Friday, November 23, 2012

လက်ပန်းတောင်းတောင် ဆန္ဒပြပွဲ၏ နောက်ကြောင်း လှည့် ဆောင်ရွက်ချက် များ

Posted by drmyochit Friday, November 23, 2012, under | No comments


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် သြဂုတ်လ ကစပြီး ဒေသခံ ရွာသား များ ဆန္ဒပြခဲ့ ရာ ကနေ စခဲ့တဲ့ြ ပဿနာဟာ မပြီးဆုံးနိုင်သေးဘဲ ကာလရှည်ကြာ  တဖြည်းဖြည်း ကြီးထွား လာနေပါတယ်။ အစ ပိုင်းမှာတော့ ဒီစီမံကိန်း ဟာ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာ တစ်ဖက်ကမ်း ကြေးနီစီမံကိန်း ဧရိယာ အတွင်း ကျရောက်နေတဲ့ ရွာများရွှေ့ပြောင်းရခြင်း၊ မြေယာ စွန့်လွှတ်ရခြင်းနဲ့ ပတ်သက်လို့ ရွာခံ များမှ သူတို့ ရဲ့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး အတွက် ဆန္ဒပြကြ တာဖြစ်ပါ တယ်။ နောက် ပိုင်း မှာတော့ စီမံကိန်းနယ်မြေအတွင်း ၀င်ရောက်ဆန္ဒပြခြင်း၊ မုံရွာ မြို့ပေါ်အထိ စီတန်း လှည့် လည်တောင်း ဆိုခြင်း၊ ညီလာ ခံပြုလုပ်ခြင်း၊ သပိတ်စခန်း ဖွင့်ခြင်း စတာတွေကို တစ်ဆင့်ပြီး တစ်ဆင့်တိုး လို့ဆောင်ရွက် လာခဲ့ကြပါတယ်။
လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်နဲ့ တရုတ် ကုမ္ပဏီ တစ်ခု ဖြစ် တဲ့ မြန်မာ ၀မ်ပေါင်တို့က ၂၀၁၀ ပြည့်နှစ်မှ စပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်း ဧရိယာစုစုပေါင်း ၃၂.၁၆ စတုရန်း ကီလိုမီတာ (ဂ၇၈၆၇.၇၈) ဧကရှိပြီး စီမံကိန်း ဧရိယာမှာ ပါဝင်တဲ့ လယ်ယာမြေ ၆၇၈၂ ဧက ကို မြေလျော်ကြေးပေးပြီးဖြစ် ပါတယ်။ မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီး မြို့နယ် ထဲက ကြေးစင်တောင်၊ စပယ်တောင်၊ လက်ပန်း တောင်းတောင် စတဲ့ေ နရာ တစ်ဝိုက် ဟာ ကြေးနီ ပါဝင် မှုနှုန်းမြင့်မား တဲ့ ကြေးနီ သတ္တုသိုက်နေ ရာတွေ ဖြစ်ပါတယ်။ ဒီသတ္တု မိုင်းနေရာ ဟာ လွန်ခဲ့ တဲ့နှ စ်ပေါင်း လေးဆယ်ခန့်၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ် ကတည်း က ရှိခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းက ကြေးနီ သတ္တု အနေနဲ့ မထုတ် လုပ်နိုင်သေးဘဲ သတ္တု ပါဝင်မှု ၈၀ ရာ ခိုင်နှုန်း ပါဝင်တဲ့ မြေကြီးအဖြစ် သန့်စင်ကာ နိုင်ငံခြားသို့ တင်ပို့ရောင်း ချပြီး  နိုင် ငံတော် အတွက် လို အပ် တဲ့ ကုန်ပစ္စည်းတွေကို ပြန်လည် ၀ယ်ယူရတာ ဖြစ်ပါတယ်။  ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ ကနေဒါနိုင်ငံ အင်ဗင်ဟိုကုမ္ပဏီနဲ့ အစိုးရတို့ဖက်စပ် လုပ်ကိုင်ပြီး ကြေးနီ သတ္တုပြားတွေ စမ်းသပ် ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။ ကြေးနီထုတ်လုပ် တဲ့လုပ်ငန်းစဉ်အရ အသုံးပြုတဲ့ အက်ဆစ်တွေဟာ ကြေးနီ ပါဝင်တဲ့မြေကြီးနဲ့ ဓာတ်ပြု ရပြီး အဲဒီအက်ဆစ်များ ကိုလည်း အထပ်ထပ် အခါခါ ပြန်လည် သန့်စင်ရတာမို့ အက်ဆစ်များဟာ မြေကြီးထဲစိမ့်ဝင်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် မှုဖြစ်ပေါ်စေ တယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။
ဒီဒေသက မြေတွေဟာ အခြားမြေများထက် ကြေးနီပါဝင်မှုနှုန်း မြင့်မားပါတယ်။ စက်ရုံက စွန့်ပစ် တဲ့  မြေစာတွေ ဆိုရင်လည်း ကြေးနီဓာတ် မကုန်သေးတဲ့အတွက် မိုးရွာပြီး နေပြန်ပွင့်ချိန်မှာ ဆိုရင် အဲဒီမြေတပြင် လုံး ဆားပွင့်နေတတ်ပါတယ်။ စွန့်ပစ်မြေကြီးတွေ ဆားပွင့်ရင် အနီးအနားရွာများက လာပြီးခြစ်ယူကာ ဒုတ္တာ ချက်ရောင်းကြပြီး ဒီထက်ပိုလုပ်နိုင် သူတွေကတော့ အဆင့်နိမ့်ကြေးရိုင်းတုံး တွေကို ဖိုထိုး ထုတ်လုပ်နိုင်ပြီး ရောင်းချကြတဲ့အတွက် အထိုက်အလျောက် အဆင်ပြေခဲ့ကြပါတယ်။ 
နောက်ပိုင်းမှာ ရွာသားများကို ကန့်သတ်လိုက်တဲ့အတွက် စက်ရုံဝန်ထမ်း မိသားစုတွေဘဲ ဆားခြစ်ခွင့်ရ ပါတော့ တယ်။ ဒီလိုကန့်သတ်လိုက်တော့ အနီးအနားရွာက လူတွေဟာ၊ စက်ရုံမှာနေ့စား၊ လစား၊ ရရာ အလုပ်ကို လုပ် လာကြပါတယ်။ အဓိကကတော့ ဒီဒေသမှာရှိတဲ့ မြေကြီးရဲ့ မူလ အနေအထား အရ ကြေးနီ ဓာတ်ရှိနေပြီးသားမို့ပါ။ နှစ်ပေါင်းများစွာကတည်းက ရှိလာခဲ့တဲ့စက်ရုံကို ဘာလို့အခုမှ မလိုလားတော့ တာလဲ ဆိုတာစဉ်းစားရမှာဖြစ်ပါတယ်။
ဒေသခံ ရွာသားများ အနေနဲ့ ရွာများရွှေ့ပြောင်းပေးရာမှာ ထိုက်သင့် တဲ့လျော်ကြေးငွေရရှိပြီး ဖြစ်သော် လည်း တဖြေးဖြေး လောဘတက်လာပြီး  လယ်ယာမြေ များစိုက်ပျိုးရေး ထက် ကြေးနီထွက် နေတဲ့မြေကို မစွန့်လွှတ် ချင်တာလည်း ပါပါတယ်။ ဒီအတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနဲ့ လယ် ယာမြေများ ပျက်စီးနိုင်မှု ကို အကြောင်းပြ ခဲ့ကြ တာဖြစ်ပါတယ်။ စီမံကိန်း အနေနဲ့ ဒေသခံ နယ်မြေလူထု လုပ်ကိုင် စားသောက်ရေး အတွက် ထိုက်သင့်သော လျော်ကြေး များကို ပေးချေ ခဲ့ပြီးဖြစ်ပါတယ်။ ခေတ်ပြောင်း စနစ်ပြောင်း ကာလမှာ ဘေးတီး သွေးထိုး လှုံ့ဆော်မှု