Friday, November 23, 2012

အရက်သမားအမှားတစ်ထောင်စကားနှုတ်ထိုးဒေါသခိုးကြောင့် လူသတ်မှုတောင်တွင်းကြီးမြို့နယ်တွင်ဖြစ်ပွား

Posted by drmyochit Friday, November 23, 2012, under | No comments


မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့နယ် ဘူတာကျေးရွာတွင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ (၅း၄၀)အချိန် ကုက်္ကိုကုန်း  ဘူတာရွာနေ ဒေါ်စန်းဌေး (၃၇)နှစ်  မှ ကုက်္ကိုင်ကုန်း ရဲစခန်းသို့ရောက် ရှိလာပြီး ၎င်းနှင့်ခင်ပွန်းဖြစ်သူ ဦးသန်းဝင်း (၄၄) နှစ်တို့ နေအိမ် ၌ ရှိနေစဉ် ကုလားမအုပ်စုဆည် တော်ကျေးရွာနေ ကိုအောင်တင့်၊ ကိုအောင်ဝင်းနှင့် ကိုကျော်အောင်  တို့ညီအစ်ကို (၃) ဦး အရက်မူး ရောက်ရှိလာပြီး စကားပြောဆိုနေ ၍ ဦးသန်းဝင်းမှ စိတ်မရှည်၍ အပြန်အလှန် ပြောဆိုရာ၎င်းင်းတို့ ညီအစ်ကို (၃) ဦးမှ မကျေနပ်ဖြစ် ပြီး နေအိမ်မှ ပြန်ထွက်သွားကာ နေအိမ်နှင့် (၁၀) တောင်ကျော် ခန့်အကွာလမ်းမပေါ်၌ သန်းဝင်း  ထွက်ခဲ့ဟုအော်ဟစ်နေကြ၍ ခင်ပွန်းဖြစ်သူဦးသန်းဝင်းက နေအိမ်  မှထွက်သွားရာ လမ်းမပေါ်အရောက်   တွင် ကိုအောင်ဝင်းမှ ဦးသန်းဝင်း အား လေးခွနှင့် ချိန်ရွယ်နေစဉ် ကိုအောင်တင့်မှ အသင့်ပါလာ သည့် ဓားမဖြင့်ခုတ်၍ ဦးသန်းဝင်း ၏ မျက်နှာဝဲဘက်ခြမ်းမှ မေးစေ့  အလယ်အထိ (၆) လက်မခန့်ပြတ်  ရှဒဏ်ရာတစ်ချက်၊ ၀ဲဘက်နား အောက်မှ ယာဘက်ပါးပြင်အထိ (၆) လက်မခန့်ပြတ်ရှဒဏ်ရာတစ် ချက်၊  ယာလက်ကောက်ဝတ်အထက် ပြတ်ရှဒဏ်ရာတစ်ချက်၊ ရရှိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွား  ဟုတိုင်ကြားခဲ့သည်ဆို၏။ ဒေါ်စန်းဌေးမှ ၎င်း၏ခင်ပွန်းအား သတ်သူ ကိုအောင်တင့် (၃၇) နှစ်   ကုလားမအုပ်စုဆည်တော်ရွာ ကိုအောင်ဝင်း (၃၀)နှစ် ကုလားမ  အုပ်စုဆည်တော်ရွာ ကိုကျော်အောင် (၄၂) နှစ် ကုမလားမ အုပ်စုဆည် တော်ရွာနေသူတို့အား ဥပဒေနှင့်  အညီအရေးယူပေးပါရန် တရားလို  ပြုလုပ်တိုင်တန်းသဖြင့် ကုက်္ကိုင်  ကုန်းရဲစခန်းက (ပ) ၉၅/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ အရ အမှု ဖွင့်ဆောင်ရွက်ထားပြီး ခေတ္တစခန်း  မှူး ဒုရဲအုပ်ညီညီလွင်မှ အမှုအား   လက်ခံစစ်ဆေးလျက်ရှိကြောင်းသိရသည်။
ထို့နောက် ညီအစ်ကိုဆုံးသုံး ဦးကို ဖမ်းဆီးရမိ နိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူးသန်း ဌေးဟန်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ၎င်းင်းတို့နေထိုင်သော ဆည်တော် ကျေးရွာသို့သွား ရောက်ရှာဖွေရာ ရွာအရှေ့တောင်  ဘက် (၅) မိုင်ခန့်အကွာလက်ပံ စမ်းတဲတိုက်ရှိကိုအောင်ဝင်း၏နေ အိမ်အရှေ့တောင်ဘက်ကိုက် (၁၀၀) ခန့်အကွာတောစပ်တွင်   ကိုအောင်ဝင်းကို ပုန်းအောင်းနေရာ မှ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် (၆း၄၅) အချိန် ဖမ်းဆီးရမိပြီး၊  အခင်းဖြစ်သက်သေခံ ပစ်္စည်းအရိုး မပါအရင်းမှအဖျားအထိ (၂) ပေ ခန့် ငါးရှဥ့်ခေါင်းပုံ ဓားမတစ်ချောင်း၊   အလျား (၁၀) လက်မခန့် ၀ါးတစ် ရိုးတစ်ခုတို့အား ၎င်းနေထိုင်သော   တဲပေါ်ရှိ သေတ္တာအောက်တွင် ၀ှက်ထားကြောင်း ကိုအောင်ဝင်း၏  ပြောပြချက်အရ သက်သေများနှင့် အတူရှာဖွေသိမ်းဆည်းရမိခဲ့သည်။
၎င်းအပြင်အမှုမှ ကျန်တရားခံများ  ဖြစ်သော အောင်တင့်ကျော်အောင် တို့ နှစ်ဦးအား အမြန်ဆုံးဖမ်းဆီးရ မိနိုင်ရေးအတွက် ၎င်းင်းတို့နေထိုင်   သွားလာတတ်သော နေရာများသို့ ဒုရဲအုပ်နိုင်ထူးဦးစီးသော ရဲတပ်ဖွဲ့  ၀င် (၅) ဦးနှင့် ဒုရဲအုပ်သီရိတင် ဦးစီးသောရဲတပ်ဖွဲ့ဝင် (၄) ဦးတို့ မှ ကင်းပုန်းဝပ်ပိတ်ဆို့လျက်၎င်းင်း တို့နှစ်ဦးအား အမြန်ဆုံးဖမ်းဆီးရမိ နိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
 Hot News Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်