Thursday, September 05, 2013

ကျောင်းသားအား ဦးနှောက်ထိခိုက်သည်အထိ ကျောင်းအုပ်ဆရာမ အကြိမ်ကြိမ် ရိုက်နှက်

Posted by drmyochit Thursday, September 05, 2013, under | No comments

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် မန့်ဟိုင်းကျေးရွာရှိ အမကကျောင်းမှ အသက် (၈) နှစ်ရှိ တတိယတန်း ကျောင်းသား တစ်ဦးအား ကျောင်းအုပ် ဆရာမက အကြိမ်ကြိမ်ရိုက်နှက်သဖြင့် ကျောင်းသားဦး နှောက်ထိ ခိုက်သွား ရပါသည်။ယခုနှစ်ထဲမှာ ဒီကျောင်းသားလေးကိုဆရာမက ၃ ကြိမ် ၃ ခါ ရိုက်နှက် ခဲ့ပါသည်။ ပထမအကြိမ် ရိုက်နှက် စဉ်က လက်နှင့်ခေါင်းတွင် ထိမိ သဖြင့်ဆေး ရုံတင်လိုက်ရကြောင်း၊ ဒုတိယအကြိမ် ကျောင်းသား၏ နားရွက် အား လက်ဝါးဖြင့် ရိုက်သဖြင့် နားမှ သွေးများထွက်လာကြောင်း၊ ယခုနောက်ဆုံးအကြိမ်တွင်မူ...

အိမ်ထောင်သည်အမျိုးသမီးများ မိမိလင်သားအားကျွေးမွေးသင့်သည့်အစားအစာများ

Posted by drmyochit Thursday, September 05, 2013, under | No comments

အိမ်ထောင်သည်အမျိုးသမီးများ မိမိလင်သားအားကျွေးမွေးသင့်သည့်အစားအစာများ အမျိုး သား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေး ကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။ (၁) ဂျုံမှုန့်အကြမ်း အမျိုးသားတွေအတွက်...

ဆီးရီးယားကို စစ်ရေးအရ အရေးယူမည့်အစီအစဉ်ကို အမေရိကန်အမတ်များ ထောက်ခံ

Posted by drmyochit Thursday, September 05, 2013, under | No comments

သမ္မတ အနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို စစ်ရေးဖြင့် တိုက်ခိုက် အရေးယူမည် ဆိုပါက ကန့်သတ်ထားသည့် အချက်အလက်များဖြင့် ခွင့်ပြုပေးရန် လွှတ်တော်၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြ ဆီးရီးယားကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မည် ဆိုပါက သမ္မတ ဘာရတ် အိုဘားမားကို ထောက်ခံမှုပေးရန် အမေရိကန် လွှတ်တော် အမတ်များက အတည်ပြု သဘောတူညီလိုက်သည်။ လွှတ်တော် အမတ်များသည် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်များကြောင့် နိုင်ငံတကာတွင် ဝေဖန်ပြစ်တင် ခံနေရသည့် ဆီးရီးယား ပြည်တွင်းစစ်၌...

ကျောင်းသား သေဆုံးမှုအတွက် တရားစွဲဆိုခံထားရသော ရဲအား စီရင်ချက်ချတော့မည်

Posted by drmyochit Thursday, September 05, 2013, under | No comments

အသက် ၁၅ နှစ်အရွယ် ဒသမတန်းကျောင်းသားတစ်ဦး သေဆုံးမှုအတွက် တရားစွဲခံထားရသည့် ဒု-တပ်ကြပ်ရဲ သဲမောင်မောင်၏ အမှုကို လာမည့်စက်တင်ဘာ ၁၀ ရက်တွင် ရွှေတောင်မြို့နယ်တရားရုံးက အမိန့် ချတော့မည်ဟု သိရသည်။ သာမန်အတိုင်းဆိုလျှင် စက်တင်ဘာ ၃ ရက်က ထိုအမှုကိုအမိန့်ချမှတ်ရမည်ဖြစ်သော်လည်း ဒု-တပ်ကြပ် သဲမောင်မောင်သည် နှလုံးသွေးကြောကျဉ်းရောဂါရှိနေကြောင်း ဆရာဝန်ကထောက်ခံသဖြင့် တရားသူကြီးက ခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။ အမှု၏တရားလိုဖြစ်သည့် သေဆုံးသူကျောင်းသား၏ ဖခင်ဦးအေးဟုန်ကမူ...

