Friday, November 23, 2012

အလုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံသားနှင့် အတင်းအဓမ္မလက်ထပ်ခိုင်းခဲ့သည့်ဖြစ်စဉ်မှ ပါဝင်သူ နှစ်ဦးအား ဖမ်ဆီးစစ်ဆေးလျက်ရှိ အဓိကပါဝင်ကျူးလွန်သူမှာ တိမ်ရှောင်နေ

Posted by drmyochit Friday, November 23, 2012, under | No comments


 မှုဆယ်မြို့ရှိ စားသောက်ဆိုင်၌ အလုပ်လုပ်ရ မည်ဟုဆိုကာ တရုတ်နိုင်ငံ သို့ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံသားနှင့် အတင်းအဓမ္မ လက်ထပ်ခိုင်းခဲ့သည့်  ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ နှစ်ဦးအား ဖမ်ဆီးစစ်ဆေး လျက်ရှိပြီး အဓိက ပါဝင်ကျူးလွန်သူမှာ တိမ်းရှောင်လျက်ရှိကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ်တွင် မသဇင်ထွေးမောင် ၂၆ နှစ်မှာ ဇူလိုင်လ ၁၇ ရက်နေ့တွင် ခင်ပွန်းဖြစ်သူမှာ ပြင်ဦးလွင်သို့ နှစ်လခန့် ဆက်သွယ်ရေး သင်တန်းတက်ရောက် ရန်သွားသဖြင့် ဖခင်ဖြစ်သူရှိရာ မှော်ဘီမြို့နယ်၊ တပ်ကုန်ကျေးရွာသို့ သွားရောက် နေထိုင်စဉ်တွင် မသဇင်ထွေးမောင်နှင့် ရင်နှီးသိကျွမ်းဖူးသူ ပြောင်ကြီး(ခ)ကျော်ကျော်လွင်မှာ မှုဆယ်မြို့ စားသောက်ဆိုင်တွင် လစာကောင်းပြီး လုပ်ချင်လျင် ဆက်သွယ်ပေးမည် ဖြစ်ကြောင်း၊ ထို့အတူ မသဇင်ထွေးမောင်မှလည်း ခင်ပွန်းဖြစ်သူ နှစ်လခန့် သင်တန်းသွားရောက် နေစဉ်တွင် အလုပ်လုပ်ကိုင် လိုကြောင်းပြောသဖြင့် ပြောင်ကြီးမှ မြို့မဈေး တံတားအနီးရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်ခဲ့ပြီး မရီရီချိုနှင့် မိတ်ဆက်ပေးခဲ့ရာ မရီရီချိုမှ မှုဆယ်မြို့နယ်ရှိ စားသောက်ဆိုင်တွင် တစ်လလျင် ၁ သိန်းခန့်ရရှိ မည်ဖြစ်ကြောင်း လိုက်ပို့ပေးရန်နှင့် လမ်စရိတ်အတွက် ငွေကျပ် ၅၀၀၀၀ အား မရီရီချိုအား ပေးခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်တွင် မသဇင်ထွေးမောင် နေထိုင်လျက်ရှိသော နေအိမ်သို့ သန်းထိုက်အောင်ခေါ် သဲသဲကြီးမှာ လာရောက်ခေါ်ပြီး လေထီး ၁၆ မှတ်တိုင်တွင် မရီရီချိုမှာ စောင့်နေကြောင်း ပြောသဖြင့် လိုက်ခဲ့ပြီး  မရီရီချိုနှင့်အတူ လှိုင်သာယာ ၁ ထိပ်ရှိ မရီရီချို သူငယ်ချင်းဖြစ်သူ နေအိမ်တွင် ၂ ညအိပ်ခဲ့ပြီး ဖူလိုင်လ ၂၀ ရက်နေ့တွင် အောင်မင်္ဂလာ အဝေးပြေးမှတစ်ဆင့် မူဆယ်မြို့သို့ရောက်ရှိခဲ့ပြီး စားသောက်ဆိုင်သို့သွားမည်ဆိုကာ မရီရီချိုမှ Taxi ငှားခဲ့ကာ တရုတ်နိုင်ငံအတွင်းသို့ဝင် ရောက်ခဲ့ကြောင်း မသဇင်ထွေးမောင်မှာ မသွားတော့လိုကြောင်း ပြောသော်လည်း ပြန်မပို့ဘဲ ကားနှစ်ဆင့်စီးပြီး တရုတ်နိုင်ငံ ကျန်လျောင်မြို့နယ်ရှိ မရီရီချို တို့နေအိမ်သို့ရောက်ရှိခဲ့ကြောင်း၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် မရီရီချိုနှင့် ၎င်း၏ခင်ပွန်းဖြစ် သူတို့မှ ၎င်းမြို့နယ်နေသူ တရုတ်နိုင်ငံသား ဟန်ဆွန်အား ယွမ်ငွေ ၅၂၀၀၀ ဖြင့်ရောက်စားခံခဲ့ရပြီး  တစ်လခွဲခန့် လင်မယားအဖြစ် ပေါင်းသင်းနေ ထိုင်ခဲ့ရာမှ ထွက်ပြေးလွတ်မြောက် လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မသင်ဇင်ထွေးမောင်အား အလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသားနှင့် အတင်းအဓမ္မ လက်ထပ်ခိုင်းမှုတွင် ပါဝင်ပတ်သတ်ခဲ့ သူများအား အရေးယူပေးရန် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မှော်ဘီမြို့နယ် ရဲစခန်းမှ အမှုဖွင့်ကာ အရေးယူလျက်ရှိပြီး ကျော်ကျော်လွင်(ခ)ပြောင်ကြီး၊သန်းထိုက်အောင် (ခ) သဲသဲတို့အား ဖမ်းဆီး စစ်ဆေးနေကြောင်း သို့သော် အဓိကပါဝင်သူ မရီရီချိုမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်