Friday, November 23, 2012

လာမည့်နှစ်၌ နည်းပညာတက္ကသိုလ် တစ်ခုစီသာ ထားရှိတော့မည်

Posted by drmyochit Friday, November 23, 2012, under | No comments


၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ အင်ဂျင်နီယာဘွဲ့ (B.E) တက်ရောက်နိုင်သော နည်းပညာတက္ကသိုလ် တစ်ခုစီသာ ထားရှိတော့မည် ဖြစ်သည်။ အဆိုပါ ပညာသင်နှစ်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ နည်းပညာ တက္ကသိုလ်အားလုံး၌ အင်ဂျင်နီယာဘွဲ့ (B.E)တန်းများ မတက်ရောက်နိုင်တော့ပဲ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုစီရှိ သတ်မှတ်ထားသော နည်းပညာတက္ကသိုလ် တစ်ခုတည်း၌သာ (B.E)တန်းများ တက်ရောက်နိုင် တော့မည် ဖြစ်သည်။
''နောက်နှစ်မှာ အဲဒီကျောင်းတွေ အားလုံးမှာ B.E တန်းတွေ ထားတော့မှာ မဟုတ်ပါဘူး။ အဲဒီ အထဲက တစ်ကျောင်းမှာပဲ B.E တန်းတွေ ထားရှိပေးတော့မှာ ဖြစ်ပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အခုလိုပဲ တိုင်းတစ်တိုင်းကို B.Eတန်း သင်ကြားနိုင်တဲ့ ကျောင်းတစ်ကျောင်းနှုန်းပဲ ထားရှိ သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ကျောင်းတွေမှာ AGTI နဲ့ B.Techပဲ သင်ပေးမှာပါ''ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ လာမည့်နှစ်တွင် စတင်ကျင့်သုံးမည့် စနစ်သစ်၌ ယခုလက်ရှိ ကျင့်သုံးနေ သည့်စာသင်နှစ်များကို ပြောင်းလဲတိုးမြှင့်သတ်မှတ်မည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရှိရသည်။ ထိုသို့ တိုးမြှင့် ပြောင်းလဲရာတွင် AGTI သင်တန်းအား သုံးနှစ်၊ B.Tech သင်တန်းကို နှစ်နှစ်နှင့် B.E သင်တန်းအား တစ်နှစ်သို့ ပြောင်းလဲထားကြောင်း သိရှိရသည်။ “ဒါက ကျောင်းသား/သူတွေကို အရည်အသွေး စစ်ချချင်တဲ့ သဘောလည်း ပါမယ်နဲ့တူတယ်။ နောက်ပိုင်း တစ်ဖြည်းဖြည်းလည်း နည်းပညာ တက္ကသိုလ်တွေ ကြပ်လာဖို့ ရှိလောက်တယ်။ ကျောင်းသားကောင်းတွေ ထွက်လာတာပေါ့” ဟု နည်းပညာ တက္ကသိုလ် ဆရာမတစ်ဦးက ပြောင်းရွှေ့မှုနှင့် ပတ်သက်၍ ပြောသည်။ ၂၀၁၂-၂၀၁၃ခုနှစ် ပညာသင်နှစ်၌ နည်းပညာတက္ကသိုလ် အားလုံးတွင် B.E တန်းများအား တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ထားရှိပေးခဲ့ပြီး အဆိုပါ B.E တန်းများ တက်ရောက်နိုင်ရန် AGTI သင်တန်း ကို နှစ်နှစ်တက်ရောက်ခဲ့ရခြင်းဖြစ်သည်။ AGTI သင်တန်းမှ အရည်အချင်းပြည့်မီသော အမှတ်ရရှိပါက B.Tech သင်တန်းသို့ နှစ်နှစ် ဆက်လက် တက်ရောက်နိုင်ပြီး B.Tech စာမေးပွဲတွင် အရည်အချင်းပြည့်မီသော အမှတ်ရရှိပါက B.Eသင်တန်း တစ်နှစ်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
 
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်