Miss Supranational ပြိုင်ပွဲတွင် အကြိုခန့်မှန်းမှု ပြိုင်ပွဲဝင် ၉၀ ကျော်အနက် ခင်ဝင့်ဝါ အဆင့် ၁၄ နေရာ၍ ရပ်တည်နေ

Posted by drmyochit Thursday, September 05, 2013, under | No comments

ဘီလာရုစ် နိုင်ငံတွင် စခန်းသွင်း လေ့ကျင့်လျက် ရှိပြီး ရှေ့လဆန်းတွင် ဗိုလ်လုပွဲ ကျင်းပတော့မည့် ကမ္ဘာ့ Miss Supranational အလှမယ် ပြိုင်ပွဲ အကြိုခန့်မှန်းမှု Hot Picks - 3 တွင် မြန်မာနိုင်ငံမှ အလှမယ် ခင်ဝင့်ဝါက ထိပ်ဆုံး ၁၅ ဦးတွင် အမှတ်စဉ် (၁၄)နေရာ၌ ပါဝင်လျက် ရှိသည်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ကြိုတင် ခန့်မှန်းမှုများ နှစ်စဉ် ထုတ်ပြန်လေ့ရှိရာ Hot Picks အမည်ဖြင့် ထုတ်ပြန်ချက်၌ စုစုပေါင်း ပြိုင်ပွဲဝင် ၉၀ ကျော်အနက်မှ ပထမပတ်တွင် ထိပ်တန်း ၁၀ ဦးကို ရွေးချယ်ဖော်ပြခဲ့စဉ်...

တရုတ်ကလေးငယ် မျက်လုံးဖောက်ထုတ်ခံရမှုတွင် အဒေါ်ဖြစ်သူကို တရားခံအဖြစ် ယူဆ

Posted by drmyochit Thursday, September 05, 2013, under | No comments

သောကြာနေ့ကမူ ကလေးငယ်၏ အဒေါ်ဖြစ်သူ ဇန်ဟီရင်သည် ရေတွင်း တစ်ခုထဲ ခုန်ကျ သတ်သေသွားပြီးနောက်ပိုင်း ယင်းအမှုကို စုံစမ်းရင်း ကလေးအပေါ် အကြမ်းဖက်မှုနှင့် ဆက်နွယ်နိုင်သည့် အထောက်အထားများ တွေ့ရှိလာခဲ့ တရုတ်နိုင်ငံတွင် ကလေးငယ်တစ်ဦး မျက်လုံးများ ဖောက်ထုတ်ခြင်း ခံရမှုတွင် အဓိက တရားခံသည် ကလေးငယ်၏ အဒေါ်ဖြစ်နိုင်ကြောင်း ရဲများက မှတ်ချက်ပြု ပြောကြားလိုက်သည်။ တရုတ်မီဒီယာများက ဂူဘင်ဟု အမည်ဖော်ပြသော (၆)နှစ်သား ကလေးငယ်သည် ပြီးခဲ့သည့်လက နေအိမ်မှ ဆော့ကစားရန် ထွက်ခွာသွားပြီးနောက်...

မလေးရှားတွင် ဓားဒဏ်ရာများနှင့် ခေါင်းပြတ် နေသော မြန်မာ အမျိုးသား အလောင်းတွေ့

Posted by drmyochit Thursday, September 05, 2013, under | No comments

အမ်ဖန် ၊ စက်တင်ဘာ ၄ ။        ။မလေးရှားနိုင်ငံ ပန်ဒန် မီဝါရှိရေမြောင်း တစ်ခု အတွင်း ဓားဒဏ်ရာများနှင့် ဆိုးဆိုး ရွားရွား ခေါင်းဖြတ် ထားသော မြန်မာ အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိ ခဲ့ရ သည်ဟု သိရသည်။ မြန်မာ အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိ ရသည့် နေရာမှာ ဈေးဆိုင်တန်း တစ်ခု အနီးရှိ ရေမြောင်း တစ်ခု အတွင်း ဖြစ်ပြီး ဖြတ်သွား ဖြတ်လာတို့က တွေ့ရှိခဲ့ကြပြီးနောက် ရဲ တပ်ဖွဲ့ထံ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့မှုခင်း ဆေးပညာ အဖွဲ့၏ အဆို အရ တွေ့ရှိ ရသော မြန်မာ အမျိုးသား အလောင်း၏ ခန္ဓာကိုယ်နှင့် လက်များတွင် ဓားဒဏ်ရာအများ...

