ကော်မရှင်အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဦးဆောင်မယ့် သူလည်း ဖြစ်တယ်။ သူရဲ့ သဘောထားနဲ့လည်း လုပ်ငန်းတွေကို ဆုံးဖြတ်ဆောင်ရွက်ရမှာ ဖြစ်တယ်။

“ရင်းနှီးမြှုပ်မှု ကော်မရှင် ဥက္ကဋ္ဌဟာ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေအတွက် တခုတည်း မဟုတ်ဘဲ၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူ (သို့မဟုတ်) တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့လည်း သက်ဆိုင်မယ့် ပုဂ္ဂိုလ်မျိုး ဖြစ်မယ်။ ဒါကြောင့်ကော်မရှင် ဥက္ကဋ္ဌ ရွေးချယ်ရာမှာ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို အမှန်တကယ် အကျိုးရှိနိုင်မှုကို တွက်ဆနိုင်တဲ့ ပုဂ္ဂိုလ်မျိုး စြဖ်သင့်ပါတယ်” ဟု ပြောဆိုသည်။

ကိုရီးယားနိုင်ငံသို့ မြန်မာထီးများ ထုတ်လုပ်တင်ပို့နေသူ ဦးသန်းလွင်…

“အခုထုတ်ပြန် လိုက်တဲ့ဥပဒေဟာ လုပ်သာ - ကိုင်သာရှိတဲ့ ဥပဒေပါ။ ပြည်တွင်း လုပ်ငန်းရှင်ရော၊ ပြည်ပလုပ်ငန်းရှင်တွေပါ နှစ်ဦး နှစ်ဖက် လုပ်သာကိုင်သာနိုင်ပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်အများစု စိုးရိမ်သလို စိတ်ပူစရာ သိပ်မရှိပါဘူး။ ပြည်တွင်းကုမ္ပဏီတွေကို ထိုက်သင့်သလောက် အကာအကွယ် ပေးထားပါတယ်။ တခုပဲရှိတယ် အခြေခံ အဆောက်အအုံတွေကို ပြည့်စုံအောင် လုပ်ပေးဖို့ပဲ လိုပါတယ်။ “မကြာခင် ဝင်လာမယ့် နိုင်ငံခြား ကုမ္ပဏီတွေမှာ မြန်မာလုပ်သားတွေ လစာ ထိုက်ထိုက်တန်တန် ရနိုင်ပါတယ်။မြန်မာလုပ်သားတွေ ဘက်ကလည်း နိုင်ငံတကာ လုပ်သားတွေရဲ့ လုပ်နိုင်စွမ်းအားတွေလို လုပ်နိုင်စွမ်းအားတွေကိုမြှင့်ပေးဖို့ လိုပါတယ်။ “စက်မှုဇုန် မြေလွတ်တွေရဲ့ ၈ဝ% က ထုတ်လုပ်မှု မရနိုင်သေးပါဘူးလို့ ပြည်တွင်း ဂျာနယ် တစောင်မှာ တွေ့လိုက် ရပါတယ်။ ဥပဒေအရ မြေကွက် ချပေးပြီးရင် ၁ နှစ် အတွင်း စက်ရုံ ဆောက်ရမယ်။ ၉ လ အတွင်း လည်ပတ်ရမယ် လို့ သိထားပါတယ်။ စက်မှုဇုန် မြေကွက်တွေ ရထားတာ ၁ဝ နှစ် ကျော်ပြီ။ တချို့က ဘာမှမလုပ်ဘဲ ပစ်ထားတယ်။ တချို့က ဂိုဒေါင်တွေ လုပ်ထားတယ် စက်မှုဇုန်မှာ ဂိုဒေါင်ဆောက်တာက သိပ်သဘာဝမကျတဲ့ ကိစ္စပါ။ အခြေအနေပေးလို့ ရထားတဲ့ မြေကွက်တွေကို ဘာမှမလုပ်ရင် ပြတ်ပြတ်သားသား သိမ်းပစ်သင့်ပါတယ်။ တကယ် လုပ်မယ့် ကိုင်မယ့်သူတွေကို ချထားပေးသင့်ပါတယ်” ဟု ပြောဆိုသွားသည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အဆင့်မြင့် တာဝန်ထမ်းဆောင်ပြီး (အငြိမ်းစား)ယူခဲ့သူ ဦးသူရကျော်…
“တရားဥပဒေစိုးမိုးရေးကိုလည်းကြည့်ပါတယ်”
နိုင်ငံခြားသားက နိုင်ငံတနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ တော့မယ်ဆိုရင် သူ့အတွက် လုံခြုံမှု၊ တရားဥပဒေ စိုးမိုးမှုကိုလည်း ကြည့်ပါတယ်။ အခုချိန်မှာ ကျန်နေသေးတဲ့ လက်နက်ကိုင် အဖွဲ့အချို့တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို လက်တွဲဆောင်ရွက်နေပါပြီ။ အရင် အညိုရောင် နယ်မြေတွေမှာ နိုင်ငံခြားသားတွေ တရားဝင် သွားလာနိုင်တာကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်မှာ လာရောက်လုပ်ကိုင်ချင်အောင် ဆွဲဆောင်နိုင်မှုတခုပါ။

“အောက်ခြေအဆင့်အထိလိုက်ပါအောင်တွန်းအားပေးသင့်”
“အခုချိန်မှာ နိုင်ငံခေါင်းဆောင်ပိုင်း အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အင်တိုက်အားတိုက် လိုက်ပါဆောင် ရွက်နေသလို အောက်ခြေအဆင့်တွေကပါ လိုက်ပါဆောင်ရွက်အောင် တွန်းအားပေးသင့်ပါတယ်။ ဌာနတွေမှာ အပေါ်က ဆောင်ရွက်ခွင့်ပြုပြီးတာတောင်မှာ အောက်ခြေအဆင့်တွေမှာ ကြန့်ကြာမှုတွေ၊ အဆင်မပြေမှုတွေက ဒီနေ့အထိ ဌာနအများစုမှာ ကြုံတွေ့နေရဆဲပါ။ ဒါ့ကြောင့် အောက်ခြေအဆင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းတွေပေးပြီး ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာတဲ့အချိန်မှာ အဲဒီအခက်အခဲတွေ ကို ဖြေရှင်းနိုင်အောင် ကြိုတင်ပြင်ဆင်ဖို့တော့ လိုပါလိမ့်မယ်” ဟု ဝန်ကြီးဌာန အငြိမ်းစားအရာရှိ ဦးသူရကျော် က ပြောဆိုသည်။

