Friday, November 23, 2012

အိုဘားမားမှ ဒေါ်စု အား နမ်းခြင်းအပေါ်တွင် NLD ပါတီဝင်ဟောင်းများ ဆန္ဒပြမည်

Posted by drmyochit Friday, November 23, 2012, under | No comments



မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား လာရောက် စဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် အိုဘားမားမှ ဒေါ်အောင်ဆန်း စုကြည် အား ပွေ့ဖက်နမ်းရှုံ့ခဲ့ပါတယ်။ ဒီလိုလုပ်တာကို ဒေါ်အောင်ဆန်း စုကြည် က လည်း ကြေနပ်ပြုံးပျော်နေခဲ့ပါတယ်။ဒီလိုမြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကြောင့် NLD ပါတီဝင်ဟောင်းများမှ အိုဘာမား ရဲ့ အနမ်းနဲ့ ပတ်သတ်ပြီး NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြဖို့ တိုင်ပင်ခဲ့ကြပါတယ်။
ဒီလိုဆွေးနွေး ခဲ့တဲ့အထဲမှာ ယခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှုရေးဖောက်ပြန် ခဲ့ဖူးတယ်လို့ နာမည်ကြီးနေတဲ့ ဒေးဗစ်လှမြင့်လည်း ပါဝင်ပါတယ်။ ထို့အပြင်၎င်းကိစ္စအပေါ် မြန်မာ့ယဉ်ကျေးမှုနှင့် အပ်စပ်ခြင်းမရှိတဲ့အတွက် ရန်ကုန်၊ ပဲခူးနဲ့ ညောင်လေးပင် မြို့နယ်များရှိ ပါတီဝင်ဟောင်းများမှ မကျေနပ်သဖြင့် ဆန္ဒပြရန် စီစဉ်နေကြပါတယ်။ NLD ပါတီနာယက ဦးဝင်းတင်မှ ၄င်းကိစ္စအား ပြေလည်အောင် ဖြေရှင်းချက်ပေး မည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆန္ဒပြမည့် ပါတီဝင်ဟောင်းများနှင့် တွေ့ဆုံပြီး ဖြေရှင်းချက်ပေး မည်ဖြစ်ကြောင်းသိရပါတယ်။
“ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် အိုဘားမား လာရောက်ခြင်းကို ကြိုဆိုသော်လည်း အမေရိကန် ကူညီမှ မြန်မာ့ယဉ်ကျေးမှုများကို စွန့်လွှတ်ရ မည်ဆိုခြင်းကို လက်မခံကြောင်း။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်နေလာတာဖြစ်ကြောင်း၊ မည်သည့်တိုင်းတပါးရဲ့ လွှမ်းမိုး ချုပ်ကိုင်မှုကိုမျှ မခံနိုင်ကြောင်း” ဆန္ဒပြပွဲတွင်ပါဝင်သော ပါတီဝင်ဟောင်းတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

 
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်