အမေရိကန်မှ ဆီးရီးယားအား စတင်တိုက်ပြီ

Posted by drmyochit Thursday, September 05, 2013, under | No comments

အမေရိကန်လွှတ်တော်မှ ဆီးရီးယားနိုင်ငံအားစစ်ရေးအရ တိုက်ခိုက်ချေမှုန်းသွားရန် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီဖြစ်သည်၊ လွတ်တ်ာမှ ယင်းတိုက်ခိုက်မှုကို ရက် ( ၉၀ ) သာလျှင်  ခွင့်ပြုထားပြီး မြေပြင်တပ်များကို အသုံးပြုခွင့်မပေးပါ။ From : .... ...

ချစ်သူစုံတွဲကို မျက်နှာဖုံးစွပ် လူငယ်တစ်ဦးက ဗုံးဖြင့်ပစ်

Posted by drmyochit Thursday, September 05, 2013, under | No comments

အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့တွင် ဈေးဝယ်စင်တာမှ ပြန်လာသည့် စုံတွဲတစ်တွဲကို ရေနံဓါတုဗုံးဖြင့်ပစ်သည့် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်သည်။ အဆိုပါလူငယ်မှာ ကြောက်မက်ဖွယ်လူသတ်ဇာတ်လမ်းဖြစ်သည့် Friday the Thirteenth ဇာတ်ကားထဲ တွင် ရေပန်းစားခဲ့သော ဟော်ကီမျက်နှာဖုံးကိုစွပ်ထားပြီး တောခုတ်ဓါးတစ်လက်ကိုလည်း ယူဆောင် လာခဲ့သည်ဟု ဆိုသည်။ ဘော်ဘီဟောဝဲလ်နှင့် သူ၏ချစ်သူ မိန်းကလေးတို့ ည ၁၀ နာရီကျော်တွင် ဈေးဝယ်စင်တာမှ ပြန်လာစဉ် လူငယ်တစ်ဦးက ချဉ်းကပ်လာပြီး...

"ထိုင်ဝမ် မုဆိုးမတစ်ဦးအိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ထောင်ဒဏ် ၂၉၈ နှစ် ကျခံဖွယ်ရာရှိနေ"

Posted by drmyochit Thursday, September 05, 2013, under | No comments

အိမ်ထောင်ရှိ အမျိုးသား တစ်ဦးနှင့် ဖောက်ပြန်မှုကြောင့် ထိုင်ဝမ် မုဆိုးမတစ်ဦး သည် သီအိုရီ အရထောင်ဒဏ် ၂၉၈ နှစ် ကျခံရမည့် အခြေအနေ ဖြစ်ခဲ့ကာ ထိုအငြင်း ပွား ဖွယ်ရာ အိမ်ထောင်ရေး ဖောက်ပြန်မှု ဥပဒေကို ပြန်လည် သုံးသပ်ရန် ကြိုးစား နေကြကြောင်း သိရှိရသည်။ အသက် ၅၆ နှစ် အရွယ် အိမ် ထောင်မရှိ အမျိုးသမီး တစ်ဦးသည် အိမ်ထောင်ရှိ အိမ်နီးချင်း တစ်ဦးနှင့် ၅ နှစ် တာမျှ ဖောက်ပြန်ခဲ့ကြပြီး ယခုအချိန် တွင် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်ငွေကန်ဒေါ်လာ ၂၄၃ဝဝ (ထိုင်ဝမ် ဒေါ်လာ ၇၃ဝဝဝဝ) ပေး ဆောင်ရမည်ဟု တရားရုံး တစ်ရုံးက အမိန့် ချမှတ်ခဲ့သည်ဟု သိရသည်။ ၄င်း စုံတွဲသည် များစွာသော မိုတယ်များတွင်...