ဘဝမှာ ဝါသနာ မပါတာ လုပ်နေရတဲ့အခါ

Posted by drmyochit Friday, November 23, 2012, under | No comments


မနက်က ညီမလေး ဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမ ဒီကျောင်း ဆက်မတက်ချင်တော့ဘူး။ အဝေးသင် မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး စကားကြားရတာပါပဲ။
စာရေးသူရဲ့  ညီမလေးက အတန်အသင့် ထူးချွန်ပါတယ်။ ၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး သူတက်ချင်တဲ့ တက္ကသိုလ်တစ်ခု အမှတ်မမှီလို့ အမှတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ်တစ်ခုကို တက်ပါတယ်။ အခုတော့ သူမ အခု တက်နေတဲ့ တက္ကသိုလ်မှာလည်း ပညာပုံမှန် သင်ကြားပြီး နှစ်ချင်းပေါက် အောင်ပါတယ်။ နှစ်နှစ်ပြည့်ပြီး တတိယနှစ် တက်ဖို့ စောင့်ဆိုင်းနေချိန်ခါမှ ယခုလို ရုတ်တရက် စကား ဆိုလာခြင်း အတွက် အံ့သြခဲ့ရပါတယ်။ သို့ပေမယ့် သေချာပြန်စဉ်းစား ကြည့်လိုက်ချိန်တော့ မအံ့သြတော့ ပါဘူး။ ဘာလို့လဲဆို စာရေးသူ ညီမလိုပဲ၊ စာရေးသူ ကိုယ်တိုင် လိုပဲ ဘဝမှာ ဝါသနာမပါတာ၊ စိတ်မပါတာ လုပ်နေရတယ်လို့ ခံစားနေရ သူပေါင်း မြောက်များစွာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုခံစားနေရ သူများ၊ ဖြစ်နေသူများကို စာရေးသူ အကြံပေးလိုသော ဆန္ဒများ ဖြစ်လာရ ပါတယ်။ အကယ်၍ စာဖတ်သူသာ ကိုယ်ဝါသနာ မပါတာ လုပ်နေရတယ်လို့ ယူဆရင် အောက်ပါ အချက်များကို သေချာ လေ့လာသင့်ပါတယ်။
ဝါသနာဆိုတာ…
ကိုယ်တိုင်ကို ဘာကို ဝါသနာ ပါလို့ ပါမှန်းမသိ ကြီးပြင်းရတဲ့ လူများလည်း မနည်းပါဘူး။ ဒီတော့ အားလုံးရဲ့  ရည်မှန်းချက်ပန်းတိုင်က ချမ်းသာ ကြွယ်ဝမှု ဖြစ်လာပါတယ်။ ချမ်းသာပြီးသားလူကျတော့ ဒီထပ်မချမ်းသာရင်တောာင် ဒီထက် ပိုဂုဏ်ရှိတဲ့ နေရာ တစ်ခုအတွက် ရည်မှန်းချက်ထား ကြိုးစားရပြန်ပါတယ်။
စာဖတ်သူ ၁၀ ယောက်တည်းမှာ ငွေကြေး အခက်အခဲ ရှိနေသူ တစ်နည်း ချမ်းသာချင်သူ ၇ ယောက်ထပ် မနည်း ရှိမယ်ဆိုတာ ကြိမ်းသေပြောရဲပါ တယ်။ ဒီတော့ အားလုံးရဲ့  ရည်မှန်းချက်က ငွေကြေးချမ်းသာဖို့ ဖြစ်လာပြီး ချမ်းသာတယ်ဆိုတာ ပန်းတိုင် တစ်ခု ဖြစ်လာပါတယ်။ ဒီတော့ ယင်းပန်းတိုင်ကို သွားရမယ့် နည်းလမ်းက ဆရာဝန်လို့ ယူဆတဲ့သူက ဆရာဝန်ဖြစ်ဖို့ ကြိုးစားတယ်။ စစ်ဗိုလ်ဖြစ်အောင် ကြိုးစားမယ်၊ အင်ဂျင်နီယာ ဖြစ်အောင် ကြိုးစားမယ်။ သင်္ဘောသား ဖြစ်အောင် ကြိုးစားမယ် အစရှိသဖြင့် ကိုယ့် အခြေအနေ နဲ့  အဖြစ်နိုင်ဆုံးကိုပဲ ရွေးချယ် သွားကြပါတယ်။ အားလုံးကို မဆိုလို။ အများစုသော အရေအတွက်ကို ဆိုလိုပါတယ်။ ချမ်းသာဖို့ မဟုတ်ပါဘူး- အေးဆေး ငြိမ်းချမ်းတဲ့ ဘဝတစ်ခု တည်ဆောက်နိုင်ဖို့ အတွက်လေးပါ ဆိုရင်လည်း ဒီထဲမှာ အကြုံးဝင်ပါတယ်။ အထက်ပါအတိုင်း တွေးသော စာဖတ်သူများ တကယ် ချမ်းသာလာနိုင်ပါတယ်။ ဖြစ်မလာသူများ ကျရှုံးရသလိုလည်း ဆင်းရဲတွင်းက မလွတ်နိုင် သူများလည်း ရှိလာနိုင်ပါတယ်။ ဒီတော့ ဆရာဝန်တွေ ဖြစ်သွားကြ၊ အင်ဂျင်နီယာတွေဖြစ်သွားကြ၊ အရာရှိတွေ ဖြစ်သွားကြပေမယ့် ကိုယ့်ကိုယ်ကို ဘာဝါသနာ ပါလို့ ပါမှန်း မသိခဲ့ပါဘူး။ အသက်အရွယ်တွေ ရလာပြီး ရာထူးတစ်ခု၊ စည်းစိမ် တစ်ခု ပိုင်ဆိုင်ရပေမယ့်လည်း ငါဘာ ဝါသနာ ပါခဲ့လဲ၊ ဘာလုပ်ချင်ခဲ့သလဲ ဆိုတာ ကိုယ်တိုင်တောင် ဖြေရခက်တဲ့ မေးခွန်း ဖြစ်လာတတ်ပါတယ်။ အချို့ ကျတော့ ငြင်းပါတယ်။ ငြင်းမှာပါ။ နေရာတစ်ခု၊ ငွေတစ်ခု၊ အသိုင်းအဝိုင်း တစ်ခုရပြီ ဖြစ်တဲ့အတွက် ငါဝါသနာပါတာ ဒါတွေပါဆိုပြီး ဟန်ရေးလုပ် ပြောတဲ့အခါ မေးခွန်း ထုတ်မယ့်သူလည်း မရှိတော့ပါဘူး။ ဒီမှာ ဘယ်သူတွေ နစ်နာမှု ရှိသလဲဆိုတာ လေ့လာရပါမယ်။
မိမိကိုယ်ကိုရော တိုင်းပြည်ကိုရော- ကြီးကြီးမားမားပြောရရင် လောက တစ်ခုလုံးကို နစ်နာစေပါတယ်။ အိုင်းစတိုင်း တစ်ယောက် ဆင်းရဲပေမယ့် ဝါသနာ အထုံတစ်ခုကြောင့် တစ်နေ့တော့ ကမ္ဘာကြီး တစ်ခုလုံးကို ပြောင်းလဲပေးခဲ့ပါတယ်။ မီးသွေးဖိုမှာ အလုပ်လုပ်တဲ့ လင်ကွန်းက အမေရိကန် သမ္မတ ဖြစ်လာရပါတယ်။ ဥပမာ ပြရရင် ဒီတော့ မနည်းပါဘူး။ ဒီတော့ စာရေးသူ လိုရင်းက ဝါသနာ ပါရာကို ဦးစားပေး လုပ်ရင် ဘာမဆို ထိုးထိုးဖောက်ဖောက် အောင်မြင်လို့ တိုင်းပြည်ကြီး တစ်ခုလုံး၊ ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ပြောင်းလဲပေးနိုင်တယ် ဆိုတဲ့အချက်လို့ စာဖတ်သူတို့ ရိပ်မိမယ် ထင်ပါတယ်။ ဒီတော့ စာရေးသူတို့ မြန်မာနိုင်ငံတွင်းမှာ ဝါသနာ အထုံ ပါတဲ့ ကလေးငယ်လေးတွေကို သေချာ ပြုစုပျိုးထောင်ပေးနိုင်ရင် တိုင်းပြည်မှာ ကမ္ဘာက လေးစားရတဲ့ အောင်မြင်မှုကြီးများ၊ ပေါက်ရောက်မှုကြီးများ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြမယ် ထင်ပါတယ်။


ယခုမှ ဝါသနာ တစ်ခု ရွေးသတ်မှတ်ခြင်း
ဒါဆို စာဖတ်သူတို့ က ဆိုပါမယ်။ ငါ ဝါသနာ ပါတာရှိခဲ့တယ်။ တိုင်းပြည်အခြေ အနေကြောင့်၊ ပတ်ဝန်းကျင် အခြေအနေကြောင့် ဒီဝါသနာကို စွန့်လွတ်လိုက်ရတာ- အစရှိသဖြင့် ဆိုနိုင်ပါတယ်။ စာရေးသူ မငြင်းနိုင်ပါဘူး။ သို့သော်လည်း ဒီအတွက် အဖြေရှိပါတယ်။ စာဖတ်သူက အရင်ဆုံး ကိုယ့်ဝါသနာကို အဓိပ္ပါယ် ဖွင့်ရပါမယ်။ အကြမ်းချင်းလိုအပ်ချက်ကတော့ မိမိပါတဲ့ ဝါသနာဟာ ၁- မိမိအတွက်ကောင်းကျိုးပြုရမယ်၊ ၂- သူတစ်ပါး အတွက် ကောင်းကျိုးပြုရမယ်။ ဒီနှစ်ချက် ခိုင်လုံရင် စာဖတ်သူ ထားတဲ့ ဝါသနာဟာ တကယ် မှန်သွားပါပြီ။ ဝါသနာ ဆိုတာ ထင်ပေါ်ကျော်ကြားမှု တစ်ခုမဟုတ်ပါဘူး။ ပြောင်းလဲပေးနိုင်မှု ဖြစ်ရပါမယ်။ ဥပမာ- မိမိဝါသနာ ပါလို့ ဖန်တီးချပြလိုက်တဲ့ အရာဟာ လူသားအားလုံးအတွက် ကောင်းကျိုးပြု တယ်ဆိုရင် အလိုအလျာက် ထင်ပေါ်ကျော်ကြားပါတယ်။ ထင်ပေါ်ကျော်ကြားဖို့အတွက် ဝါသနာ တစ်ခုထားတယ်ဆိုတာ အမှန်တော့ လောဘ တစ်မျိုးသာ ဖြစ်ပါတယ်။ ဝါသနာ မဟုတ်ပါဘူး။ စာဖတ်သူ တစ်ဝက်လောက်မှာ ကိုယ်ဝါသနာ ပါတာ ဘာလဲဆိုတာ မသိကြလောက်ပါဘူး။ သို့ပေမယ့် နောက် မကျသေးပါ။ လက်ရှိ ကိုယ်ဝါသနာ ဘာပါတယ်ဆိုတာကို မသိသေးတာကိုပဲ အဆင်ပြေတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါဆို ဝါသနာ တစ်ခု စထားမယ်ဆိုရင်
၁။ ကိုယ့်အတွက်ကော၊ အများအတွက်ကော ကောင်းကျိုးပြုရပါမယ်။
ဒီအဆင့်မှာကတည်းက တွက်ချက် ရွေးချယ်ပါ။ လက်ရှိ ရောက်နေတဲ့ အနေအထားအရ ကိုယ့်အတွက် အဆင်ပြေမယ်၊ ကိုယ်ကလည်း ကျွမ်းကျင်နေ မယ်၊ ဖြစ်လာဖွယ်လည်း တကယ်ရှိတယ်ဆိုရင် ကိုယ်ထားတဲ့ ဝါသနာက မှန်ပါပြီ။ ဥပမာ- စာဖတ်သူက အထည်ဆိုင်မှာ အထည်ရောင်း ဝန်ထမ်း လုပ်နေရတယ် ဆိုပါစို့။ အထည်နဲ့ ပက်သက်ပြီး လေ့လာအားတစ် ခုခုရှိလို့ စိတ်ဝင်စားလို့ လေ့လာရင်ပို သိလာတဲ့အခါ ဒီအပေါ် အခြေခံလို့ ကိုယ်ဘာများ လုပ်နိုင်မလဲဆိုတာ လမ်းစရှာပါမယ်။ အဖြစ်နိုင်ဆုံး ပြောရရင် ကမ္ဘာ့အနှံ့ဖြန့်ချိတဲ့ အဝတ်အထည်လုပ်ငန်း (သို့မဟုတ်) ကမ္ဘာ့အလှဆုံး အဝတ်အထည်များ ဖန်တီးသူ ဒီဇိုင်နာ အစရှိသဖြင့် အစုံးစွန်ထိ စိတ်ကူးယဉ်လို့ရပါတယ်။ တကယ် အကောင်အထည်ဖော်ဖို့လည်း ခံယူချက် ရှိထားရင် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောရဲပါဘူး။
ဗီဇဝါသနာ ကို အကောင်အထည်ဖော်ခြင်း
အချို့ ကျတော့ ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့အရာ၊ လုပ်ချင်တဲ့ အရာ၊ ကိုယ်ဝါသနာ ပါတဲ့ အရာ ရှိနေပြန်ပါသေးတယ်။ မိဘက အတင်း တိုက်တွန်းလို့၊ ပတ်ဝန်းကျင် ပယောဂအမျိုးမျိုးကြောင့် အခြားလမ်းပေါ် ကို လျှောက်နေရပြီ ဆိုပါစို့။ ဒီမှာ ကိုယ်ဝါသနာ ပါတဲ့ အရာမှာ တကယ် ထူးချွန်သလား၊ မထူးချွန်သလားဆိုတာကို အရင် စမ်းစစ်ရပါမယ်။ အချို့ ကျတော့လည်း သီချင်းဆိုတဲ့ ဂီတအနုပညာကို ဝါသနာ ပါတယ်ဆိုပါတယ်။ သို့သော်လည်း အသံက အဆိုတော်တွေလို မကောင်းတော့ မိမိထားတဲ့ ဝါသနာဟာ ရူးသွပ်လို့ မအောင်မြင်နိုင်ဘူး ဆိုတာကို သိထားသင့်ပါတယ်။ ဒါဆိုရင် လက်လျော့ပြီး အထက်ဖော်ပြပါ ဝါသနာ တစ်ခုရွေးချယ်ခြင်ကို ဖတ်ရှု ကျင့်သုံးသင့်ပါတယ်။
အကယ်၍ ကိုယ်ဝါသနာပါတဲ့အရာမှာလည်း တကယ် ထူးချွန်နိုင်အခွင့် အလမ်း ရှိတယ်။ တကယ်လည်း အောင်မြင်နိုင်တယ်လို့ သက်သေ အထောက်အထား ခိုင်လုံရင်၊ ယုံကြည်ချက် ရာနှုန်းပြည့်နေရင် လုံးဝ လက်မလျော့ပါနဲ့တော့။ လက်ရှိ လုပ်နေတဲ့အလုပ်၊ လက်ရှိ လျှောက်နေတဲ့ လမ်းကြောင်းက လုံးဝ စွန့်ခွာနိုင်ပါတယ်။ စာဖတ်သူက ကိုယ်အောင်မြင်မယ်လို့ ကြိမ်းသေ သိရှိပြီး အလောင်းအစား လုပ်ရဲပြီဆိုရင် ကိုယ်ဝါသနာ ပါရာလမ်းကို စလျှောက်နိုင်ပါပြီ။ ဥပမာ တက်လက်စကျောင်းက ပြီးတော့မယ်ဆိုရင် ပြီးအောင် ဆုံးအောင်တက်နေပြီး တစ်ဖက်မှာ ကိုယ်အောင်မြင်ဖို့ သေချာတဲ့အလုပ်ကို ခိုင်ခိုင်မာမာ လက်ဆွဲလို့ လုပ်ကိုင် သင့်ပါတယ်။ ယင်းဝါသနာ အတွက် ငွေကြေးအထောက်အပံ့က ဒီအလုပ်လုပ်မှ၊ ဒီကျောင်းတက်မှ ရနေမယ်ဆိုရင်လည်း တစ်ဖက်ကို လုံးဝ စွန့်လွန့်လိုက်ခြင်းမျိုး မဟုတ်ပဲ ကိုယ်ဝါသနာပါတဲ့ အရာအတွက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေတယ်ဆိုတဲ့ ခံယူချက် ရှိရပါမယ်။ ဒါဆိုရင် အားလုံး အဆင်ပြေသွားပါပြီ။ ဝါသနာလည်း မစွန့်လွတ်ရသလို လုပ်နေကျ လုပ်ငန်းဆောင်တာ လည်း မပျက်ပါဘူး။
အချို့ ကျတော့လည်းဆိုပါတယ်။ ငွေအလုံအလောက် မရှိဘူး။ ဝါသနာကို အကောင်အထည် ဖော်လို့ မဖြစ်ဘူး။ ဒါတွေကို အထက်ပါ နှစ်ချက်လုံး မှာကတည်က ကြိုတင် စဉ်းစားတွက်ချက်ရမှာ ဖြစ်ပါ တယ်။ ငွေဆိုတာ ကလည်း ဝါသနာကို အကောင်အထည်ဖော်ရာမှာ ဗီလိန်ကြီး တစ်ခုလို ဖြစ်နေတတ်ပါတယ်။ ဒါကို စာဖတ်သူတို့ သိရှိ နားလည်ထားဖို့ လိုအပ်ပါတယ်။ မိမိမှာ ရှိနေတဲ့ ငွေကြေး၊ ထောက်ပံ့ပေးနေသော ငွေကြေး အရင်းအနှီး ထားရှိတဲ့ ဝါသနာ ပန်းတိုင် အစရှိသဖြင့်တို့ အားလုံး တွက်ချက်ပြီး စနစ်ချ ကြိုးပမ်းလို့ ဖြစ်လာနိုင်ပါတယ်။
ဒီလောက်ဆိုရင် ဝါသနာ ရှိသူရော၊ ဝါသနာ မရှိသူရော၊ ဆင်းရဲလို့ ဝါသနာ မဖန်တီးနိုင်သူရော၊ ချမ်းသာသော်လည်း ဝါသနာ မရှိသူရော အားလုံး နည်းမှန်းလမ်းမှန်နဲ့ အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆပါတယ်။ စာဖတ်သူက ဘာမှ ဝါသနာမပါဘူး။ အေးအေးနေ၊ အေးအေးစား၊ ဘဝ ဆိုတာ ပေါ့ပါးနေတာကိုက ဝါသနာပါလို့ အကြောင်းပြချက် ပေးမယ်ဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတဲ့ လူတစ်ယောက်ပါလို့ ပြောနေတာနဲ့ အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝါသနာ တစ်ခုခု ရှိကို ရှိသင့်တယ်လို့ အလိုအလျောက် သိထားသင့်ပါတယ်။
ဝါသနာပါတာလည်း ရှိနေမယ်၊ တကယ်လည်း အကောင်အထည် ဖော်ပြီဆိုရင် မိမိပတ်ဝန်းကျင် အသိုက်အဝန်း တင်မကပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးမှ ကမ္ဘာ့လူသာားအားလုံး အထိ အကျိုးပြုတော့မယ်ဆိုတာ စာရေးသူ ယုံကြည်ပါတယ်။

