Thursday, September 05, 2013

မလေးရှားတွင် ဓားဒဏ်ရာများနှင့် ခေါင်းပြတ် နေသော မြန်မာ အမျိုးသား အလောင်းတွေ့

Posted by drmyochit Thursday, September 05, 2013, under | No comments


အမ်ဖန် ၊ စက်တင်ဘာ ၄ ။        ။မလေးရှားနိုင်ငံ ပန်ဒန် မီဝါရှိရေမြောင်း တစ်ခု အတွင်း ဓားဒဏ်ရာများနှင့် ဆိုးဆိုး ရွားရွား ခေါင်းဖြတ် ထားသော မြန်မာ အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိ ခဲ့ရ သည်ဟု သိရသည်။ မြန်မာ အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိ ရသည့် နေရာမှာ ဈေးဆိုင်တန်း တစ်ခု အနီးရှိ ရေမြောင်း တစ်ခု အတွင်း ဖြစ်ပြီး ဖြတ်သွား ဖြတ်လာတို့က တွေ့ရှိခဲ့ကြပြီးနောက် ရဲ တပ်ဖွဲ့ထံ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှုခင်း ဆေးပညာ အဖွဲ့၏ အဆို အရ တွေ့ရှိ ရသော မြန်မာ အမျိုးသား အလောင်း၏ ခန္ဓာကိုယ်နှင့် လက်များတွင် ဓားဒဏ်ရာအများ အပြားတွေ့ရှိ ခဲ့ရ သည်ဟု ခရိုင် ရဲတပ်ဖွဲ့ အကြီး အကဲလက်ထောက် ကော်မရှင်နာ အမီရူဒင် ဂျာမာလူဒင် က ပြောကြား ခဲ့သည်ဟု သိရ သည်။

အလောင်း မှာ ပုပ်ပွလျက် ရှိရာ အနည်းဆုံး လွန်ခဲ့သည့် လေးရက် လောက်က အသတ် ခံ ရခြင်း ဖြစ်ပြီး ဦးခေါင်းကို တိတိ ရိရိ ဖြတ်တောက် ထားခဲ့ကြောင်း၊ ကနဦး စစ်ဆေးမှုတွင် တွရှေိ့ ချက်အရ အလောင်းကို အနီး အနားရှိ တစ်နေရာရာတွင် သတ် ဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ သေဆုံး သူမြန်မာ အမျိုးသားသည် အသက် ၃ဝ အရွယ်ခန့် ရှိပြီး အ လောင်းအား ခွဲစိတ် စစ်ဆေး မှုပြု၍ မည်သူ မည်ဝါဖြစ်သည် ကို စစ်ဆေး ဖော်ထုတ် သွားမည် ဖြစ်ကြောင်း မစ္စတာ အမီရူဒင် က ပြောကြားခဲ့သည်။

Ref: AFP
From:  Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်