အေ့ဒ်စ်ဝေဒနာသည်ကို အဓမ္မကျင့်သူ ထောင်ငါးနှစ်ကျသလို HIV ပါကူးစက်နိုင်ချေရှိသည်ဟုဆို

Posted by drmyochit Thursday, September 05, 2013, under | No comments

ဗြိတိန်နိုင်ငံတွင် အေအိုင်ဒီအက်စ်ဝေဒနာသည် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူသည် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံရသလို ထိုအမျိုးသမီးထံမှ HIV ပိုးပါ ကူးစက်ခံရနိုင်သည်ဟု ရဲများက ထိုသူကို သတိပေးပြောကြား လိုက်သည်။ အဓမ္မပြုကျင့်မှု ကျူးလွန်သူ အသက် ၂၇ နှစ်အရွယ် ရစ်ချက်သောမတ်ကို ရဲများက ၎င်းအဓမ္မပြုကျင့်ခဲ့သူ အမျိုးသမီး၏ ဆေးမှတ်တမ်းအား ပြောပြရာတွင် ၎င်းမှာ တုန်လှုပ်ခြောက်ခြားခဲ့ရပြီး၊ ယခုအခါတွင် ၎င်း အနေဖြင့် ရောဂါပိုးကူးစက်ခြင်းရှိမရှိ ဆိုသည့်အဖြေအား စောင့်ဆိုင်းနေသည်ဟု သိရသည်။ မန်ချက်စတာမြို့တွင်နေထိုင်နေသည့် သောမတ်အနေဖြင့် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးမှာ နာမကျန်းဖြစ်နေသည်ကို...

ကျွန်တော့်ပိုက်ဆံ သိန်း ၃၀ ပြန်ရဖို့ ဦးလေးတို့ ကူညီကြပါ

Posted by drmyochit Thursday, September 05, 2013, under | No comments

တောင်ငူ ၊ စက်တင်ဘာ ၄ ။      ။ ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နယ် သောက်ရေခပ်ဆည် စီမံကိန်းနယ် မြေမှ ဖယ်ရှားခံခဲ့ရသော ထုံးဘို ကျေးရွာ အိမ်ခြေ ၉၃အိမ်အတွက် သက်ဆိုင်ရာကုမ္ပဏီမှ နစ်နာကြေး အဖြစ် တစ်အိမ်ထောင်လျှင် ကျပ် သိန်း၃ဝ နှုန်းဖြင့် ကာယကံရှင်များ လက်ဝယ်သို့ အတိအကျပေးအပ် ခဲ့ပြီးဖြစ်သော်လည်း အသက်၁၃ နှစ်အရွယ်ရှိ မောင်ဇော်ဝင်းမောင် ဆိုသူမှာ ၄င်းတို့အိမ်အတွက်ရရှိ ခဲ့သောကျပ်သိန်း၃ဝအား သက် ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး က ပြန်လည် တောင်းယူသွားခြင်း...

တောင်ကြီးမြို့ပေါ်ရှိ အသေးစားစက်မှုလုပ်ငန်းများအတွက် လိုင်စင်သက်တမ်းတိုးခွင့်ပေးမည်မဟုတ်

Posted by drmyochit Thursday, September 05, 2013, under | No comments

တောင်ကြီးမြို့ပေါ်ရှိ အသေးစားစက်မှု လုပ်ငန်းများအတွက် လိုင်စင်သက်တမ်းတိုးခွင့် ထပ်မံပေးတော့မည် မဟုတ်ကြောင်း ရှမ်းပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က စက်တင်ဘာ ၄ ရက်တွင် မဇ္ဈိမကိုပြောသည်။ တောင်ကြီးမြို့ပေါ်ရှိ အသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် မြို့ပေါ်တွင် ဆက်လက် လုပ်ကိုင် ခွင့် ရတော့မည်မဟုတ်ဘဲ အေးသာယာမြို့သစ်ရှိ အေးသာယာစက်မှုဇုန်တွင်သာ လုပ်ကိုင် ခွင့်ပြုတော့ မည် ဖြစ်သည်။ ရှမ်းပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က “ကျွန်တော်တို့ အနေနဲ့ကတော့ တောင်ကြီးမြို့ပေါ် မှာ အသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေကို...

ရန်ကုန်မြို့တော်တွင် ဆင်ဆာမဲ့ခွေ နှစ်သိန်းနီးပါး ဖျက်ဆီး

Posted by drmyochit Thursday, September 05, 2013, under | No comments

ရန်ကုန်၊ စက်တင်ဘာ ၄ ရန်ကုန်မြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့အထိ ဖမ်းဆီးမိခဲ့သော ဆင်ဆာမဲ့ခွေ နှစ်သိန်းနီးပါးကို စက်တင်ဘာလ ၄ ရက်နေ့ နံနက်က ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ်ပြတိုက်တွင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့သည်။ "ညစ်ညမ်းစွာ ရိုက်ထားတာတွေကို အတုယူကြပြီး လက်တွေ့စမ်းသပ် ကျူးလွန်တာတွေကြောင့် သက်ငယ်မုဒိမ်းမှုတွေ ဖြစ်လာတယ်။ ပြီးတော့ ဥပဒေကို မျက်ကွယ်ပြုပြီး အနုပညာရှင်တွေနဲ့ ထုတ်လုပ်သူတွေရဲ့ ကာယနဲ့ ဉာဏအားတွေကို...