အောင်ခမ်း (TSJ team)

ရခိုင်ပြည်နယ်အတွင်းပဋိပက္ခဖြစ်အောင်ဖန်တီးခဲ့သူ ဒေါက်တာထွန်းအောင် အား ပြစ်ဒဏ် ၁၈ နှစ် ချမှတ်လိုက်ပြီ

Posted by drmyochit Friday, November 23, 2012, under | No comments


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်အောင် ဖန်တီးခဲ့သူ ဒေါက်တာထွန်းအောင် အား မနေ့က ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။ ထိုသို့ပြစ်ဒဏ်ချမှတ် ရာတွင် စွဲချက်များအရ သီးခြားခွဲခြားကာ ပြစ်ဒဏ်ချမှတ် ခြင်းဖြစ်ပြီး မနေ့က ချ မှတ်သော ပြစ်ဒဏ်တွင် ၁၅ နှစ်၊ ယခင် ပြစ်ဒဏ်တစ်ခုအတွက် ၃ စုစုပေါင်း ၁၈ နှစ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုကို ပျက်ပြားစေတဲ့ အမှုအပေါ်အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ-၅(ည)အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၈ နှစ်ကို သီးခြားစီ ထပ်မံကျခံစေဖို့ မနေ့က ချမှတ်ခဲ့သည်။
ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က) အရ ထောင်ဒဏ် ၃ နှစ်ကျခံစေဖို့ စစ်တွေခရိုင် တရားရုံး ကပဲ အမိန့် ချမှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ ပုဒ်မတွေအတွက် မနေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်သည်။ ဒေါက်တာထွန်းအောင် သည် ဘင်္ဂလီတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ဖြစ် ပေါ် ခဲ့သော ပဋိပက္ခဖြစ်ပေါ်အောင် ဖန်တီးခဲ့သူ တစ်ဦးဖြစ်ပြီး နောက်ကွယ်က ကြိုးကိုင်သူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

RCSS/SSA ၏ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ် ကျေးသီးစော်ဘွားမျိုးဆက် ကွယ်လွန်

Posted by drmyochit Friday, November 23, 2012, under | No comments


သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော်၏ ဥပဒေပိုင်းဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ကျေးသီးစော်ဘွားမျိုးဆက် စဝ်အွတ်ကျေးဆီး လူကြီးရောဂါဖြင့် တောင်ကြီးမြို့၌ ကွယ်လွန်ပြီဖြစ် ကြောင်း သိရ သည်။ “စဝ်အွတ် ကျေးဆီး အသက် ၆၅ နှစ် နိုဝင်ဘာ ၂၁  မနေ့ည ၉ နာရီခွဲ တောင်ကြီးမြို့ ထွန်းဆေးခန်းမှာ ဆုံးတာ။ သက်ကြီးရောဂါနဲ့ပေါ့ဗျာ။ RCSS/SSA မှာ တာဝန်ထမ်းဆောင်နေဆဲ။ ဒီနေ့ဘဲ တောင်ကြီးမှာ သင်္ဂြိုဟ် တယ်။ ပြီးမှမိသားစုဆီကို အရိုးပြာဘဲပို့မယ်။ တောင်ကြီးမြို့ ပိဋကတ်ကျောင်းတိုက်မှာ ၂၄ ရက်နေ့ ကျရင် ဆွမ်းကပ် မယ်” ဟု ကွယ်လွန်သူ၏ တူတော်စပ်သူ ကာတွန်းဟန်လေးက ပြောပါသည်။

          စဝ်အွတ်ကျေးဆီး အသက် ၆၅ နှစ် ခေါ် စဝ်နော်ခမ်းအူသည် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်း ပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့၏ တတိယအကြိမ်   ပြည်ထောင်စု အဆင့်   ဆွေးနွေးပွဲ   ပြင်ဆင် ရေးအတွက်သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့ သွားရောက် တာဝန်ထမ်းဆောင် နေစဉ် ကွယ်လွန် ခဲ့ခြင်း ဖြစ် သည်။ ၎င်းသည် သျှမ်းပြည်တောင်ပိုင်း ကျေးသီးဟော်နန်းတွင် ၁၉၄၇ ဂျူလိုင်လ ၁၉ ရက်က   မွေးဖွားခဲ့သည်။ ကျေးသီးစော်ဘွား၏ အိမ်ရှေ့မင်းသား စဝ်စိန် နှင့် နောင်မွန်စော်ဘွားညီမတော် စဝ်ကြည်တို့၏ သားသမီး ၁၁ ဦးအနက် ၈ ယောက်မြောက်သား ဖြစ်သည်။ ၎င်း၏ဘကြီးတော်စပ်သူ နောင်မွန် စော်ဘွား ဆာစဝ်ထွန်းရင်သည် မိခင်ဖြစ်သူ စဝ်ကြည်၏အစ်ကို အရင်း ဖြစ် သည်။ ဆာစဝ်ထွန်းရင် သည် ၁၉၄၆ ကအင်္ဂလိပ်အစိုးရထံမှ  “Most Excellent Order of the British Empire (MBE)” ဆု ချီးမြင့် ခြင်းခံ ရသည့်   စော်ဘွားတဦးဖြစ်ပါသည်။       

                စဝ်အွတ်ကျေးဆီးသည် တောင်ကြီးမြို့၌ ကျောင်းတက် ပညာသင်ယူစဉ် ဒု သမ္မတဟောင်း သီဟသူရ တင်အောင် မြင့်ဦးနှင့်လည်း  အတန်းဖော်ဖြစ်ခဲ့ ဖူးသည်ဟုဆိုပါသည်။ ဥပဒေ BA Law (LLB) ဘွဲ့ရ စဝ်အွတ် ကျေးသီးသည် တောင်ကြီးမြို့တွင် ရှေ့နေအလုပ်လုပ်ကာ ခွန်ဆာ၏ မုံးတိုင်းအာမီ MTA လက်နက်မချခင် တနှစ်ခန့်ကပင် တော်လှန်ရေးနယ်သို့ ရောက်ရှိခဲ့သည်။ သျှမ်းပြည်တပ် မတော် RCSS/SSA သို့ ၁၉၉၅ က ရောက်ရှိကာ နိုင်ငံခြားဆက်ဆံရေး အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း မဟာမိတ် ဆက်ဆံရေး အဖွဲ့ ခေါင်းဆောင် အဖြစ်လည်းကောင်း တာဝန်ယူခဲ့ပြီး ကွယ်လွန်ချိန်တွင်မူ ဥပဒေပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ထမ်းဆောင်နေသူဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး နန်းမြစိန် နှင့် သားတယောက် သမီး တယောက် ကျန်ရစ်ခဲ့သည်။
Posted in: သတင်း

KIA အဖွဲ့ လက်ဝှေ့ကြိုးဝိုင်းပေါ်တက်ပြီး စိန်ခေါ်နေပြီ ……

Posted by drmyochit Friday, November 23, 2012, under | No comments


ကချင်ပြည်နယ်အတွင်းမှာ (၂၀၁၂) ခုနှစ် ဇွန်လကတည်းက စစ်တပ်နဲ့ KIA တပ်ဖွဲ့ကြားတိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး ပြည်နယ်တွင်နေထိုင်ကြတဲ့ အခြေခံ လူတန်းစားတိုင်းရင်းသားလူမျိုးများ အနေ နဲ့ ကိုယ့်နယ်မြေ ကိုယ့် ဒေသမှာ မစိုက်နိုင်မပျိုးနိုင်လို့ ဆန်ရေစပါးတွေ တဖြည်း ဖြည်းနဲ့ ရှားပါးလာခဲ့ပါပြီ။
          ဒါ့အပြင် စစ်ရေးအရဆိုပြီး အဓိက ကားလမ်းတွေမှာ ရှိတဲ့ တံတားတွေမိုင်းခွဲ ဖျက်ဆီးပစ်လို့ တစ်ခြား ဒေသကနေ စားစရာတွေ သယ်ဆောင်လို့ မရနိုင်တော့ဘဲ လူမသိ သူမသိထမင်းငတ်လို့ သေတဲ့လူ လည်း သေကုန်ကြပြီလို့ ကြားသိရပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ စစ်တပ်ကိုဖြတ်တာဘဲ…… စစ်တပ်ကမပြတ်ဘဲ ဒေသခံ ပြည်သူလူထုတွေသာ ဆိုးကျိုးတွေ တစ်ခုပြီးတစ်ခု ခံစား နေရတာကို ရင်နင့် ဖွယ်ရာတွေ့ မြင်ခံစား နေရပါတယ်။
          အခုလည်း ရာသီဥတုကောင်း ခြေခင်းလက်ခင်းသာလို့ ပူတာအိုလမ်း၊ ဖားကန့်လမ်း၊ တနိုင်းလမ်း၊ ချီဖွေ လမ်းတွေကို တာဝန်ရှိတဲ့ ဌာနတွေနဲ့ပြည်သူတွေ ပူးပေါင်းပြီး လမ်းတွေပြင်၊ တံတားတွေဆောက်နဲ့ ဘ၀တွေ ဆက်လက် ရှင်သန်နိုင်အောင်၊ စားဝတ်နေရေးဆိုတဲ့ ယန္တရားကြီး ပုံမှန်လည်ပတ်နိုင်အောင် အချိန်လုပြီး ရုန်းကန်လှုပ်ရှား ကြိုးစားနေချိန်မှာ ဘယ်လိုပြောပြော နားမလည်နိုင်တဲ့ အစွန်းရောက်နေ သူတွေ ၊ သခင်ယေရှု့ဆင်းပြီး ချွတ်ရင်တောင် အကျွတ်တရား မရနိုင်တဲ့ KIA အဖွဲ့ကတော့ “ လမ်းမပြင်ရ ၊ တံတား မပြင်ရ၊ မိုင်းထောင်ထားသည် မသွားရ၊ ညွှန်ကြားချက်မလိုက်နာပါက ဘယ်လိုလူမျိုးကိုမဆို ထိရောက်စွာအရေးယူမည် (ရက်ရက် စက်စက်သတ်ပစ်မည်ကို ဆိုလိုတာပါ ) ”   ဆိုတဲ့အမိန့်တွေကို မမောနိုင် မပမ်းနိုင် ထုတ်ပြန်ပြီး ခြိမ်းခြောက် နေတာ အလွန်တရာကိုမှ အံ့သြဖွယ်ရာကောင်းလှပါတယ်။
          အနီးစပ်ဆုံး ဥပမာပေးရရင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြီးရပ်ဆိုင်းထားလို့ အသုံးမပြုဘဲ ရပ်ထားရတဲ့ ယာဉ်ယန္တရားတွေကို အခြားနေရာတွေမှာ ပြန်သုံးဘို့အတွက် တရုတ်နိုင်ငံက ကုမ္ပဏီကြီး တစ်ခုက ၀ါရှောင် - ဆဒုံး - ကန်ပိုက်တီးလမ်း ကနေသယ်ဖို့ စီစဉ်နေတယ် လို့သိရပါတယ်။ သယ်ဖို့ခက်ခဲနေ တာက အဲဒီလမ်းမှာရှိတဲ့ လန်နတံတားကြီးက ကျိုးနေလို့ပါဘဲ…..။ ဒီတံတားကြီးပြင်ဖို့ တရုတ်နိုင်ငံ ကုမ္ပဏီ က ပြင်ဖို့စီစဉ်တဲ့ အချိန်မှာ KIA ကမလုပ်ရဘူးလို့ အမိန့်ထုတ်ပြန်လိုက်လို့ အခုထိမပြင်နိုင်သေးကြောင်း မျက်မြင် တွေ့ရှိရပါ တယ်။
          အံ့သြစရာ ကောင်းတာက KIA အဖွဲ့ဟာ တရုတ်နိုင်ငံကို အမှီသဟဲပြုပြီး နေထိုင်စားသောက်ရေး ကို ဖြေရှင်းနေရ တယ်လို့ သိထားပါတယ်။ တရုတ်နိုင်ငံဘက်က ၀င်ပေါက်တွေ ပိတ်လိုက်ရင် KIA ထမင်း ငတ်ပြီလေ ….။ ဒီလိုအခြေအနေမျိုးမှာ အရှေ့တောင်အာရှမှာ အင်အားကြီးတဲ့ တရုတ်နိုင်ငံကို ကိုယ်စားပြု တဲ့ တရုတ်စီးပွားရေး ကုမ္ပကြီးကို ဟိုဟာမလုပ်ရ ၊ ဒီဟာမလုပ်ရ ၊ ဟိုနေရာ / ဒီနေရာမသွားရလို့ အမိန့် ထုတ်ရဲတာ KIA ကတော့ လက်ဝှေ့ကြိုးဝိုင်း ပေါ်တက်ပြီး တရုတ် ၊ ကုလား ၊ ဗမာ ကြိုက်တဲ့ လူလာခဲ့ ။ လက်မရွံ့ “ အောင်လ” တဲ့ကွလို့ စိန်ခေါ်ကြွေးကြော်နေပြီလို့ …………….

အသရေဖျက်မှုဖြင့် PDP ပါတီ ခေါင်းဆောင်များ အဖမ်းခံထားရ

Posted by drmyochit Friday, November 23, 2012, under | No comments


မန္တလေးမြို့အခြေစိုက် ပြည်သူ့ဒီမိုကရေစီ ပါတီ (PeopleDemocracy Party – PDP) ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေး မမှန်မကန်စွပ်စွဲမှု၊ အသရေဖျက်မှုတို့ဖြင့် ကချင်ပြည်နယ်အစိုးရက တရားစွဲဆိုထားသဖြင့် သက်ဆိုင်ရာဒေ သများ၌ တရား ရင်ဆိုင်နေရပြီး အာမခံမရဘဲ ဖမ်းဆီးခံထား ရကြောင်း PDP ပါတီက ပြောသည်။
PDP ပါတီမှ လစဉ်ထုတ် ပြည်သူ့လုပ်သား စာစောင်မှတဆင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း အပါအဝင် ပြည်နယ်အစိုးရ အဖွဲ့ဝင်များအား ပုဂ္ဂိုလ်ရေး ထိခိုက်စေသော ရေးသားမှုများ ထည့်သွင်းဖော်ပြသဖြင့် ကာယကံရှင်များက တရားစွဲဆိုထားပြီး ပါတီဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌနှင့် ပါတီတာဝန်ရှိသူ ၃ ဦးတို့ တရားရင်ဆိုင နေကြရခြင်း ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ စာစောင်ကနေပြီးတော့ ကချင်ပြည်နယ်အစိုးရကို ဂုဏ်သိက္ခာ ညိုးနွမ်းအောင်၊ ကျဆင်းအောင် ရေးတယ်ဆိုတဲ့ ပုံစံနဲ့ဖမ်းပြီး တရားစွဲတာ” ဟု PDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ်အစိုးရက PDP ပါတီ ခေါင်းဆောင်များကို အသရေဖျက်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀၊ လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ၊ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်မှုကို သက်ရောက်စေမှု ပုဒ်မ ၅၀၅ (ဂ)၊ ၁၉၆၂ ပုံနှိပ်ဥပဒေ ပုဒ်မ ၂၀ တို့ဖြင့် တရားစွဲဆိုထားကြောင်း သူက ဆက်ပြောသည်။ တရားစွဲခံနေရသော ပါတီဥက္ကဋ္ဌ ဒေါက်တာ ဦးသန်းထိုက်ဦးနှင့် ပါတီ ဒုဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ တနိုင်းမြို့နယ် စည်းရုံးရေး ကော်မတီဝင် ဒေါ်နန်းခမ်းထွေးတို့မှာ တနိုင်းမြို့နယ် တရားရုံး၌ တရားရင်ဆိုင်နေရပြီး ယင်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။
ထို့အတူ PDP ပါတီ၏ ဗဟိုဦးစီးကော်မတီဝင် ဖြစ်သည့် ဦးဝင်းနိုင်နှင့် ကချင်ပြည်နယ် စည်းရုံးရေးကော်မတီဝင် ဒေါ်ကြေးမုံ တို့မှာလည်း ယင်းအမှုဖြင့်ပင် မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရပြီး ယင်းမြို့နယ် ရဲစခန်းတွင်ပင် ဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရသည်။ ပါတီ တာဝန်ရှိသူများကို ကချင်ပြည်နယ် အစိုးရ၏ တိုင်တန်းမှုဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့က ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဝရမ်းထုတ်၍ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၅ ဦးအနက် ဒေါ်နန်းခမ်းထွေးမှာ ကျန်းမာရေး အာမခံဖြင့် အပြင်ထွက်ခွင့် ရသော်လည်း ကျန်း ၄ ဦးကို အာမခံ ပေးခွင့်မရှိသဖြင့် ချုပ်နှောင်ခံ ထားရကြောင်း ဦးအောင်မြင့်က ပြောသည်။
တရားစွဲဆိုမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် အစိုးရအဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်းရန် ဧရာဝတီက ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။ PDP ပါတီသည် ၂၀၁၁ ခုနှစ် သြဂုတ်လပိုင်းတွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ပြီး ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေး မဟာအောင်မြေမြို့နယ်၊ ပုလဲမြို့နယ်နှင့် ရေးဦးမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ၃ နေရာစလုံးတွင် အနိုင်မရရှိခဲ့ပေ။ ကချင်ပြည်နယ်အစိုးရ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ PDP ပါတီက ၎င်းတို့ ထုတ်ဝေသော လစဉ်ထုတ် ပြည်သူ့လုပ်သား စာစောင်မှတဆင့် ဝေဖန်ရေးသားမှုများ မကြခဏ ပြုလုပ်လေ့ရှိပြီး ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်သော ကချင်ပြည်နယ် အစိုးရအနေဖြင့် ပြည်နယ်အတွင်း ကားလုပ်ငန်း၊ စက်လှေလုပ်ငန်း၊ ကချင်ရိုးရာ မနောပွဲ ကိစ္စရပ်များတွင် အာဏာသုံး လုပ်ဆောင်ချက်များရှိကြောင်း ရေးသားခဲ့သည်။ ယင်းသို့ ရေးသားမှုများအနက် ကချင်ပြည်နယ် မနောပွဲ ဘဏ္ဍာရေး ထိန်းချုပ်မှုနှင့် ပတ်သက်၍ PDP ပါတီ၏ စွပ်စွဲရေးသားမှုကို PDP ပါတီအနေဖြင့် ကချင်ပြည်နယ် အစိုးရကို ပြန်လည် တောင်းပန်ရန် အစိုးရသတင်းစာမှတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း PDP က ယင်းကြေညာချက်ကို ပြန်လည် ရုတ်သိမ်းရန် ချေပပြောဆိုခဲ့သည်။ ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲခံနေရသည့် ပါတီခေါင်းဆောင်များကိစ္စနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီထံသို့ ခုံရုံးဖွဲ့စစ်ဆေးပေးရန် PDP ပါတီက တောင်းဆိုထားသည်ဟု သိရသည်။
“ကျနော်တို့ မှားတယ်ဆိုရင် ပါတီကိုပါ ဖျက်ဖျက်၊ လူတွေလည်း ထောင်ကျကျ ခံရဲပါတယ်။ ကျနော်တို့က မှန်တယ်ဆိုရင်လည်း မှားတဲ့လူကို ဥပဒေအရ အရေးယူသင့်တာပေါ့၊ နိုင်ငံတော်သမ္မတကလည်း Check and balance ဆိုတာပြောထားတယ်။ အခုတော့ သူတို့က လက်ဦးမှုယူပြီး လုပ်သွားတော့ ကျနော်တို့က တဖက်စောင်းနင်းကြီး ခံလိုက်ရတာ” ဟု ဦးအာင်မြင့်က ပြောသည်။ PDP ပါတီခေါင်းဆောင်များကို တရားစွဲဆိုထားသော ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ တနိုင်း အမှတ် (၁) မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ် ခံခဲ့သူဖြစ်ပြီး ထိုစဉ်က ပြည်တွင်း၊ ပြည်ပ ကချင်အတိုက်အခံများနှင့် ဒေသခံ လုထုတချို့၏ ကန့်ကွက်မှုကိုခံခဲ့ရသည်။
ယခုနှစ် သြဂုတ်လဆန်းပိုင်းကလည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (PDP) က ထုတ်ဝေသော ဒိုင်ဗာစတီး စာစောင်တွင် နိုင်ငံရေးနှင့် မသက်ဆိုင်သော အကြောင်းအရာများကို ရေးသားဖော်ပြမှုဖြင့် ပါတီ စာစောင် ထုတ်ဝေခွင့်အတွက် စပေါ်တင်ထားသည့် ကျပ် ၅ သိန်းကို ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းယူလိုက်သည်။
ထိုစဉ်က PDP ပါတီက ထုတ်ဝေသော စာစောင်မျက်နှာဖုံးတွင် ဝန်ထမ်းများ အကျင့်ပျက် လာဘ်ယူနေခြင်းကို သိလျက်နှင့် အရေးမယူသည့် အစိုးရကို နောက်တကြိမ် မဲပေးမမှားကြရန် ရေးသားခဲ့သည်။
ယင်းမတိုင်မီကလည်း ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံဒေသခံ လယ်သမားများထံမှ လယ်မြေများ အဓမ္မ သိမ်းယူကြောင်း ဝေဖန်ရေးသား ခဲ့သဖြင့် ခေါ်ယူ သတိပေးခြင်းခံခဲ့ရသည်။


 ဧရာဝတီ

အမျိုးသမီးများက အမျိုးသားများထက် ကိုးဆပို၍ အသည်းကွဲလွယ်

Posted by drmyochit Friday, November 23, 2012, under | No comments


ချစ်သူနှင့် လမ်းခွဲရခြင်းမျိုးသို့မဟုတ် ချစ်သူခင်သူတစ်ယောက် ဆုံးပါး သွားခြင်းတို့သည် အသည်းကွဲခြင်းကို ဖြစ်စေပါသည်။  ယင်းကဲ့သို့သော အဖြစ်မျိုးမှာ အမျိုးသမီးများတွင် ပို၍ အဖြစ်များကြောင်း သုတေ သနအသစ် တစ်ရပ်အရ သိရသည်။ စိတ်ထိခိုက်ခြင်းသည် နှလုံး တိုက်ခိုက်ခံရခြင်း သို့မဟုတ် အခြား နှလုံးရောဂါဆိုင်ရာ ပြဿနာများ၏ ရောဂါလက္ခဏာ ရပ်များကို အကြီးအကျယ် လှုံ့ဆော်ပေးနိုင်သည်ဟု ဆိုသည်။ ပထမဆုံးအကြိမ် အဖြစ် လူအမြောက်အမြားတွင် လေ့လာသုတေသန ပြုချက်အရ အမျိုးသမီးများသည် အမျိုးသားများထက် အသည်းကွဲရောဂါ ဖြစ်နိုင်ခြေ ကိုးဆပို၍များသည် ဟုဆိုသည်။
ယခင်က သွေးကြောပိတ်ခြင်း သို့မဟုတ် နှလုံးရောဂါဆိုင်ရာ ပြဿနာ ရာဇဝင်လုံးဝမရှိဘဲ စိတ်ထိခိုက် ခြင်းကြောင့် နှလုံးရောဂါ ဖောက်မှု ရုတ်တရက်ဖြစ်ပေါ်ခြင်းကို အသည်းကွဲရောဂါဟုခေါ်သည်။
ဆရာဝန်များ၏ အဆိုအရ ခင်ပွန်းသည် ရုတ်တရက် ဆုံးပါးသွားခြင်းကဲ့သို့သော အဖြစ်မျိုး၌ အက်ဒရီနယ်လင် အပါအဝင် အခြားစိတ်ဖိစီးမှုကို ဖြစ်စေသည့် ဟော်မုန်းများ တစ်ဟုန်ထိုးမြင့်တက်လာပြီး ယင်းကနှလုံးရှိ သွေးမှုတ် ထုတ်သည့် အဓိကအခန်းကို ရုတ်တရက် ဝန်ပိစေခြင်းအားဖြင့် ထိခိုက်စေသည်။
ယင်းကဲ့သို့သော ဖြစ်ရပ်၌ နှလုံးခုန်စည်းချက်နှင့် သွေးအတွင်းပါဝင်သည့် အရာများမှာ နှလုံးရောဂါရှိနေသူ၏ လက္ခဏာရပ်များ နှင့်ထပ်တူ ဖြစ်နေ သော်လည်း နှလုံးရောဂါ ရှိနေသူကဲ့သို့ မည်သည့်သွေးလွှတ်ကြောမှ ပိတ်ဆို့ခြင်းမရှိဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စု အာကင်ဆက် တက္ကသိုလ်မှ နှလုံးအထူးကုဆရာဝန် အဘီရှက်ဒက်ရှ်မူကာ ခေါင်းဆောင် သော အဖွဲ့သည် ဆေးရုံပေါင်း ၁ဝဝဝ မှ လူနာပေါင်း ၆၂၂၉ ဦး ကို လေ့လာခဲ့ရာ အသည်းကွဲ ရောဂါဟု ခေါ်သော ထိုရောဂါဖြစ်နိုင်ခြေသည် အမျိုး သမီးများ၌ အမျိုးသားများ ထက်ကိုးဆပို၍ များကြောင်းတွေ့ရှိရသည်။

 Good Health

ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက မလေးရှား လှေစီးသွားသူ အစစ်အမှန်ကို ဖေါ်ထုတ် ရေးသား