များကြောင့် လျော်ကြေး ယူထားပြီးပါမှ လောဘတက်ပြီး ပိုလိုချင်လာပါတယ်။ စီမံကိန်းမှာ ၀င်ရောက် လုပ်ကိုင်တဲ့ ဒေသခံ များကလည်း လုပ်ခလစာ ပိုမိုရရှိရေး တောင်းဆိုမှုများ ပြုလုပ်လာခဲ့ ပါတယ်။  နောက်ပိုင်းမှာ လူထုလှုပ်ရှားမှုများ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ သွေးထိုးလှုံ့ဆော်မှုများ ပါဝင် လာပါတယ်။ ၎င်းတို့ရဲ့ ရွာမပြောင်းရွှေ့ ရရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးဆိုတဲ့ အချက် တွေကိုကျော်လွန်ပြီး ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသားဒေသ များတွင် ထိုးစစ်ရပ်စဲရေးနှင့် တပ်အင် အားေ လျှာ့ ချရေး၊ ပြည်သူလူထုမြေယာပိုင်ဆိုင်ခွင့်ရရှိရေး၊ ရခိုင် တိုင်းရင်းသားများ အရေး၊ နိုင် ငံရေးပြဿနာ ကို နိုင်ငံရေး နည်းလမ်းဖြင့်ဖြေရှင်းရေး၊ လူထု ဆန့်ကျင်သော လက်ပန်းေ တာင်းေ တာင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး စတဲ့အချက်တွေ နိုင်ငံရေး ဆန်ဆန် ဆောင်ရွက် လာတာ ကို တွေ့ရပါတယ်။
 တစ်ပိုင်းကလည်း တပ်မတော်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံအပေါ် အမုန်းတရားများ ကြီးစိုးနေပြီး လက်စားချေလိုစိတ် များဖြင့်၊ တပ်မတော်နဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေးဆောင် ရွက်မှု များကို ပျက်ဆီးရာ ပျက် ဆီးကြောင်းနဲ့  နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားရန် ကိစ္စများကိုပါ ဦးတည် ဆောင်ရွက် လာပါတယ်။ တရုတ်နိုင်ငံနဲ့ ၎င်းရဲ့အကျိုးစီးပွားကို အများပြည်သူက မုန်းတီးအောင် ဆောင်ရွက်နေခြင်းဟာလည်း မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။  နည်းပညာဖွံ့ဖြိုးမှုအရ ဖက်စပ်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံက အသာစီး ရကောင်း ရနိုင်ပါတယ်။ ဒါပေမယ့် နယ်မြေချင်း ထိစပ်နေတဲ့ မပေါင်းချင်လို့မရတဲ့ အိမ်နီး ချင်းဖြစ်ပါတယ်။ နိုင်ငံတကာက မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ခဲ့တဲ့အချိန်မှာလည်း မြန်မာနိုင်ငံရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ထူထောင်ပေးခဲ့တာ ကိုလည်း မေ့ထားလို့ မရပါဘူး။  တရုတ်နိုင်ငံအနေနဲ့ အာဖရိက၊ ဥရောပ၊ အမေရိကအထိ ထိုးဖောက်ဆက်သွယ်နေချိန်မှာ အိမ်နီး ချင်းနိုင်ငံ အနေနဲ့ ဘယ်လိုမှ ပစ်ပယ်ထားလို့ မရပါဘူး။ တရုတ် ပဲဖြစ်ဖြစ်၊ အနောက်နိုင်ငံပဲဖြစ်ဖြစ် သူတို့နဲ့ မပြေလည်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကို အထောက် အပံ့ပေးပြီး မြန်မာနိုင်ငံကို ဒုက္ခပေးနေ မှာအမှန်ပါပဲ။ ပြည့်အင်အားဟာ ပြည်တွင်းမှာ ဘဲရှိတာကို သိထား ရမှာ ဖြစ်ပါတယ်။ 