သာမန်အမျိုးသမီးများ HIV ပိုး ကူးစက်မှုနှုန်းမြင့်တက်

Posted by drmyochit Thursday, September 05, 2013, under | No comments

မြန်မာနိုင်ငံအတွင်းရှိ သာမန်အမျိုးသမီးများနှင့် အိမ်ထောင်ရှင်မများ ကြားထဲတွင် HIV ပိုးကူးစက်မှု နှုန်းသည့် မြင့်တက်လျက်ရှိ ကြောင်းကို သြဂုတ် ၃၀ ရက် Central Hotel ၌ ပြုလုပ်သော HIV  ပိုးဖြင့် ရှင်သန် ရပ်တည်နေကြသော အမျိုးသမီးများ၏ တွေ့ဆုံပွဲ အခမ်းအနားတွင် MPWN (Myanmar Positive Women Network) ၏ အကြံပေး ဒေါ်စုစုလှိုင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။ HIV/AIDS ရောဂါသည် လိင်လုပ်သား (sex worker) နှင့် မူးယစ်ဆေး သုံးစွဲသူ (drugs user) များတွင်သာ အဖြစ်များသည်ဟု လူအများက သိရှိသော်လည်း သာမန် အမျိုးသမီးများတွင် ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိကြောင်း သာမန်...

Barlin မှာကြေငြာခဲ့ပြီဖြစ်တဲ့ Samsung Galaxy Note-3

Posted by drmyochit Thursday, September 05, 2013, under | No comments

ဆမ်ဆောင်းပရိတ်သတ်တွေစောင့်မျှော်နေတဲ့ Galaxy Note-3 ကတော့ စက်တင်ဘာ-၄ ရက်၊ဂျာမနီ၊ဘာလင်မှာ မိတ်ဆက်ပြသလိုက်ပါပြီ။သုံးစွဲသူ တွေကြီးကြီးမားမား မျှော်လင့်ထားတဲ့အတိုင်း Note-3 မှာပါဝင်တဲ့ Specification တွေကလည်း ပြိုင်ဘက်တွေကို နောက်ကောက်ချနိုင်မယ့် အနေအထားပါပဲ။ မျက်နှာပြင်အကျယ် ၅.၇ လက်မ နဲ့ပွဲထက်လာတဲ့ Note-3 ဟာယခင်ထွက်ရှိ ပြီးဖြစ်တဲ့ Note-2 မျက်နှာပြင်ကျယ်လာတာကိုမြင်တွေ့ရမှာပါ။ရုပ်ထွက် Resolution(1920 x 1080) အထိပေးစွမ်းနိုင်မှာဖြစ်ပြီး Full HD Super...

ကိုရီးယားအလုပ်မှ ထွက်ပြေးသူများအား သတ်မှတ်ချိန်အတွင်း မြန်မာ သို့ ပြန်မခေါ်နိုင်က ကျပ်သိန်း ၃ဝ အလျော်ခိုင်းတော့မည်

Posted by drmyochit Thursday, September 05, 2013, under | No comments

ကိုရီးယားအလုပ်အကိုင်စာချုပ် ဖောက်ဖျက်၍ ထွက်ပြေးသူများကို သတ်မှတ်ချိန်အတွင်း မြန်မာသို့ ပြန်မ ခေါ်နိုင်ပါက ကျပ်သိန်း ၃ဝ အလျော် ခိုင်းတော့မည်ဖြစ်ေ ကြာင်း အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သိရသည်။ အလုပ်မှ ထွက်ပြေးပါက ကျပ် သိန်း ၃ဝ လျော်ရမည်ဟု အလုပ်အ ကိုင်စာချုပ်တွင် ပါရှိသော်လည်း ယခင် က ထိုသို့ အလျော်ခိုင်းခြင်းမျိုး မရှိခဲ့ ကြောင်း၊ ယခုအခါ ထွက်ပြေးသူများလာ ၍ ထိုသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တရားဝင်စာရင်းအရ ထွက်ပြေး သူ ဆယ်ဂဏန်းရှိပြီး ၄င်းတို့သည် စိုက် ပျိုးရေးလုပ်ငန်းကို မလုပ်ကိုင်နိုင်၍...