Posted by drmyochit Friday, November 23, 2012, under | No comments


နိုင်ငံတကာ မီဒီယာအများစုက ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စက်လှေများဖြင့် ခိုးထွက်ပြီး မလေးရှားသို့ သွားလာနေကြ သူများမှာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေး တိမ်းရှောင် လာရသူ  ရိုဟင်ဂျာဆိုသူများ ဖြစ်ကြောင်း  ထုတ်ဖေါ်ရေးသား နေကြခြင်းမှာ မဟုတ်မမှန်ဘဲ လိုသည်ထက် တမင်ချဲ့ကား ရေးသားနေကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက ယမန်နေ့က သတင်း ထုတ်ဖေါ် ရေးသားလိုက်သည်။
ဘင်္ဂလာဒေခ်ျ့မှ အကြီးဆုံး သတင်းဌာန တစ်ခု ဖြစ်သော United News of Bangladesh (UNB) က ယမန်နေ့က Bangladesh join  Rohingya in search of opportunity တွင် ထိုသို့ ထုတ်ဖေါ် ရေးသားလိုက်ခြင်း ဖြစ်သည်။ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်္ဘာလ ၇ ရက်နေ့ အတွင်း လူပေါင်း ၂၄၅ ဦးကို တင်ဆောင်လာသော လူမှောင်ခို စက်လှေ နှစ်စီး ကော့စ်ဘဇား ခရိုင် တက်ကနက် ကမ်းခြေတွင်  နစ်မြုပ်ခဲ့သည်။ လှေနစ်မြုပ်ရာမှ လူ ၂၈ ဦးကို ဆယ်ယူခဲ့ရာ တ၀က်နီးပါးမှာ ရိုဟင်ဂျာ ဆိုသူများ မဟုတ်ဘဲ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြောင်း UNB က ရေးသား ဖေါ်ပြသည်။သို့ရာတွင် နိုင်ငံတကာ သတင်း မီဒီယာများက အဆိုပါ လှေစီးပြီး သွားသူများမှာ ရိုဟင်ဂျာ ဆိုသူများ ဖြစ်ကြောင်း ရေးသား ဖေါ်ပြခဲ့ကြဟု ဆိုသည်။ UNB သတင်းဌာနက ဘီဂျီဘီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး  Mohammad Zahid Hasan ကို ကိုးကားရေးသားရာတွင် နိုင်ငံတကာ၏ အာရုံ စူးစိုက်မူ ရယူလိုသဖြင့် ထိုသို့  ရေးသားခြင်းနေခြင်းမှာ  လုံးဝ မှားယွင်းပြီး လူမှောင်ခိုသွားသူတိုင်းသည် ရိုဟင်ဂျာ မဟုတ်ကြောင်း ဗိုလ်မှူးကြီးက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။ ၎င်းပြင် လှေစီးပြီး သွားကြသူ တ၀က်ခန့်မှာဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြသော်လည်း မည်သည့် သတင်းဌာနကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြောင်း မဖေါ်ပြကြတော့ကြောင်းနှင့် ယနေ့ ဘင်္ဂလာဒေခ်ျ့မှ မလေးရှားသို့ သွားနေကြ သူများ အထဲတွင်  ၆၀ နှင့် ၆၅ ရာခိုင်နုန်းမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြသည်ဟု ဆိုသည်။
ယခုကဲ့သို့ သတင်းအမှား အမှန်ကို မဆန်းစစ်ဘဲ ရိုဟင်ဂျာ အရေးကို ဇောင်းပေး ရေးသားနေရာတွင်  နိုင်ငံခြား သတင်းဌာနများသာမက ပြည်ပ အခြေစိုက် မြန်မာ သတင်းဌာန တချို့လည်း ရှေ့တန်းမှ ပါဝင်နေကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အလုပ်လက်မဲ့ ဖြစ်နေကြသော လူငယ် တစ်ဦးအနေဖြင့် မလေးရှားနှင့် အာရပ် နိုင်ငံများသို့  တရားဝင် အလုပ်သွားလုပ်မည် ဆိုပါက တာကာငွေ နှစ်သိန်းခွဲ (ယူရို နှစ်ထောင်ငါးရာ) ထိ အသုံးပြုကြရသည်။  သို့အတွက် ဘင်္ဂလီ လူငယ် အများစုသည်  တာကာငွေ ၁၅၀၀၀ ( ယူရို ၁၄၀) ခန့်ဖြင့် တရားမ၀င် အလုပ် လုပ်ကိုင်နိုင်သော မလေးရှားကို ခိုးလှေဖြင့် ထွက်ခွာနေကြသည်ဟု ဆိုသည်။
မလေးရှားသို့ ခိုးလှေဖြင့် သွားသူများ အနေဖြင့် တာကာငွေ တစ်သိန်းမှ တစ်သိန်း သုံးသောင်းထိ ကုန်ကျသော်လည်း လူမှောင်ခိုသမားများကို မလေးရှားတွင် အလုပ် လုပ်ပြီး အရစ်ကျ ပေးဆပ်နိုင်ခွင့် ရှိကြောင်းလည်းသိရသည်။

 နိရဉ္စရာ သတင်းဌာန

အရက်သမားအမှားတစ်ထောင်စကားနှုတ်ထိုးဒေါသခိုးကြောင့် လူသတ်မှုတောင်တွင်းကြီးမြို့နယ်တွင်ဖြစ်ပွား

Posted by drmyochit Friday, November 23, 2012, under | No comments


မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့နယ် ဘူတာကျေးရွာတွင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ (၅း၄၀)အချိန် ကုက်္ကိုကုန်း  ဘူတာရွာနေ ဒေါ်စန်းဌေး (၃၇)နှစ်  မှ ကုက်္ကိုင်ကုန်း ရဲစခန်းသို့ရောက် ရှိလာပြီး ၎င်းနှင့်ခင်ပွန်းဖြစ်သူ ဦးသန်းဝင်း (၄၄) နှစ်တို့ နေအိမ် ၌ ရှိနေစဉ် ကုလားမအုပ်စုဆည် တော်ကျေးရွာနေ ကိုအောင်တင့်၊ ကိုအောင်ဝင်းနှင့် ကိုကျော်အောင်  တို့ညီအစ်ကို (၃) ဦး အရက်မူး ရောက်ရှိလာပြီး စကားပြောဆိုနေ ၍ ဦးသန်းဝင်းမှ စိတ်မရှည်၍ အပြန်အလှန် ပြောဆိုရာ၎င်းင်းတို့ ညီအစ်ကို (၃) ဦးမှ မကျေနပ်ဖြစ် ပြီး နေအိမ်မှ ပြန်ထွက်သွားကာ နေအိမ်နှင့် (၁၀) တောင်ကျော် ခန့်အကွာလမ်းမပေါ်၌ သန်းဝင်း  ထွက်ခဲ့ဟုအော်ဟစ်နေကြ၍ ခင်ပွန်းဖြစ်သူဦးသန်းဝင်းက နေအိမ်  မှထွက်သွားရာ လမ်းမပေါ်အရောက်   တွင် ကိုအောင်ဝင်းမှ ဦးသန်းဝင်း အား လေးခွနှင့် ချိန်ရွယ်နေစဉ် ကိုအောင်တင့်မှ အသင့်ပါလာ သည့် ဓားမဖြင့်ခုတ်၍ ဦးသန်းဝင်း ၏ မျက်နှာဝဲဘက်ခြမ်းမှ မေးစေ့  အလယ်အထိ (၆) လက်မခန့်ပြတ်  ရှဒဏ်ရာတစ်ချက်၊ ၀ဲဘက်နား အောက်မှ ယာဘက်ပါးပြင်အထိ (၆) လက်မခန့်ပြတ်ရှဒဏ်ရာတစ် ချက်၊  ယာလက်ကောက်ဝတ်အထက် ပြတ်ရှဒဏ်ရာတစ်ချက်၊ ရရှိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွား  ဟုတိုင်ကြားခဲ့သည်ဆို၏။ ဒေါ်စန်းဌေးမှ ၎င်း၏ခင်ပွန်းအား သတ်သူ ကိုအောင်တင့် (၃၇) နှစ်   ကုလားမအုပ်စုဆည်တော်ရွာ ကိုအောင်ဝင်း (၃၀)နှစ် ကုလားမ  အုပ်စုဆည်တော်ရွာ ကိုကျော်အောင် (၄၂) နှစ် ကုမလားမ အုပ်စုဆည် တော်ရွာနေသူတို့အား ဥပဒေနှင့်  အညီအရေးယူပေးပါရန် တရားလို  ပြုလုပ်တိုင်တန်းသဖြင့် ကုက်္ကိုင်  ကုန်းရဲစခန်းက (ပ) ၉၅/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ အရ အမှု ဖွင့်ဆောင်ရွက်ထားပြီး ခေတ္တစခန်း  မှူး ဒုရဲအုပ်ညီညီလွင်မှ အမှုအား   လက်ခံစစ်ဆေးလျက်ရှိကြောင်းသိရသည်။
ထို့နောက် ညီအစ်ကိုဆုံးသုံး ဦးကို ဖမ်းဆီးရမိ နိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူးသန်း ဌေးဟန်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ၎င်းင်းတို့နေထိုင်သော ဆည်တော် ကျေးရွာသို့သွား ရောက်ရှာဖွေရာ ရွာအရှေ့တောင်  ဘက် (၅) မိုင်ခန့်အကွာလက်ပံ စမ်းတဲတိုက်ရှိကိုအောင်ဝင်း၏နေ အိမ်အရှေ့တောင်ဘက်ကိုက် (၁၀၀) ခန့်အကွာတောစပ်တွင်   ကိုအောင်ဝင်းကို ပုန်းအောင်းနေရာ မှ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် (၆း၄၅) အချိန် ဖမ်းဆီးရမိပြီး၊  အခင်းဖြစ်သက်သေခံ ပစ်္စည်းအရိုး မပါအရင်းမှအဖျားအထိ (၂) ပေ ခန့် ငါးရှဥ့်ခေါင်းပုံ ဓားမတစ်ချောင်း၊   အလျား (၁၀) လက်မခန့် ၀ါးတစ် ရိုးတစ်ခုတို့အား ၎င်းနေထိုင်သော   တဲပေါ်ရှိ သေတ္တာအောက်တွင် ၀ှက်ထားကြောင်း ကိုအောင်ဝင်း၏  ပြောပြချက်အရ သက်သေများနှင့် အတူရှာဖွေသိမ်းဆည်းရမိခဲ့သည်။
၎င်းအပြင်အမှုမှ ကျန်တရားခံများ  ဖြစ်သော အောင်တင့်ကျော်အောင် တို့ နှစ်ဦးအား အမြန်ဆုံးဖမ်းဆီးရ မိနိုင်ရေးအတွက် ၎င်းင်းတို့နေထိုင်   သွားလာတတ်သော နေရာများသို့ ဒုရဲအုပ်နိုင်ထူးဦးစီးသော ရဲတပ်ဖွဲ့  ၀င် (၅) ဦးနှင့် ဒုရဲအုပ်သီရိတင် ဦးစီးသောရဲတပ်ဖွဲ့ဝင် (၄) ဦးတို့ မှ ကင်းပုန်းဝပ်ပိတ်ဆို့လျက်၎င်းင်း တို့နှစ်ဦးအား အမြန်ဆုံးဖမ်းဆီးရမိ နိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
 Hot News Weekly 

အလုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံသားနှင့် အတင်းအဓမ္မလက်ထပ်ခိုင်းခဲ့သည့်ဖြစ်စဉ်မှ ပါဝင်သူ နှစ်ဦးအား ဖမ်ဆီးစစ်ဆေးလျက်ရှိ အဓိကပါဝင်ကျူးလွန်သူမှာ တိမ်ရှောင်နေ

