Friday, November 23, 2012

မောင်တောမြောက်ပိုင်း ကျေးရွာ(၁၀)ရွာကျော် စားနပ်ရိက္ခာအခက်ကြုံ

Posted by drmyochit Friday, November 23, 2012, under | No comments



မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ပြီးခဲ့သည့် ဇွန်လအတွင်းက ဖြစ်ပွါးခဲ့သော အခြေအနေ အရပ်ရပ်ကြောင့် ဒေသခံများသည် လယ်ယာလုပ်ငန်းများ မလုပ်နိုင်ဘဲ စားနပ်ရိက္ခာ အတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေကြောင်း သိရသည်။ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ခံစားချက်များကြောင့် ကျေးရွာပေါင်း (၁၀)ကျော်မှာမိမိတို့ လယ်ယာလုပ်ငန်းများကို ရပ်နားထားရသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဆိုသည်။ အခက်အခဲ ဖြစ်နေသည့် ကျေးရွာများမှ မင်းကြီးရွာ၊ နံ့သာတောင်၊ သင်္ဘေလှ၊မီးတိုက်၊ ဂေါ်တူလ၊ ဘော်တလာ(ဗန္ဓုလ) ၊ ရွှေတိုင်၊ရေချမ်းချောင်း၊ တရိန်း၊ မင်းခမောင်းကျေးရွာများ ဖြစ်သည်။
အဆိုပါရွာများသည် မြို့နှင့် ဝေးလံခေါင်သီသည့် ဒေသများဖြစ်သည့် အလျှောက်လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း၊ ကျေးရွာလုံခြုံရေး အားနည်းခြင်းများကြောင့် တစ်နေ့ထက်တစ်နေ့ စားဝတ်နေရေး အတွက် အခက်အခဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ “ကျွန်တော်တို့ မောင်တော မြောက်ပိုင်း မြို့ပြနှင့် လမ်းပန်းဆက်သွယ် ရေးခက်ခဲတဲ့ ဒေသခံကျေးရွာမှာ စားနပ်ရိက္ခာ ဆန်စပါး ရှားပါးပြတ်လပ်သွားမဲ့ အခြေအနေပါ။ ဒေသခံ တိုင်းရင်းသားတွေက အပြင်ကို ထွက်ပြီး အရင်လို လယ်မြေ၊တောင်ယာခင်းများ ကိုပုံမှန်သွား ရဲကြတာ မဟုတ်ဘူး။ နောက်ပြဿနာ တစ်ခုက အခုနှစ်မိုးရာသီမှာ ဇွန်လအတွင်းက ဖြစ်စဉ်ဖြစ်ရပ်များကြောင့် စိုးရိမ်ကြောင့်ကြ စိတ်တွေနဲ့ တောင်သူတော်တော် များများမှာ စပါးမစိုက် လိုက်ကြတာ ကိုတွေရပါတယ်။” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ဆန်စပါးရှားပါး လာရခြင်း အကြောင်းရင်းကိုပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း ရခိုင်ဒေသတွင်းရှိ လူမှုရေး အဖွဲ့အစည်း တချို့နှင့် ရခိုင်တိုင်းရင်းသား များတိုးတက်ရေး ပါတီ(RNDP) မှလည်း ထိုဒေသများသို့ စားနှပ်ရိက္ခာ နှင့်ထောက်ပံ့ပစ္စည်းများ သွားရောက်လှူးဒါန်းခဲ့သည်။ ဒေသခံများ အနေဖြင့် သိုလှောင်ထားသော ဆန်၊စပါးများ ကုန်လုနီးပါး ဖြစ်ပေါ်နေပြီး ထောက်ပံ့ရေးများမှာ လည်းလုံလောက်မှု မရှိခြင်းကြောင့် စားဝတ်နေရေး အတွက်စိုးရိမ် ပူပန်မှုများရှိနေကြသည်။
“ဒေသခံတွေက လုံခြုံရေးကို စိတ်မချလို့ အရင်လိုဈေးသွားဈေး လာတွေလည်းသိပ်ပြီးတော့ မလုပ်ရဲသလို လယ်ကွင်း ၊ တောကိုလည်း သွားလာမှုတွေမရှိကြပါဘူး။ဒါကြောင့် ရှိတဲ့ ဆန်တွေနှင့်ပဲ အလုပ်မဖြစ် ထိုင်စားနေရတော့ ဘယ်လောက် စားရမှာလဲ။ ကုန်ပြီပေါ“ ဟု မင်းကြီး ကျေးရွာမှ ရွာခံဦးကျော်သန်းက ပြောကြားသည်။ 


 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်