နိုင်ငံရေးနှင့်ပတ်သက်၍ စကားလက်ဂျိုဟန်ဆန် ဖွင့်ဟ

Posted by drmyochit Thursday, September 05, 2013, under | No comments

အသက်(၂၈)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် လက်ရှိ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ မဲဆွယ်စည်းရုံးရေး စေတနာ့ဝန်ထမ်း တစ်ဦးအဖြစ် တာဝန်ယူပေးခဲ့သလို နိုင်ငံရေး ကဏ္ဍတွင် စိတ်ဝင်စားကြောင်း ဝန်ခံခဲ့ဖူးသည်  သူမအနေဖြင့် နိုင်ငံရေး နယ်ပယ်နှင့် ဆက်နွယ်မှုမျိုး ဆက်ရှိမည် မရှိမည် တိတိကျကျ မပြောလိုကြောင်း စကားလက် ဂျိုဟန်ဆန်က ပြောကြားလိုက်သည်။ အသက်(၂၈)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် လက်ရှိ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ မဲဆွယ်စည်းရုံးရေး စေတနာ့ဝန်ထမ်း တစ်ဦးအဖြစ် တာဝန်ယူပေးခဲ့သလို...

အင်ဂျင် ပြဿနာကြောင့် နာမည်ကြီးကားများကို တိုယိုတာ ပြန်သိမ်း

Posted by drmyochit Thursday, September 05, 2013, under | No comments

တိုကျို ၊ စက်တင်ဘာ ၄ ။ ။ ဂျပန် နိုင်ငံ၏ ကားလုပ်ငန်းကုမ္ပဏီကြီး ဖြစ်သည့် တိုယိုတာကားကုမ္ပဏီ က ကားသွားနေစဉ် လမ်း၌ထိုး ရပ်သည့် စက်ချွတ်ယွင်းမှုအနည်း ငယ်ဖြစ်ပေါ်၍ ကမ္ဘာတစ်ဝန်းလုံး ရှိ ၎င်း၏ကားအစီး ၃၇ဝဝဝဝ အား ပြန်လည်ရုပ်သိမ်း လျက်ရှိကြောင်း ကြာသပတေးနေ့က ပြောကြား ခဲ့သည်။ ကမ္ဘာ့အကြီးဆုံးကားထုတ် လုပ်သူကပြောကြားသည်မှာ ကား စီးရေ၁၇ဝဝဝဝ အား ပြန်လည်ရုပ် သိမ်းလျက် ရှိကြောင်း၊ အဓိကအ ကြောင်းမှာ အင်ဂျင်ထဲရှိ ဘားထိန်း ချုပ်မှု မူလီတံချောင်၍ဖြစ်သည်။ အဆိုးဆုံးဖြစ်ရပ်မှာ...

ခွန်ဆင့်နေခြည် ရဲ့ ဖလန်းဖလန်းထနေတဲ့ ဓာတ်ပုံတွေ

Posted by drmyochit Thursday, September 05, 2013, under | 3 comments

...

“ပရိသတ်ပိုက်ဆံကုန်မှာစိုးရိမ်သူခင်ဝင့်ဝါofficialvotingမှာထိပ်ဆုံးရောက်နေ၊ စက်တင်ဘာ၆ရက်နေ့နေ့လည်၁၂နာရီမပိတ်ခင်Voteပေးလို့ရနိုင်သေးသည်။”

Posted by drmyochit Thursday, September 05, 2013, under | No comments

စက်တင်ဘာ၆ရက်နေ့နေ့လည်၁၂နာရီမပိတ်ခင်Voteပေးလို့ရနိုင် “ပရိသတ်ပိုက်ဆံကုန်မှာစိုးရိမ်သူခင်ဝင့်ဝါofficialvotingမှာထိပ်ဆုံးရောက်နေ၊ စက်တင်ဘာ၆ရက်နေ့နေ့လည်၁၂နာရီမပိတ်ခင်Voteပေးလို့ရနိုင်သေးသည်။” ------------------------------------------------------------------------- “ညီမ အစက official voting မှာ မဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး။  အဲဒါ ကလည်းညီမကိုချစိတဲ့ပရိသတ်ကြီးကို စော်ကားတဲ့ စိတ်နဲ့တွေးမိတာမဟုတ်ပါဘူးနော်။ မြန်မာနိုင်ငံမှာ Credit/Debit  Card...

