Wednesday, June 05, 2013

ရခိုင်ပြည်နယ် မောင်တောတွင် ရခိုင်တိုင်းရင်းသား ၂ ရာခိုင်နှုန်းသာ ကျန်ရှိ

Posted by drmyochit Wednesday, June 05, 2013, under | No comments

ရန်ကုန်၊ ဇွန် ၅။ ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂါလီ လူဦးရေ ၉၈ ရာခိုင်နှုန်းဖြစ်နေပြီး ရခိုင်တိုင်းရင်းသားမှာ ၂ ရာခိုင်နှုန်း သာ ရှိတော့ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။ “၁၉၈၂ နိုင်ငံ သားဖြစ်မှု ဥပဒေဟာ တော်တော်ပြည့်စုံတဲ့ ဥပဒေပါ။ အဲဒီ ဥပဒေနဲ့ ချိန်ထိုးပြီးတော့ ဘင်္ဂါလီတွေ ကို ဘယ်လိုအဆင့်ထားမလဲ၊ ဥပမာအားဖြင့် ခု ဒီမှာ permanent resident (PR အမြဲနေ ထိုင်ခွင့်) ဆိုတာကို စဆွဲနေပြီ။ သူတို့ကို permanent resident ထားပြီးတော့ နိုင်ငံသားပေးလို့တော့ မရဘူးလေ။ ဧည့်နိုင်ငံသား ပေးလို့လည်း မရဘူး။  နိုင်ငံခြားသား အနေနဲ့...

ပုရိန်ကုန်းရွာ အဓိကရုဏ်းမှာ လူ ၄ ဦးဒဏ်ရာရ

Posted by drmyochit Wednesday, June 05, 2013, under | No comments

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှာ မနေ့က ညနေပိုင်းက အာဏာပိုင်တွေနဲ့ ဒေသခံတွေ အကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေရဲ့ သေနတ်ပစ်ဖောက်မှုကြောင့် လူ ၄ ဦး ဒဏ်ရာ ရရှိ ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ု ဒီပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၃ ဦးသေဆုံးမှုရှိတယ်လို့ အေပီနဲ့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပေမယ့် မြောက် ဦးမြို့ နယ်ရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးကတော့ ရွာခံ ၄ ဦး ဒဏ်ရာရရှိပြီး၊ သေဆုံး သူတွေ ကိုတော့ အတည်ပြုပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။ မြောက် ဦးမြို့နယ် ပုရိန်ကျေးရွာမှာ နေထိုင်သူတွေအနေနဲ့ ပြည်နယ်အစိုးရက နေအိမ်...

ယာဉ်တိုက်ခံရသူကို မကူညီ၍ ချမ်းမြေ့အေး ယာဉ်လိုင်းကို ဆန္ဒဖော်ထုတ်

Posted by drmyochit Wednesday, June 05, 2013, under | No comments

ပုသိမ်၊ ဇွန် ၄ ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသော ချမ်းမြေ့အေး ယာဉ်လိုင်းကို ယာဉ်တိုက်မှုဖြစ်ပွားပြီး တာဝန်ယူ ကူညီခြင်းမရှိ ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် လူမှုကွန်ရက်များက အင်အား ၁၅၀ ခန့်ဖြင့် ဇွန်လ ၃ ရက်နေ့တွင် ဆန္ဒ ထုတ်ဖော်ကြကြောင်း ပုသိမ်မြို့ခံ များထံမှ စုံစမ်း သိရှိရသည်။ ယာဉ်တိုက်ခံရသူများကို ရန်ကုန်တွင် ဆေးသွားကုရန် လမ်းစရိတ်ပေးသည် မှလွဲ၍ ကူညီမှု တစ်စုံတစ်ရာ မရှိသည့်အတွက် ယာဉ်လိုင်းကို ဆန္ဒထုတ်ဖော် တောင်းဆိုခြင်းဖြစ်ကြောင်း ပန်းတနော်မြို့မှ လာရောက် ဆန္ဒထုတ်ဖော် သည့် ဒေါ်နီလာအောင်က ပြောကြားသည်။ ၂၀၁၂...

မလေးရှားတွင် မြန်မာ ၆၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံရ

Posted by drmyochit Wednesday, June 05, 2013, under | No comments

မြန်မာများ အသတ်ခံရသည့် ယခုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော မြန်မာနှင့် ဘင်္ဂါလီ မွတ်ဆလင်မ် တို့ကြား ပဋိပက္ခမှာ မလေးရှားသို့ ရိုတ်ခတ်ပျံ့နှံ့လာမည့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိ . . . . . မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်သူ ၄ ဦး အသတ်ခံရပြီးနောက်ပိုင်း မြန်မာ အများအပြားကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ လာရောက်သူ ၆၀ ခန့်ကို ဖမ်ဆီး ထိန်း သိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း...

