Wednesday, June 05, 2013

ရုရှားမှာ နှစ်စဉ် လူသန်းတဝက်လောက် ဆေးလိပ်နဲ့ ပတ်သက်တဲ့ ရောဂါနဲ့ သေဆုံးနေရ

Posted by drmyochit Wednesday, June 05, 2013, under | No comments



ရုရှား နိုင်ငံမှာ ဒီနေ့ ဇွန်လ တရက်နေ့ကစပြီး လူအများ သွားလာနေတဲ့ နေရာတခိျု့မှာ ဆေးလိပ် မသောက် ဖို့နဲ့ ဆေးလိပ် ကြော်ငြာတွေကို ထိန်းချုပ်တဲ့ ဆေးလိပ် သောက်မှု ဆန့်ကျင်ရေး ဥပဒေကို စတင် ကျင့်သုံးတော့ မှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင် နေရာတွေ ၊ လူနေတိုက်တာ အဆောက်အဦရဲ့ အတက်အဆင်း လှေကား စကြင်န်တွေ ၊ ဘတ် စကားနဲ့ ရထားတွေပေါ်မှာ ဆေးလိပ်သောက်ဖို့ တားမြစ် ထားသလို ဘူတာရုံ ၊ လေဆိပ်တွေနဲ့ ၁၅ မီတာ အတွင်း ကိုလည်း ဆေးလိပ် ကင်းမဲ့ရေး ဇုန် အဖြစ် သတ်မှတ် ထားပါတယ်။

အခုချိန်ကစလို့ တနှစ်အတွင်း ဒီတားမြစ်ချက်ကို စားသောက်ဆိုင်တွေ ၊ ယမကာ ဆိုင်တွေနဲ့ သဘောင်္ ၊ ရထား ခရီးရှည်တွေ မှာလည်း ကျင့်သုံးတော့မှာ ဖြစ်သလို လမ်းနဘေးမှာလည်း ဆေးလိပ်မရောင်းရတော့ မှာ ဖြစ်ပြီး ဆေး လိပ်ဈေးတွေ တိုးမြင့်တော့မှာ ဖြစ်ပါတယ်။

ရုရှားမှာ လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်း ဟာ ဆေးလိပ်သောက်ကြပြီး နှစ်စဉ် လူသန်းတဝက်လောက်ဟာ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေနဲ့ သေဆုံးနေရပါတယ်။

From: ME

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်