ပြင်ပကျူရှင်များ မှတ်ပုံတင်ရမည်

Posted by drmyochit Thursday, September 05, 2013, under | No comments

ပြီး ခဲ့သည့် ဩဂုတ်က တနင်္သာရီ တိုင်းဒေသကြီးအတွင်း ကျူရှင် များမှတ်ပုံတင်ထားခြင်းရှိ မရှိ စာရင်းကောက်ခံခြင်းမှာ ပြင်ပ ကျူရှင်ဆရာများကိုသာ ရည်ရွယ် ကြောင်း လူမှုရေးဝန်ကြီး ဒေါက် တာဝင်းအောင်က ပြောသည်။ ပြင်ပကျူရှင်ဆရာ၊ ဆရာမ တချို့မှာ မှတ်ပုံတင်ထားခြင်းမရှိ ဘဲ သင်ကြားနေခြင်းကြောင့် အ ဆိုပါကျူရှင်များအား မှတ်ပုံတင် ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက် သည့်အခွန်များရရှိစေရန် ရည် ရွယ်ပြီး ကျူရှင်စာရင်းကောက်ခံ စေခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။ ဒေသအတွင်းမှတ်ပုံတင်ထားခြင်းမရှိသည့်ကျူရှင်များ...

တစ်ဖက်နိုင်ငံသို့လူကုန်ကူးမည့်အမျိုးသမီးနှစ်ဦးအား ဖမ်းမိ

Posted by drmyochit Thursday, September 05, 2013, under | No comments

မန္တ လေး ပြည်ကြီးတံခွန်မြို့နယ် တံ ခွန်တိုင်ရပ်ကွက်တွင် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှ လာရောက်၍ အမျိုးသမီးများအား စည်းရုံးခေါ် ဆောင်နေသူ အမျိုးသမီးနှစ်ဦး ကို ဖမ်းမိခဲ့ကြောင်း သိရသည်။ တံခွန်တိုင်ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိုးသည် ၎င်း၏နယ်မြေအတွင်း တရုတ် နိုင်ငံ ကျယ်ဂေါင်မှ အမျိုးသမီး တစ်ဦးရောက်ရှိပြီး အမျိုးသမီး ငယ်များအား စည်းရုံးခေါ်ဆောင် နေကြောင်းသတင်းအရ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့(မန္တလေး)မှ ရဲအုပ်ထင်အောင် ရဲမြင့်နှင့် ရဲတပ်ကြပ်ကြီး...

ဆီးရီးယားကို တိုက်ခိုက်မယ့်အစီအစဉ် အမေရိကန်လူထုသဘောမတူ

Posted by drmyochit Thursday, September 05, 2013, under | No comments

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုပြီး ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) နဲ့ ထိပ်တန်းလွှတ်တော် အမတ်တချို့က အခိုင်အမာ ထောက်ခံနေကြပေမဲ့ အမေရိကန် လူထုက လက်ခံအောင် လုပ်ဖို့တော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ Washington Post သတင်းစာနဲ့ ABC News ရုပ်သံဌာနတို့ရဲ့ လူထုစစ်တမ်း မှာတော့ ဆီးရီးယား အစိုးရကို မစ်ဇိုင်းဒုံးပျံတွေနဲ့ တိုက်ခိုက်မယ့် အစီအစဉ်ကို ဆန့်ကျင်သူ ၅၉ ရာခိုင်နှုန်းနဲ့...

တိုက်ခိုက်ရေးအတွက် အိုဘားမားထောက်ခံမှုရရှိချိန် ဆီးရီးယားအရေး ရုရှားတို့ သဘောထား ပျော့ပျောင်းလာ

Posted by drmyochit Thursday, September 05, 2013, under | No comments

ရုရှား၊ စက်တင်ဘာ ၄။ အနောက်နိုင်ငံများကသာ ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက် မည်သူသုံးစွဲ တိုက်ခိုက်ခဲ့ကြောင်း သက်သေပြနိုင်လျှင် အမှားမခံသည့် လုပ်ဆောင်ချက် လုပ်ဆောင်မည်ဖြစ်ကြောင်း ယခုတစ်ပတ် ကျင်းပမည့် G-20 တွေ့ဆုံပွဲမတိုင်မီ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယနေ့ပြောကြားသည်။ ပူတင်၏ ပြောကြားမှုသည် အမေရိကန်လွှတ်တော် အမတ်များက သမ္မတဘားရက်အိုဘားမား၏ ဒမတ်စကတ်မြို့တွင် လူရာနှင့်ချီ သေဆုံးခဲ့သည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေနှင့် ဆီးရီးယားကို...