ကလေးနှစ်ယောက်နှုန်း ကန့်သတ်မိန့် ပြည်နယ်အနှံ့ပြဌာန်းဖို့ တောင်းဆို

Posted by drmyochit Wednesday, June 05, 2013, under | No comments

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ထုတ်ပြန်ထားတဲ့ မွတ်စလင်တစ်အိမ်ထောင် ကလေးနှစ်ဦးထက် ပိုမယူရေး ဒေသန္တရအမိန့်အပေါ် ထောက်ခံကြောင်းနဲ့ ဒီဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်တစ်ခုလုံး တိုးချဲ့ထုတ်ပြန်ပေးဖို့အတွက် ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မင်းပြားမြို့တွေမှာ ဒီကနေ့ ဒေသခံတွေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။ မင်းပြားမြို့နယ်က ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်သူတွေထဲမှာပါဝင်တဲ့ ရခိုင်လူမှုကွန်ရက်က မြို့ခံ ဦးခင်ဇော်ဝင်းက RFA ကို အခုလို ပြောပါတယ်။ "ဒီဒေသန္တရဥပဒေကို ထောက်ခံတာပဲပေါ့၊ ပြီးတော့ တရားဥပဒေစိုးမိုးရေးရယ်၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ လက်မခံဘူးပေါ့" ဒီမြို့နှစ်မြို့က...

အဓိကရုဏ်း ဖြစ်လျှင် ကယား ပြည်နယ်အစိုးရနှင့် ပူးပေါင်းမည်ဟု လက်နက်ကိုင်အဖွဲ့များ ကြေညာ

Posted by drmyochit Wednesday, June 05, 2013, under | No comments

မတ်လ အတွင်းက အစိုးရနှင့် ကယားပြည်နယ် လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သော KNPP အဖွဲ့ဝင်များ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေး ထိုးနေ စဉ် (ဓာတ်ပုံ – ကန္တာရဝတီတိုင်းမ်) ကယားပြည်နယ်နှင့် ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လူမျိုးရေး၊ ဘာ သာရေး အဓိကရုဏ်းများ ထပ်မံပေါ်ပေါက်လာပါက အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောက်ရွက် သွား မည်ဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ဇွန်လ ၃ ရက်နေ့က ကယားပြည်နယ်...

ခြောက်ကြိမ်မြောက် လွှတ်တော်မှ အတည်ပြုခဲ့သော ဥပဒေကြမ်းအားလုံး သမ္မတ သဘောမတူ

Posted by drmyochit Wednesday, June 05, 2013, under | No comments

ရန်ကုန်၊ ဇွန် ၄ ပထမအကြိမ် ပြည်ထောင်စုလွှတ် တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သော ဥပဒေကြမ်း ၈ ခုကို သဘောမတူညီသောကြောင့်   နိုင်ငံတော် သမ္မတက လက်မှတ်မထိုးဘဲ ပြန်လည် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေကြမ်းပူးပေါင်းကော်မတီမှ သတင်းရရှိ သည်။  ပြီးခဲ့သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေး အ တည်ပြုချက် ရယူခဲ့သော ၂ဝ၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း၊ လာဘ် ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေ ကြမ်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံ မှု ဥပဒေကြမ်း၊ မြန်မာနိုင်ငံတော်...

Thinzar Nwe Win ရဲ့ ဓါတ်ပုံ Album

Posted by drmyochit Wednesday, June 05, 2013, under | No comments

...

နိုင်ငံခြား NGO ၀န်ထမ်း ၄၀ ကျော် အီဂျစ်ထောင်ဒဏ်စီရင်

Posted by drmyochit Wednesday, June 05, 2013, under | No comments

နိုင်ငံခြား NGO တွေကို မျက်ကွယ်မှာ တရားစီရင်နေစဉ် (၄ ဇွန် ၂၀၁၃) ရန်ပုံငွေတွေ ကို အသုံးပြုပြီး အီဂျစ်နိုင်ငံအတွင်းမှာ ဆူပူမှုတွေဖြစ်အောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီဂျစ်နိုင်ငံ ထဲမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြား NGO တွေက အမေရိကန်နိုင်ငံသား အနည်းဆုံး ၁၅ ဦး အပါ အ၀င်၊ ၀န်ထမ်း ၄၃ ဦးကို အီဂျစ်တရားရုံးက စီရင်ချက်တွေ ချမှတ်ခဲ့ပါတယ်။ အင်္ဂါနေ့ တုန်းက NGO ၀န်ထမ်း အတော်များများကို ထောင်ဒဏ် ၅ နှစ်အထိ တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ တာဖြစ် ပါတယ်။ သူတို့ထဲက...

ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြုမှုတချို့ ကုလတွေ့ရှိ

Posted by drmyochit Wednesday, June 05, 2013, under | No comments

ဆီးရီးယားနိုင်ငံမှာ  ဓာတုလက်နက် ပမာဏ အတိုင်းအတာတစ်ခုအထိ အသုံးပြုထားတယ်လို့ ယုံကြည် ရတဲ့ အကြောင်း ကုလသမဂ္ဂရဲ့  အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။ ဆီးရီးယားနိုင်ငံဟာ ဓာတု လက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ Sarin ဓာတုပစ္စည်းတစ်မျိုးကို အကြိမ်အတော်များများ အသုံးပြု ခဲ့တယ် ဆိုပြီးတော့လည်း ပြင်သစ်က အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း ၂ နှစ်ကျော်ကြာ ဖြစ်ပွားလာခဲ့တဲ့ ပဋိပက္ခတွေမှာ သေးဆုံးသူ အရေအတွက် တိုးလာ တယ် လို့လည်း ဆီးရီးယားနိုင်ငံဆိုင်ရာ...

ရုရှားမှာ နှစ်စဉ် လူသန်းတဝက်လောက် ဆေးလိပ်နဲ့ ပတ်သက်တဲ့ ရောဂါနဲ့ သေဆုံးနေရ

Posted by drmyochit Wednesday, June 05, 2013, under | No comments

ရုရှား နိုင်ငံမှာ ဒီနေ့ ဇွန်လ တရက်နေ့ကစပြီး လူအများ သွားလာနေတဲ့ နေရာတခိျု့မှာ ဆေးလိပ် မသောက် ဖို့နဲ့ ဆေးလိပ် ကြော်ငြာတွေကို ထိန်းချုပ်တဲ့ ဆေးလိပ် သောက်မှု ဆန့်ကျင်ရေး ဥပဒေကို စတင် ကျင့်သုံးတော့ မှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင် နေရာတွေ ၊ လူနေတိုက်တာ အဆောက်အဦရဲ့ အတက်အဆင်း လှေကား စကြင်န်တွေ ၊ ဘတ် စကားနဲ့ ရထားတွေပေါ်မှာ ဆေးလိပ်သောက်ဖို့ တားမြစ် ထားသလို ဘူတာရုံ ၊ လေဆိပ်တွေနဲ့ ၁၅ မီတာ အတွင်း ကိုလည်း ဆေးလိပ် ကင်းမဲ့ရေး ဇုန် အဖြစ် သတ်မှတ် ထားပါတယ်။ အခုချိန်ကစလို့...

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းများ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရ အနေဖြင့် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာအစိုးရ သတိထောက်လွှာပေး

Posted by drmyochit Wednesday, June 05, 2013, under | No comments

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းနှင့် အသက် ဆုံးရှုံးခြင်း များ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရ အနေဖြင့် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာ အစိုး ရက သတိထောက်လွှာ ပေးအပ်ခဲ့သည်ဟု ဇွန် ၄ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်း အစီ အစဉ်တွင် ဖော်ပြခဲ့သည်။ ဇွန် ၄ ရက် မွန်းလွဲပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေး ရှား သံအမတ်ကြီး မစ္စတာအာမတ်ဖိုင်ဆဲ ဘင်မိုဟာမက်အား ဖိတ်ခေါ်တွေ့ဆုံပြီး မကြာမီ ရက်ပိုင်း အတွင်း က မလေးရှားနိုင်ငံတွင် နေထိုင်အလုပ် လုပ်ကိုင်လျက်ရှိသည့်...

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မေလကုန် ရေဒီယိုမိန့်ခွန်း

Posted by drmyochit Wednesday, June 05, 2013, under | No comments

From : ..သမ္မတရုံး နေပြည်တော် မေ ၃ မိဘပြည်သူများခင်ဗျား ကျွန်တော် တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေ တဆင့် အသိပေး ပြောကြားနေကြ ဖြစ်တဲ့အတိုင်း မေလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး  ကျွန်တော်တို့ အစိုးရရဲ့  လုပ်ဆောင်ချက် များကို မိဘ ပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်း ဖြစ်ပါတယ်။ မိဘပြည်သူများ သိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုကို မေလ (၁၉) ရက်နေ့ ကနေ...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်