အဓိကကတော့ တိုင်းပြည်အ င်အား မရှိလို့၊ ကာကွယ်ရေး အင်အား မကောင်းလို့ပါပဲ။ အမြင် မကြည်လင် သူတွေနဲ့ အနေတော့ တပ်မတော်ကို ဦးချိုးထားနိုင်မှ သူတို့ရဲ့ ဒီမိုကရေစီ လမ်းကြောင်း ကို အောင်မြ င်အောင်ေ လျှာက်နိုင်မယ် လို့ ထင်ထားပါတယ်။ နိုင်ငံသား အားလုံးဟာ ယုံကြည် နားလည်မှု တွေနဲ့ စည်းလုံး ညီညွတ်ရမဲ့ အချိန်ဖြစ်ပါတယ်။ လက်တွေ့ မှာတော့ နေရာတိုင်းမှာ အဖွဲ့အစည်းတိုင်း လိုလိုမှာ တစ်ယောက် တစ်ပေါက်နဲ့  ရှေ့ကို မတက်နိုင် ဘူးဖြစ်နေတာပါ။ နိုင်ငံတော် သမ္မတကြီးအနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအရ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အထိအခိုက် ခံပြီး မြစ်ဆုံရေ ကာတာ စီမံကိန်း ရပ်ဆိုင်းပေးခဲ့တာကို အခွင့်ကောင်း ယူပြီး ၎င်းတို့ရဲ့ ဆန္ဒနဲ့ မကိုက်ညီ သမျှ နိုင်ငံတော် ရဲ့ အရေးကြီးတဲ့ စီမံကိန်း အားလုံးကို လိုက်ပြီး ရပ်ဆိုင်းပေးနေ ရရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်သည့် အလုပ်မှ လုပ်လို့ ရတော့မှာ မဟုတ်တော့ပါဘူး။ ပြည်သူများ အနေနဲ့ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး” ဆိုသော်လည်း ရရှိနိုင်မယ့် အကျိုးနဲ့ အပြစ်ကို သုံးသပ်ရ မှာဖြစ်ပါတယ်။ နေရာတိုင်းမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာကို ဂုဏ်ယူပြီး ပြောေ နလို့ မရ ပါဘူး။ သယံဇာတ ဆိုတာ ထုတ်ယူ အသုံးချမှ အကျိုး ရှိမှာဖြစ်ပါတယ်။ အသုံးချတဲ့ အခါမှာ အလွန်အကျွံ ထုတ်ယူ သုံးစွဲမှုမပြုဖို့ကိုဘဲ ဂရုပြုထိန်း သိမ်း ရမှာဖြစ်ပါတယ်။  မိရိုးဖလာ ဆိုပြီး ရှေးရိုးစွဲ လုပ်နေလို့ မရဘဲ လုပ်သင့်တာကို လုပ်ရမှာဖြစ်ပါတယ်။  ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့နဲ့ ပတ်သက်ပြီး အဓိပ္ပါယ် ဖွင့်ဆိုရာမှာ ကိုယ် လိုရာကို ဆွဲေ တွးပြီး အလွန် အကျွံ အဓိပ္ပါယ်ဖွင့်ဆိုခြင်းမပြုမိစေဖို့ လိုအပ်ပါတယ်။ အမှန်တကယ်ရှိတဲ့ တန်ဖိုးထက်ပိုပြီး တန်ဖိုး မသင့်ဖို့လို အပ်ပါတယ်။ လောက ဓမ္မတာအရ အကျိုး အပြစ်ယှဉ်ပြီး လုပ်ကိုင် ရမှာဖြစ် ပါတယ်။ ရောဂါပျောက်ဖို့ ဆေးကု သတာတောင်မှ ဘေးထွက် ဆိုးကျိုး အနည်းအပါးတော့ ခံစားရပါတယ်။ အဖျားအနာ ပျောက်ချင်ရင် ဆေးကြောင့် မူးဝေတာ ကိုတော့ ခံနိုင်ရပါမယ်။  ဒီမိုကရေစီ သဘောတရားဆိုရာမှာ အများဆန္ဒနဲ့အညီ အများအကျိုးနဲ့ ပတ်သက်ပြီး ဖြည့် ဆည်း ပေးဖို့ဖြစ် ပါတယ်။ တစ်ဖက်က လည်း လူနည်းစုရဲ့ဆန္ဒကို လေးစားရမှာဖြစ်ပါတယ်။ အများအကျိုး အတွက် လူနည်း စုမှာ ထိုက် သင့်တဲ့ ထိခိုက်နစ်နာ မှုရှိရင်လည်း ခံနိုင်ရမှာဖြစ်ပါတယ်။ ထိခိုက်နစ်နာမှု အတွက် ထိုက်သင့်တဲ့ အစားထိုးမှု၊ သက်သာခွင့်၊ အလုပ်အကိုင်၊ စီးပွားရေးနဲ့ လူမှုရေးအခွင့် အလမ်းတွေ ကို ပြန်လည်ဖြည့်  ဆည်း ထူထောင်ပေးရင် လက်ခံနိုင် ရမှာ ဖြစ်ပါတယ်။

တာဝန်ရှိ သူတွေကလည်း စီမံကိန်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ထိတွေ့ ပြီး ပြည်သူ လူထုသိမြင်အောင် ထုတ်ပြန်ပေး ရမှာဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့လည်း စီမံကိန်းရဲ့ အရေးကြီးမှု၊ အကျိုးအပြစ် ရှိမှုတွေကို ပွင့်လင်းမြင် သာအောင် ချပြရ မှာဖြစ်ပါတယ်။ “မြစ်ဆုံ စီမံကိန်းကို ပြည်သူလူထုရဲ့ဆန္ဒအရ ရပ်ဆိုင်းပေး ခဲ့ပြီး ကြေးနီစီမံကိန်း ကတော့ နိုင်ငံတော် အဆင့်ဖြစ် တဲ့အတွက် ဆက်လုပ်ရပါမယ်။ မရွှေ့ပြောင်းဘဲနေလို့ရတဲ့ ရွာတွေရှိရင်လည်း ဆက်နေပါ ”လို့ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်လည်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ ဒီမိုကရေစီဆိုပြီး ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ဖို့ အများဆန္ဒ ဆိုတိုင်း နေရာတိုင်းမှာ လုပ်ချင်ရာ လုပ်လို့ မရပါဘူး။ အခြေအနေ အချိန်အခါနဲ့ ဆီလျော် အပ်စပ် ကိုက်ညီ မှန်ကန် အကျိုးရှိဖို့ လိုပါတယ်။ နေရာ တကာမှာ အကြိုက်လိုက်လုပ် လို့မရပါဘူး။ အကျိုးနဲ့ယှဉ်ပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ပုဂ္ဂလ ဓိဋ္ဌာန်နဲ့ မချဉ်းကပ်သင့် တာကို ဓမ္မဓိဋ္ဌာန်နဲ့ ချဉ်းကပ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ မိမိနိုင်ငံရဲ့ အခြေအနေ၊ အချိန်အခါ၊ ဥပဒေ၊ လတ်တလော လိုအပ်ချက် စတဲ့အချက်တွေနဲ့ နှိုင်းယှဉ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
