Friday, November 23, 2012

ရခိုင်ပြည်နယ်အတွင်းပဋိပက္ခဖြစ်အောင်ဖန်တီးခဲ့သူ ဒေါက်တာထွန်းအောင် အား ပြစ်ဒဏ် ၁၈ နှစ် ချမှတ်လိုက်ပြီ

Posted by drmyochit Friday, November 23, 2012, under | No comments


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်အောင် ဖန်တီးခဲ့သူ ဒေါက်တာထွန်းအောင် အား မနေ့က ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။ ထိုသို့ပြစ်ဒဏ်ချမှတ် ရာတွင် စွဲချက်များအရ သီးခြားခွဲခြားကာ ပြစ်ဒဏ်ချမှတ် ခြင်းဖြစ်ပြီး မနေ့က ချ မှတ်သော ပြစ်ဒဏ်တွင် ၁၅ နှစ်၊ ယခင် ပြစ်ဒဏ်တစ်ခုအတွက် ၃ စုစုပေါင်း ၁၈ နှစ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုကို ပျက်ပြားစေတဲ့ အမှုအပေါ်အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ-၅(ည)အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၈ နှစ်ကို သီးခြားစီ ထပ်မံကျခံစေဖို့ မနေ့က ချမှတ်ခဲ့သည်။
ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က) အရ ထောင်ဒဏ် ၃ နှစ်ကျခံစေဖို့ စစ်တွေခရိုင် တရားရုံး ကပဲ အမိန့် ချမှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ ပုဒ်မတွေအတွက် မနေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်သည်။ ဒေါက်တာထွန်းအောင် သည် ဘင်္ဂလီတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ဖြစ် ပေါ် ခဲ့သော ပဋိပက္ခဖြစ်ပေါ်အောင် ဖန်တီးခဲ့သူ တစ်ဦးဖြစ်ပြီး နောက်ကွယ်က ကြိုးကိုင်သူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်