Posted by drmyochit Friday, November 23, 2012, under | No comments


 မှုဆယ်မြို့ရှိ စားသောက်ဆိုင်၌ အလုပ်လုပ်ရ မည်ဟုဆိုကာ တရုတ်နိုင်ငံ သို့ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံသားနှင့် အတင်းအဓမ္မ လက်ထပ်ခိုင်းခဲ့သည့်  ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ နှစ်ဦးအား ဖမ်ဆီးစစ်ဆေး လျက်ရှိပြီး အဓိက ပါဝင်ကျူးလွန်သူမှာ တိမ်းရှောင်လျက်ရှိကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ်တွင် မသဇင်ထွေးမောင် ၂၆ နှစ်မှာ ဇူလိုင်လ ၁၇ ရက်နေ့တွင် ခင်ပွန်းဖြစ်သူမှာ ပြင်ဦးလွင်သို့ နှစ်လခန့် ဆက်သွယ်ရေး သင်တန်းတက်ရောက် ရန်သွားသဖြင့် ဖခင်ဖြစ်သူရှိရာ မှော်ဘီမြို့နယ်၊ တပ်ကုန်ကျေးရွာသို့ သွားရောက် နေထိုင်စဉ်တွင် မသဇင်ထွေးမောင်နှင့် ရင်နှီးသိကျွမ်းဖူးသူ ပြောင်ကြီး(ခ)ကျော်ကျော်လွင်မှာ မှုဆယ်မြို့ စားသောက်ဆိုင်တွင် လစာကောင်းပြီး လုပ်ချင်လျင် ဆက်သွယ်ပေးမည် ဖြစ်ကြောင်း၊ ထို့အတူ မသဇင်ထွေးမောင်မှလည်း ခင်ပွန်းဖြစ်သူ နှစ်လခန့် သင်တန်းသွားရောက် နေစဉ်တွင် အလုပ်လုပ်ကိုင် လိုကြောင်းပြောသဖြင့် ပြောင်ကြီးမှ မြို့မဈေး တံတားအနီးရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်ခဲ့ပြီး မရီရီချိုနှင့် မိတ်ဆက်ပေးခဲ့ရာ မရီရီချိုမှ မှုဆယ်မြို့နယ်ရှိ စားသောက်ဆိုင်တွင် တစ်လလျင် ၁ သိန်းခန့်ရရှိ မည်ဖြစ်ကြောင်း လိုက်ပို့ပေးရန်နှင့် လမ်စရိတ်အတွက် ငွေကျပ် ၅၀၀၀၀ အား မရီရီချိုအား ပေးခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်တွင် မသဇင်ထွေးမောင် နေထိုင်လျက်ရှိသော နေအိမ်သို့ သန်းထိုက်အောင်ခေါ် သဲသဲကြီးမှာ လာရောက်ခေါ်ပြီး လေထီး ၁၆ မှတ်တိုင်တွင် မရီရီချိုမှာ စောင့်နေကြောင်း ပြောသဖြင့် လိုက်ခဲ့ပြီး  မရီရီချိုနှင့်အတူ လှိုင်သာယာ ၁ ထိပ်ရှိ မရီရီချို သူငယ်ချင်းဖြစ်သူ နေအိမ်တွင် ၂ ညအိပ်ခဲ့ပြီး ဖူလိုင်လ ၂၀ ရက်နေ့တွင် အောင်မင်္ဂလာ အဝေးပြေးမှတစ်ဆင့် မူဆယ်မြို့သို့ရောက်ရှိခဲ့ပြီး စားသောက်ဆိုင်သို့သွားမည်ဆိုကာ မရီရီချိုမှ Taxi ငှားခဲ့ကာ တရုတ်နိုင်ငံအတွင်းသို့ဝင် ရောက်ခဲ့ကြောင်း မသဇင်ထွေးမောင်မှာ မသွားတော့လိုကြောင်း ပြောသော်လည်း ပြန်မပို့ဘဲ ကားနှစ်ဆင့်စီးပြီး တရုတ်နိုင်ငံ ကျန်လျောင်မြို့နယ်ရှိ မရီရီချို တို့နေအိမ်သို့ရောက်ရှိခဲ့ကြောင်း၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် မရီရီချိုနှင့် ၎င်း၏ခင်ပွန်းဖြစ် သူတို့မှ ၎င်းမြို့နယ်နေသူ တရုတ်နိုင်ငံသား ဟန်ဆွန်အား ယွမ်ငွေ ၅၂၀၀၀ ဖြင့်ရောက်စားခံခဲ့ရပြီး  တစ်လခွဲခန့် လင်မယားအဖြစ် ပေါင်းသင်းနေ ထိုင်ခဲ့ရာမှ ထွက်ပြေးလွတ်မြောက် လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မသင်ဇင်ထွေးမောင်အား အလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသားနှင့် အတင်းအဓမ္မ လက်ထပ်ခိုင်းမှုတွင် ပါဝင်ပတ်သတ်ခဲ့ သူများအား အရေးယူပေးရန် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မှော်ဘီမြို့နယ် ရဲစခန်းမှ အမှုဖွင့်ကာ အရေးယူလျက်ရှိပြီး ကျော်ကျော်လွင်(ခ)ပြောင်ကြီး၊သန်းထိုက်အောင် (ခ) သဲသဲတို့အား ဖမ်းဆီး စစ်ဆေးနေကြောင်း သို့သော် အဓိကပါဝင်သူ မရီရီချိုမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

Eleven Media Group

မလှိမ့်တစ်ပတ်ကား နဲ့ အထိတ်တလန့်ရထား

Posted by drmyochit Friday, November 23, 2012, under | No comments


ရန်ကုန်-ပြည်သွား အမြန် ယာဉ်ကားများပေါ်တွင်  Air Con ပါသော ကားများရှိသလို  Air Conမပါသော အမြန်ယာဉ်ကား များလည်း ပြေးဆွဲလျက်ရှိရာ ယာဉ်စီးနင်းခ ဈေးမှာလည်း ကွာ ခြားလျက်ရှိသည်ကိုတွေ့ရသည်။
 Air Con ပါသော ကားအချေို့ သည်  Air Con ပျက်နေပါလျက်
 Air Con
ဈေးယူ၍ ခရီးသည်များ ကို မလိမ့်တစ်ပတ် လိမ်လည်ပြော ဆိုပြေးဆွဲလျက် ရှိသည်ကို တွေ့ရ သည်။ စာရေးသူတို့ သူငယ်ချင်း (၃)ဦး ၈-၁၁-၂၀၁၂ရက် နံနက် ပိုင်း (၈)နာရီက ပေါင်းတည်မှ ရန်ကုန်သို့  Air Con ပါသော မျိုး ဆက်သစ်ယာဉ်လိုင်း ယာဉ်အမှတ် (၈ဆ/၆၃၅၂)ကို ကျပ်(၄၅၀၀) ပေး၍ စီးနင်းလိုက်ပါခဲ့သည်။  ခရီး စဉ်လမ်းတစ်ဝက်၌  Air Con လုံးဝ ပိတ်ခဲ့သဖြင့် ပူအိုက်ပါလာသည့် အတွက် ၀ဲယာမှန်တံခါးများ ဖွင့်၍ စီးနင်းလိုက်ပါခဲ့ရပါသည်။  မည်သည့်အတွက်ကြောင့်  Air Con ပိတ်ရသည်ကို တာဝန်ရှိသူ များမှ ခရီးသည်များအား ရှင်း လင်းခြင်းမရှိသလို ဒရိုင်ဘအား မေးမြန်းရာတွင်လည်း ပြန်လည် ပြောကြားခြင်းမရှိပါ။
ခန္ဓာကိုယ် သက်သာမှုရှိစေရန် ခရီးသွားလို ၍ ဈေးကြီးပေး လိုက်ပါခဲ့ရသော် လည်း ထိုနေ့က ယူ၍ ၀န်ဆောင် မှုတာဝန်မကျေသော အဆိုပါ ယာဉ်ကို ခရီးသွားများမှ ကျေနပ် မှုမရှိသည်ကို တွေ့ရသည်။ ပြည်-ရန်ကုန် မီးရထား (၇၁)အဆန်သည် ၁၀-၁၁-၂၀၁၂ ရက် နေ့လည်(၁)နာရီက ရန်ကုန် မှ ခရီးသည်များ တင်ဆောင်၍ ထွက်ခွာလာရာ တိုက်ကြီးမြို့အနီး တွင် ၀ါယာလျော့ဖြစ်ပွားခဲ့၍ ရထားစီးခရီးသည်များ အထိတ် တလန့်ဖြစ်ခဲ့ရသည်။ တွဲ(၂)နှင့် တွဲ(၃)အကူး ၀ါယာများလျော့ဖြစ် သဖြင့်မီးလောင်ပြီး မီးခိုးများထွက်လာသည့် အတွက် တွဲ(၃)ရထားပေါ်မှ ခရီး သည်များ ထွက်ပြေးသဖြင့် ရထား ပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ သည်။
တာဝန်ရှိသူတို့ အချိန်မီ လာရောက် ပြုပြင်ကြရာ ၀ါယာ (၂)ဆကို အကာအကွယ်မဲ့ ပူး လိမ်ထားသည်ကို အံ့သြစွာတွေ့ ရသည်။  နောက်တစ်ကြိမ် ၀ါယာ လျော့ဖြစ်၍ စိုးရိမ်လွန်သော ခရီး သည်များ ရထားပေါ်မှ ခုန်ချမိခဲ့ လျှင် အသက်ဆုံးရှုံးထိခိုက်နိုင်ပါ သည်။  ရထားပေါ်မှ ခရီးသည် များ လိုရာခရီးသို့ အေးချမ်းစွာ  လိုက်ပါနိုင်စေရန်မြန်မာ့ မီးရထားမှ တာဝန်ယူစေလိုပါသည်။

