ပုသိမ်၊ ဇွန် ၎
ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသော ချမ်းမြေ့အေး ယာဉ်လိုင်းကို ယာဉ်တိုက်မှုဖြစ်ပွားပြီး တာဝန်ယူ ကူညီခြင်းမရှိ ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် လူမှုကွန်ရက်များက အင်အား ၁၅၀ ခန့်ဖြင့် ဇွန်လ ၃ ရက်နေ့တွင် ဆန္ဒ ထုတ်ဖော်ကြကြောင်း ပုသိမ်မြို့ခံ များထံမှ စုံစမ်း သိရှိရသည်။
ယာဉ်တိုက်ခံရသူများကို ရန်ကုန်တွင် ဆေးသွားကုရန် လမ်းစရိတ်ပေးသည် မှလွဲ၍ ကူညီမှု တစ်စုံတစ်ရာ မရှိသည့်အတွက် ယာဉ်လိုင်းကို ဆန္ဒထုတ်ဖော်
တောင်းဆိုခြင်းဖြစ်ကြောင်း ပန်းတနော်မြို့မှ လာရောက် ဆန္ဒထုတ်ဖော် သည့် ဒေါ်နီလာအောင်က ပြောကြားသည်။
၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်က ဦးကျော်မျိုးလှိုင်နှင့်ဇနီး တို့ စီးနင်းလာသော မော်တော်ဆိုင်ကယ်သည် ပုသိမ်မြို့ရှိ ကုန်သည်လမ်း (တစ်လမ်းသွား) အတိုင်း ရွှေစေတီလမ်းဘက်သို့ ဦးတည်မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်မှ လမ်းပြောင်းပြန်မောင်းလာသည့် ချမ်းမြေ့အေး ကြိုပို့ ယာဉ်နှင့် တိုက်မိခြင်းဖြစ်ကြောင်း ဦးကျော်မျိုးလှိုင်က ပြောကြားသည်။
ရန်ကုန်သို့ သွားရောက်ဆေးကုသရန် ခရီးစရိတ်ပေးပြီး ဖြစ်သည့်အတွက် ဥပဒေအတိုင်းသာ ရင်ဆိုင်မည်ဖြစ်ကြောင်း ချမ်းမြေ့အေး ယာဉ်လိုင်းပိုင်ရှင် ဦးမြသိန်းကပြောဆိုသည်။
ယင်းအမှုကို ရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ ပုဒ်မ၂၇၉၊ ၃၃၈တို့ဖြင့် အမှုဖွင့် ထားပြီးပုသိမ်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေသည်။
The Voice Weekly
Wednesday, June 05, 2013
ယာဉ်တိုက်ခံရသူကို မကူညီ၍ ချမ်းမြေ့အေး ယာဉ်လိုင်းကို ဆန္ဒဖော်ထုတ်
Posted by drmyochit
Wednesday, June 05, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment