Friday, November 23, 2012

မလှိမ့်တစ်ပတ်ကား နဲ့ အထိတ်တလန့်ရထား

Posted by drmyochit Friday, November 23, 2012, under | No comments


ရန်ကုန်-ပြည်သွား အမြန် ယာဉ်ကားများပေါ်တွင်  Air Con ပါသော ကားများရှိသလို  Air Conမပါသော အမြန်ယာဉ်ကား များလည်း ပြေးဆွဲလျက်ရှိရာ ယာဉ်စီးနင်းခ ဈေးမှာလည်း ကွာ ခြားလျက်ရှိသည်ကိုတွေ့ရသည်။
 Air Con ပါသော ကားအချေို့ သည်  Air Con ပျက်နေပါလျက်
 Air Con
ဈေးယူ၍ ခရီးသည်များ ကို မလိမ့်တစ်ပတ် လိမ်လည်ပြော ဆိုပြေးဆွဲလျက် ရှိသည်ကို တွေ့ရ သည်။ စာရေးသူတို့ သူငယ်ချင်း (၃)ဦး ၈-၁၁-၂၀၁၂ရက် နံနက် ပိုင်း (၈)နာရီက ပေါင်းတည်မှ ရန်ကုန်သို့  Air Con ပါသော မျိုး ဆက်သစ်ယာဉ်လိုင်း ယာဉ်အမှတ် (၈ဆ/၆၃၅၂)ကို ကျပ်(၄၅၀၀) ပေး၍ စီးနင်းလိုက်ပါခဲ့သည်။  ခရီး စဉ်လမ်းတစ်ဝက်၌  Air Con လုံးဝ ပိတ်ခဲ့သဖြင့် ပူအိုက်ပါလာသည့် အတွက် ၀ဲယာမှန်တံခါးများ ဖွင့်၍ စီးနင်းလိုက်ပါခဲ့ရပါသည်။  မည်သည့်အတွက်ကြောင့်  Air Con ပိတ်ရသည်ကို တာဝန်ရှိသူ များမှ ခရီးသည်များအား ရှင်း လင်းခြင်းမရှိသလို ဒရိုင်ဘအား မေးမြန်းရာတွင်လည်း ပြန်လည် ပြောကြားခြင်းမရှိပါ။
ခန္ဓာကိုယ် သက်သာမှုရှိစေရန် ခရီးသွားလို ၍ ဈေးကြီးပေး လိုက်ပါခဲ့ရသော် လည်း ထိုနေ့က ယူ၍ ၀န်ဆောင် မှုတာဝန်မကျေသော အဆိုပါ ယာဉ်ကို ခရီးသွားများမှ ကျေနပ် မှုမရှိသည်ကို တွေ့ရသည်။ ပြည်-ရန်ကုန် မီးရထား (၇၁)အဆန်သည် ၁၀-၁၁-၂၀၁၂ ရက် နေ့လည်(၁)နာရီက ရန်ကုန် မှ ခရီးသည်များ တင်ဆောင်၍ ထွက်ခွာလာရာ တိုက်ကြီးမြို့အနီး တွင် ၀ါယာလျော့ဖြစ်ပွားခဲ့၍ ရထားစီးခရီးသည်များ အထိတ် တလန့်ဖြစ်ခဲ့ရသည်။ တွဲ(၂)နှင့် တွဲ(၃)အကူး ၀ါယာများလျော့ဖြစ် သဖြင့်မီးလောင်ပြီး မီးခိုးများထွက်လာသည့် အတွက် တွဲ(၃)ရထားပေါ်မှ ခရီး သည်များ ထွက်ပြေးသဖြင့် ရထား ပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ သည်။
တာဝန်ရှိသူတို့ အချိန်မီ လာရောက် ပြုပြင်ကြရာ ၀ါယာ (၂)ဆကို အကာအကွယ်မဲ့ ပူး လိမ်ထားသည်ကို အံ့သြစွာတွေ့ ရသည်။  နောက်တစ်ကြိမ် ၀ါယာ လျော့ဖြစ်၍ စိုးရိမ်လွန်သော ခရီး သည်များ ရထားပေါ်မှ ခုန်ချမိခဲ့ လျှင် အသက်ဆုံးရှုံးထိခိုက်နိုင်ပါ သည်။  ရထားပေါ်မှ ခရီးသည် များ လိုရာခရီးသို့ အေးချမ်းစွာ  လိုက်ပါနိုင်စေရန်မြန်မာ့ မီးရထားမှ တာဝန်ယူစေလိုပါသည်။

Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်