ဒီမိုကရေစီရဲ့အနှစ်သာရဟာ တရားဥပဒေ စိုးမိုးရေးဖြစ်ပါတယ်။ အငြင်းပွားမှု၊ မပြေလည်မှု တစ်ခုဖြစ် လာ ရင် တရား ဥပေ ဒနဲ့သာ ဖြေရှင်း ရမှာဖြစ်ပါတယ်။ တစ်ချိန်ကလွှမ်းမိုးလာခဲ့တဲ့ ဗကပရဲ့ လုပ်နည်း လုပ် ဟန်တွေဖြစ်တဲ့ ဆန္ဒပြခြင်း အာဇာနည် ဖော်ထုတ်ခြင်းနဲ့ မသာချတာတွေ အစည်း အဝေးခေါ် လူစု လူဝေးနဲ့ညီလာခံ လုပ်တာတွေ၊ ထုတ်ပြန်ချက် ကြေညာချက်တွေ လျှောက်ထုတ်နေတာ တွေကို ဒီမိုကရေစီ လူ့အဖွဲ့အစည်း တွေအနေနဲ့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ 
လျှောက်လှမ်း ချင်တာက ဒီမိုကရေစီလမ်းကြောင်း၊ ကျင့်သုံးနေတာက “ဗကပ” တစ်ကျော့ပြန် မင်းမဲ့စရိုက် ဆန် ဆန်ဖြစ်နေရင် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။ အစတုန်း ကတော့ ရွာတွေမပြောင်းချင်လို့၊ လယ်ယာမြေတွေ မဆုံးရှုံးချင်လို့ ဒေသခံရွာသား တွေက သူ့အတွေးနဲ့သူ စလုပ် လိုက်တာပါ။ အကွက်ကောင်းစောင့်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း တွေက အကြိုက်တွေ့ပြီး ဒေသ ခံတွေထဲကို စိမ့်ဝင်စည်းရုံး လာပါတယ်။  စီမံကိန်းနဲ့ မပတ်သက်တဲ့ နိုင်ငံရေး မူဝါဒတွေကို ရိုက်သွင်းပေး လာပါတယ်။ ရွာသူ ရွာသားများပါ မကဘဲ အခြား နယ်ပယ် အသီးသီးက နိုင်ငံရေးသမား၊ တိုင်းရင်းသား လယ်သမား၊ အလုပ်သမား၊ ကျောင်းသား လူတန်း စား များကို ဆွဲထည့်လာပါတယ်။ “တိုက်ပွဲဝင်တယ်” “မြေသိမ်းတိုက်ပွဲဆင်နွှဲတယ်” စတဲ့ အသုံး အနှုန်းတွေ နဲ့ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော် ဆောင်ရွက် လာကြပါတယ်။ နောက်ပိုင်းမှာ ရဟန်း၊ သံဃာတွေ ကိုပါ ထည့်သွင်း အသုံးချလာတာတွေဟာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေဖို့ ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ၊ မြေပေါ်မြေအောက် အဖျက်သမားတွေက ဒီကိစ္စမှာပါဝင်အောင် လှုံ့ဆော် နေ တာတွေ့ ရပါတယ်။ စီမံကိန်း နယ်မြေအတွင်းဝင်ရောက်ပြီး ၀တ္တရားနှောင့်ယှက်မှုတွေ ဆောင်ရွက် လာပါတယ်။ လုံခြုံရေးဆောင် ရွက်တဲ့ဝန်ထမ်းတွေကို မထီမဲ့မြင် လုပ်လာပါတယ်။ နောက်ကြောင်းပြန် မလှည့်ချင်ဘူး ဆိုသူတွေရဲ့ နောက်ကြောင်းပြန် ဆောင်ရွက်ချက်တွေဖြစ်ပါတယ်။
