သမ္မတ အနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို စစ်ရေးဖြင့် တိုက်ခိုက် အရေးယူမည် ဆိုပါက ကန့်သတ်ထားသည့် အချက်အလက်များဖြင့် ခွင့်ပြုပေးရန် လွှတ်တော်၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြ
ဆီးရီးယားကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မည် ဆိုပါက သမ္မတ ဘာရတ် အိုဘားမားကို ထောက်ခံမှုပေးရန် အမေရိကန် လွှတ်တော် အမတ်များက အတည်ပြု သဘောတူညီလိုက်သည်။ လွှတ်တော် အမတ်များသည် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်များကြောင့် နိုင်ငံတကာတွင် ဝေဖန်ပြစ်တင် ခံနေရသည့် ဆီးရီးယား ပြည်တွင်းစစ်၌ အမေရိကန်က ပါဝင်လိုက်ခြင်းသည် နုတ်မရသော ခြေလှမ်းတစ်ရပ် ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။ ယခုအခါတွင်မူ သမ္မတ အနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို စစ်ရေးဖြင့် တိုက်ခိုက် အရေးယူမည် ဆိုပါက ကန့်သတ်ထားသည့် အချက်အလက်များဖြင့် ခွင့်ပြုပေးရန် လွှတ်တော်၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ အမေရိကန် သမ္မတရုံးမှ တာဝန်ရှိသူများက ဘာရှာအာဆက်ဒ်ကို ဆက်ဒမ်ဟူစိန်၊ အဒေါ့ဖ်ဟစ်တလာတို့နှင့် နှိုင်းယှဉ်သုံးသပ်ကာ အရေးယူခွင့်ကို ထောက်ခံမှုပေးရန် လွှတ်တော်အား တိုက်တွန်းခဲ့သည်။ ထို့အပြင် အာဆက်သည် နောက်တစ်ကြိမ် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှု ရှိလာနိုင်သေးသည်ဟုလည်း ထောက်ပြခဲ့သည်။
ဗုဒ္ဓဟူးနေ့က လွှတ်တော်တွင် ဆီးရီးယားအပေါ် အရေးယူရန် သင့်မသင့် ဆွေးနွေးမှုအား မဲခွဲပြီးနောက် (၁၀)မဲ၊ (၇)မဲဖြင့် အဆိုအောင်မြင်ခဲ့သည်။ သို့သော်လည်း ကြိုတင် သဘောတူထားသကဲ့သို့ အမေရိကန် ခြေလျင်တပ်များ ဆီးရီးယားသို့ ဝင်ရောက်မည် မဟုတ်ဘဲ ဒုံးကျည်များဖြင့်သာ အဓိက တိုက်ခိုက်စေမည်ဟု သိရသည်။ အဓိက နိုင်ငံရေး ပါတီကြီး နှစ်ခုမှ အမတ်များက အဆိုပါ ဆုံးဖြတ်ချက်ကို လွှတ်တော်က လာမည့်သီတင်းပတ်တွင် အတည်ပြု လက်ခံပေးမည်ဟု ယူဆလျှက် ရှိသည်။ လွှတ်တော်တွင် တင်သွင်းထားသော အဆိုတွင် အမေရိကန်၏ ခြေလျင်တပ်များ ဝင်ရောက်ခွင့်ကို ရှင်းရှင်းလင်းလင်း ပိတ်ပင်ထားသည့်အပြင် ဆီးရီးယား စစ်ပွဲ ပြီးဆုံးသည်ဖြစ်စေ၊ မပြီးဆုံးသည်ဖြစ်စေ ရက်ပေါင်း(၉၀)ထက် ပိုမိုကြာညောင်းသည့် တိုက်ခိုက်မှု မပြုလုပ်ရန် ရှင်းလင်းစွာ ကန့်သတ်ထားသည်။
လွှတ်တော်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် အက်ဒ်ရွိုက်စ်က လွှတ်တော် ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု အဖွဲ့သည် ယခုအဆိုကို နောက်ဆုံးအကြိမ် သီးခြားစစ်ဆေး သုံးသပ်ပြီးမှ အတည်ပြုရန် သင့်မသင့် ကြေညာမည်ဟု ပြောကြားထားသည်။ ဆီးရီးယား အရေးတွင် အမေရိကန် ပါဝင်လာနိုင်ခြေသည် (၂)နှစ်ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကို အင်အားချိန်ခွင်လျှာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေဖွယ် ရှိနေသည်။ အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ဗြိတိန်မှာမူ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်အရ ဆီးရီးယားကို တိုက်မည်မဟုတ်ဟု အတည်ပြုထားပြီး ပြင်သစ်တွင်မူ တိုက်သင့် မတိုက်သင့် အမြင်ကွဲပြားမှုများ ရှိနေဆဲဟု သိရသည်။
From: Planet
Thursday, September 05, 2013
ဆီးရီးယားကို စစ်ရေးအရ အရေးယူမည့်အစီအစဉ်ကို အမေရိကန်အမတ်များ ထောက်ခံ
Posted by drmyochit
Thursday, September 05, 2013, under နိုင်ငံတကာသတင်းများ | No comments
Time in Rangoon


0 comments:
Post a Comment