Hot News Weekly

လယ်သမားတွေ ရန်ကုန်မြို့ထဲမှာ စီတန်းလှည့်လည် ဆန္ဒပြကြ

Posted by drmyochit Friday, November 23, 2012, under | No comments


ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ကို လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာတွေက လယ်သမား (၃ဝ) နီးပါးလောက်ဟာ ဒီကနေ့ မနက်ပိုင်းက လသာမြို့နယ်က ဝါဝါဝင်း ကုမ္ပဏီရုံးရှေ့ကနေ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြို့၊ ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့ကို လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
အာဏာပိုင်တွေဖက်က ဖြေရှင်းမှုမလုပ်ပေးမခြင်း ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက် လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဆန္ဒပြလယ်သမားတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"ညှိနှိုင်းလို့ အဆင်မပြေသေးတဲ့ လယ်တွေကို အဓမ္မခြံစည်းရိုးတွေခတ်နေတယ်၊ ခြံစည်ရိုးခတ်တာကို ရပ်ပေးရမယ်၊ စုံစမ်းစီစစ်ရေး စောင့်မယ်ဆိုရင်လည်း စုံစမ်းစီစစ်ရေး ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို နှစ်ဖက်စလုံးနာခံမယ်။  စုံစမ်းစီစစ်ရေး မဆင်းခင်မှာ လယ်မြေတွေပေါ် အဓမ္မခြံခတ်တာ သဲဖုံးတာ အဆောက် အဦးဆောက်တာတွေ ဘက်ဟိုး တွေနဲ့လယ်မြေတွေပေါ်မှာ မြောင်းတွေ ကုတ်တာတွေကို လုံဝရပ်တန့်ပေး မယ်ဆိုရင်လမ်းလျှောက်တာ ကိုရပ်မယ်"
လှိုင်သာယာ မြို့နယ်မှာရှိတဲ့ အနော်ရထာ စက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော်ဖို့ ၁၉၉၈ ခုနစ်ကတည်းက လယ်ယာမြေ ဧက ၈ဝဝ ကို ဝါဝါဝင်းကုမ္ပဏီက သိမ်းယူထားတယ်လို့ သိရပြီး လယ်သမားတွေဟာ လယ်ယာမြေတွေမှာ လုပ်ကိုင်ခွင့်ပြန်လည် ရရှိဖို့အတွက် နိုဝင်ဘာလ (၁) နေ့ကစပြီး နေ့ရောညပါ ဝါဝါဝင်း ကုမ္ပဏီရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာ ဒီကနေ့ဆိုရင် ၃ ပတ်ကျော်ရှိသွားပြီလို့ သိရပါတယ်။

စစ်ကိုင်းရွာသစ်ကြီးသို့ ပြောင်းရွှေ့ခဲ့ရသည့် ကျောင်းသားများ ဆန္ဒထုတ်ဖော်

Posted by drmyochit Friday, November 23, 2012, under | No comments


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်ရှိ ကျောင်းသားများအား စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ နယ်စပ်ရေးရာ ၀န်ကြီးဌာန၏ နှုတ်မိန့်ဖြင့် စက်တင်ဘာ လကုန်တွင် ပြောင်းရွေ့ခဲ့ရသည်။
ထိုသို့ ပြောင်းရွေ့ခဲ့ရသော တိုင်းရင်းသားကျောင်သား ၅၀၀ ခန့်သည် စစ်ကိုင်းတိုင်း ဒေသကြီး ရွာသစ်ကြီးရှိ တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုး တိုးတက်ရေး တက္ကသိုလ်တွင် နေရေးထိုင်ရေးနှင့် ပညာသင်ကြားရေး အဆင်မပြေ တော့သဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန်က ရွာသစ်ကြီး တက္ကသိုလ်မှ မိမိတို့၏ အထုတ်အပိုးများကို ကိုင်ဆောင်ပြီး လမ်းလျောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆန္ဒထုတ်ဖော်လျက်ရှိသည့် ကျောင်းသားများသည် စစ်ကိုင်း-မြစ်သားလမ်းပေါ်သို့ ရောက်ရှိနေပြီး ၄င်းတို့၏ မူလကျောင်း နေရာဖြစ်သော မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်ရှေ့သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။  ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းမကြီးဘေး၊ စွယ်တော်ဘုရားအနီးရှိ ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်အား ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဒီဂရီ ကောလိပ်တွင် သိပ္ပံ၊ ၀ိဇ္ဖာ ဘာသာရပ်များအပြင် နည်းပညာ ကောလိပ်ကိုပါ ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရှိရသည်။  ယင်းဒီဂရီကောလိပ်သို့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ နာဂဒေသစသည့် နယ်စပ်ဒေသများနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ လူငယ်သင်းတန်းကျောင်းများ၊ ပရဟိတကျောင်းများ၊ မိဘမဲ့ကျောင်း များမှ တိုင်းရင်းသားလူငယ် ၇၀၀ ကျော် နှစ်စဉ်တက်ရောက် သင်ကြားလျက်ရှိပြီး ဆရာ၊ ဆရာမနှင့် ၀န်ထမ်းမိသားစု ၃၀ ခန့်ရှိကြောင်း သိရသည်။
ဒီဂရီကောလိပ်တွင် ပင်မစာသင်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ ကျောင်းသားများနေထိုင်သည့် သုံးထပ်အဆောင် သုံးဆောင်၊ ဆရာ၊ ဆရာမများ အိမ်ရာ၊ ၀န်ထမ်းအိမ်ရာများနှင့် ဘောလုံးကွင်းများပါရှိပြီး ဧရိယာအကျယ် အ၀န်း၁၀ဧက အထက်တွင်ရှိကြောင်း သိရသည်။
Eleven Media Group

အမေရိကန် အရာရှိများပါသော အဖွဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်း လေ့လာ

Posted by drmyochit Friday, November 23, 2012, under | No comments


အမေရိကန်နိုင်ငံမှ အဆင့်မြင့် အရာရှိများပါဝင်သည့် အဖွဲ့တဖွဲ့သည် ယခုလ ၁၆ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ စစ်တကောင်းတိုင်း၊ ကော့စ်ဘာဇာခရိုင်၊ ဦးကီယာမြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့ကြောင်း သတင်းရရှိသည်။ အမေရိကန် Civilian Security, Democracy And Human Rights Department မှ အတွင်းရေးမှူး Maria, ဒုတိယ လက်ထောက် အတွင်းရေးမှူး Keli Clements နှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ် Dan Mozena တို့ ပါဝင်သောအဖွဲ့သည် ကူတူပါလန်ကျေးရွာရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသည့် စခန်းနှင့် UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသည့် စခန်းများကို သွားရောက်ကာ လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ကူတူပါလန် ဒုက္ခသည်စခန်းရှိ UNHCR အသိအမှတ်ပြု ဒုက္ခသည်များ၊ အသိအမှတ်ပြု မခံရသော ဒုက္ခသည်များ နေထိုင်သည့် နေရာများနှင့် စာသင်ကျောင်းများကို လှည့်လည် ကြည့်ရှုကြောင်း ဒုက္ခသည်တဦးဖြစ်သူ ကိုမောင်သိန်း (ခ) အအူအာမက်က ပြောသည်။ ၎င်းက “ကျနော်တို့ စခန်းတခုလုံးကို လိုက်ကြည့်တယ်။ ကျနော်တို့ ဒုက္ခသည်တွေထဲက ကလေးငယ်တွေနဲ့ သက်ကြီးရွယ် အိုတချို့ကို ခေါ်ပြတယ်။ ဒုက္ခသည်တွေကို စစ်ဆေးမေးမြန်း တာမျိုးတော့ မရှိဘူး။ စခန်းတာဝန်ခံတွေနဲ့ပဲ ပြောဆိုသွားတာကို တွေ့ရပါတယ်” ဟု ဆိုသည်။
ယင်းအဖွဲသည် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသူတွေကို ကျန်းမာရေး အကူအညီပေးနေသည့် ဟော်လန် နယ်စည်းမခြား ဆရာဝန်အဖွဲ့ (MSF – Holland) ၏ ဆေးခန်းသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ဒုက္ခသည်တဦးဖြစ်သည့် နိုဒူဟောက် မာဇီ က “UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး အပြည့်အဝ ထောက်ပံ့ပေးတာက နည်းနည်းပဲရှိတယ်။ ကျန်တဲ့အများစုက ဘာအကူအညီမှ မရဘူး။ ဒုက္ခသည်တွေ စားစရာ မလောက်ဘူး၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေလည်း အများကြီးပဲ” ဟု ပြောသည်။ ဘင်္ဂလာဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်တွင် နော်ယာပါရာ၊ လေဒန်းနှင့် ကူတူပါလန် ဒုက္ခသည်စခန်းများ ရှိသည့်အနက် ကူတူပါလန်ဒုက္ခသည်စခန်းတွင် UNHCR မှ အသိအမှတ်ပြုပြီး ကူညီထောက်ပံ့ပေးထားသူ ၁၂၀၀၀ ကျော်၊ UNHCR ဒုက္ခသည်ကတ်သာ ရရှိသူ ၁၇၀၀၀ ကျော်နှင့် UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသူ ၁ သိန်းကျော်ရှိကြောင်း သိရသည်။ “UN က ဒုက္ခသည် စခန်းထဲမှာ သူငယ်တန်းကနေ ၇ တန်းအထိ တက်နိုင်တဲ့ ကျောင်းတွေ ဆောက်ပေးထားတယ်။ ၇ တန်းအောင်ရင်တော့ အပြင်မှာတက်ရတယ်။ အပြင်မှာ တက်တဲ့လူတွေကိုလည်း UN က စရိတ်ထောက်ပံ့ပေးတယ်” ဟု စခန်းအတွင်းမှ ကျောင်းဆရာတဦးက ပြောသည်။ စာသင်ကျောင်းများတွင် ရိုဟင်ဂျာစာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာ စသည်တို့ သင်ကြားကြောင်း၊ ဒုက္ခသည်အဖြစ် အသိမှတ်ပြုမခံရသူများ၏ သားသမီးများမှာမူ မိဘ အုပ်ထိမ်းသူများ၏ အခြေအနေပေါ် မူတည်ပြီး ကျောင်းမတက် နိုင်သူများလည်း ရှိကြောင်း သိရသည်။
ကိုမောင်သိန်း (ခ) အအူအာမက်က ကျောင်းထားနိုင်သည့် မိသားစုများနှင့် ပတ်သက်၍ “သူတို့ကျတော့ တရားမဝင် လမ်းကြောင်းကနေ ပြည်ပရောက်သွားကြတဲ့ လူတွေက ထောက်ပံ့တာတွေ ရှိတယ်။ ဒေသတွင်းမှာ အလုပ် ထွက်လုပ်ကြတာတွေ ရှိတယ်။ အဆင်ပြေတဲ့လူတွေကျတော့ ကလေးတွေကို ကျောင်းထားနိုင်တယ်။ အဆင်မပြေတဲ့ လူတွေကျတော့ ကျောင်းမထားနိုင်ဘူး” ဟု ပြောသည်။
Myanmar Express 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်