လက်ပန်းတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးမှ အစပြု၍ နိုင်ငံရေးဆန်ဆန် လှုပ်ရှားလာတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း၊ မြေပေါ်မြေအောက်၊ ပြည်တွင်းပြည်ပ အဖျက်သမား များဟာ ပြဿ နာကို ပြေလည်ေ အးချမ်း သွားစေဖို့ထက် ပိုမိုကြီးထွားရှုပ်ထွေးအောင် အရှိန်မြှင့် လုပ်ဆောင်နေ မှာ ဖြစ် ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား ပုံမှန်မလည် ပတ်နိုင်အောင် နေရာ အနှံ့ကနေ ပြဿနာ မျိုးစုံ ဖန်တီးဆောင်ရွက်နေမှာဖြစ်ပါတယ်။ အစိုးရတက်လာပြီး ၂ နှစ်သက်တမ်းပြည့်တော့မည့်အချိန်အထိ သိသာထင်ရှားသော ဖွံ့ဖြိုး တိုးတက်မှု မရရှိစေဘဲ နောက်ကြောင်းပြန်ဆွေးနွေး ငြင်းခုံ အဖြေရှာမရ ဆန္ဒပြကြမယ်၊ အဓိကရုဏ်း တွေဖန်တီးမယ်၊ နယ်စပ်မှာ လက်နက်ကိုင်တိုက်ခိုက်တွေ ဆက်ဖြစ်နေဖို့ ကြိုးစားမယ်၊ ၂၀၁၅ခုနှစ်အထိ အိစုးရကို ပြဿ နာတွေ နဲ့ လုံးချာလည်နေအောင် ဖန်တီးထားမယ့် ကြီးမားတဲ့အကြံအစည် ဖြစ်ပါတယ်။ လက်ပန်းတောင်းတောင်ဒေ သလေးမှာ ဖြစ်ပေါ်နေတဲ့ သွေးရိုးသားရိုး ကိစ္စလေးမဟုတ်ပါဘူး။
ဥပဒေဟာ နိုင်ငံသားအားလုံးကို အကာအကွယ် ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ တရား ဥပဒေစိုးမိုးရေးနဲ့ လုံခြုံေ ရး ကို တာဝန်အရ ဆောင်ရွက်နေတဲ့ လုံခြုံရေးဝန်ထမ်းများ စက်ရုံဝန်ထမ်း များကိုလည်း အကာ အကွယ်ပေး ရမှာဖြစ်ပါတယ်။ သက်ဆိုင် ရာ တရားဥပဒေ စိုးမိုးရေးအဖွဲ့များ အနေနဲ့လည်း နောက်ကြောင်းပြန် ဆောင်ရွက် ချက်တွေကို လက်ပိုက်ကြည့် မနေသင့်ပါဘူး။ မည်သည့်ဘက်မှ ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ တိုင်းပြည် မျက်နှာထောက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြဋ္ဌာန်းဥပဒေကို တည်တံ့အောင် ဆောင်ရွက်ဖို့ တာဝန်ရှိ တဲ့အဖွဲ့ အစည်းများ အနေနဲ့လည်း တားဆီးထိန်းသိမ်း မှုများပြုလုပ်ပြီး လွန်ကဲလာရင် တည်ဆဲ ဥပဒေများနဲ့ အရေးယူ ကန့်သတ် ဆောင်ရွက်သင့်ပါတယ်။ 
ဒါကြောင့် တားဆီးထိန်းသိမ်း သင့်ချိန်မှာ မတားဆီးဘဲ ဆက်ပြီးလက်ပိုက် ကြည့်နေမယ်ဆိုရင် လူအုပ်စုရဲ့ သဘော သဘာဝအရ မင်းမဲ့စရိုက်သို့ ကူးပြောင်းသွားနိုင်ပြီး အရင်လိုပြန်ဖြစ် သွားနိုင် ပါတယ်။ မလိုလား အပ်တဲ့ လူစုလူဝေး တွေမဖြစ်စေဖို့ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည် ဖော်နေတဲ့ အုပ်ချုပ်ရေး အဖွဲ့ အစည်းများအနေနဲ့ တရားဥပဒေနှင့်အညီ တာဝန်ရှိတဲ့အတိုင်း ထိထိရောက်ရောက် ထိန်း သိမ်းဆောင် ရွက်သင့်ပြီဖြစ်ပါတယ်။
မောင်သလ္လာ


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်