မလေးရှားနိုင်ငံတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာသံရုံးမှ စစ်ဆေးပြီး ပြည်တွင်းသို့ ပြန်လည်ခေါ် ယူရန် စီစဉ်

Posted by drmyochit Thursday, September 05, 2013, under | No comments

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများကို အထူးစီမံ ချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေ မှုကြောင့် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီး ခံနေရ သဖြင့် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ စစ်ဆေးကာ ပြည်တွင်းသို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်နေကြောင်း စက်တင်ဘာ ၄ ရက်နံနက်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင် ညွန့်က The Daily Eleven သို့ ပြောကြားသည်။ ယင်းကဲ့သို့ မလေးရှားနိုင်ငံအတွင်း တရားမ၀င်...

နယူးယောက်တွင် လက်တွန်းလှည်းထဲမှကလေးကို သေနတ်ဖြင့်ပစ်

Posted by drmyochit Thursday, September 05, 2013, under | No comments

နယူးယောက် ဘရွတ်က လင်းနယ်မြေဘရောင်းစ်ဗီးလ် ၌ အန်တက်ဟင်းနစ်ဆိုသူကလေး ၏မျက်နှာအား သေနတ်ဖြင့်ပစ် ခတ်မှုတနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ရဲမင်းကြီးရေမွန်ကေလီ က ကလေး၏ဖခင်အား ရည်ရွယ် ပစ်ခတ်မှုဖြစ်နိုင်သည်ဟုဆိုသည်။ ကလေး၏မိဘများ ကလေး အား ဆေးရုံသို့ပို့ပေးခဲ့ရာ ဆေး ရုံက မျက်နှာ၏လက်ဝဲဘက်ကို သေနတ်မှန်၍ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ အသက် ၂၃နှစ်ရှိ မျက် မြင်သက်သေဂီနာဂမ်ဘိုက နယူး ယောက်ပို့စ်သတင်းစာသို့ ပြော ကြားရာတွင် ''ကျွန်တော်သေ နတ်သံ သုံးလေးချက်ကြားလိုက်...

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

Posted by drmyochit Thursday, September 05, 2013, under | No comments

ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဘာသာရေး စာသင်ကျောင်း (ဓာတ်ပုံ-အောင်ရဲကို) သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ တာဝန် ရှိသူ များနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။ ဖြစ်စဉ် အနေ အထားအရ စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦးက ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့ အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ကာ ပစ်တင်ခဲ့ပြီးနောက် မီးမှာသုံးမိနစ်ခန့်သာ...

အမေရိကန်မှ မုဒိမ်းပြန်ပေးသမား မိမိကိုယ်ကိုယ် အဆုံးစီရင်သွား

Posted by drmyochit Thursday, September 05, 2013, under | No comments

အမျိုးသမီး ၃ ဦးကို နှစ်ပေါင်းများစွာ ချုပ်နှောင်ပြီး စော်ကား အနိုင်ကျင့်မှုဖြင့် ထောင်ကျခဲ့သည့် နာမည်ကျော် အိုဟိုင်အို ပြန်ပေးသမား အေရီရယ်လ် ကက်စ်ထရိုသည် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားပြီ ဖြစ်သည်။ အသက်(၅၃)နှစ်ရှိ အေရီရယ်လ်သည် နေအိမ်အောက်ခြေ မြေတိုက်ခန်းထဲတွင် အမျိုးသမီး (၃)ဦးကို ဖမ်းဆီးကာ ဆယ်စုနှစ် တစ်ခုကြာမျှ ချုပ်နှောင်ထားခဲ့သူ ဖြစ်သည်။ အဆိုပါ ပြစ်မှုကို ကျူးလွန်ကြောင်း သက်သေအထောက်အထား ထင်ရှားခိုင်မာလာသည့်နောက် တရားရုံးက ၎င်းကို လျှော့ရက်မရှိ ထောင်ဒဏ်တစ်သက်နှင့်...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်