
မြန်မာများ အသတ်ခံရသည့် ယခုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော မြန်မာနှင့် ဘင်္ဂါလီ မွတ်ဆလင်မ် တို့ကြား ပဋိပက္ခမှာ မလေးရှားသို့ ရိုတ်ခတ်ပျံ့နှံ့လာမည့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိ . . . . .
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်သူ ၄ ဦး အသတ်ခံရပြီးနောက်ပိုင်း မြန်မာ အများအပြားကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ လာရောက်သူ ၆၀ ခန့်ကို ဖမ်ဆီး ထိန်း သိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကွာလာလမ်ပူရဲတပ်ဖွဲ့ ဒုတိယ အကြီး အကဲ အမာရ် ဆင်းဂ်အစ်ရှ်ဟာ ဆင်းဂ်က ပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကွာလာ လမ်ပူတွင် သီးခြားစီဖြစ်ပွားခဲ့သော ဖြစ်ရပ်များအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦး သေဆုံး ခဲ့ကြောင်း Aljazeera သတင်းက ဖော်ပြသည်။
သေဆုံးသူများအနက် တစ်ဦးမှာ အသက် ၂၀ အရွယ်ဖြစ်ပြီးကားရေဆေးစင်တာတွင် အိပ်နေစဉ် လူ ၁၀ ဦးက အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဦမှာ ဈေးတစ်ခုတွင် ဓားကဲ့သို့ ချွန် ထက်သော အရာများဖြင့် တိုက်ခိုက်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏အဆိုအရ တိုက်ခိုက် မှုများ အတွင်း အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ သေဆုံး ဒဏ်ရာရရှိသူများအားလုံးမှာ မြန်မာနိုင်ငံမှ လာရောက်သူများဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ အတည်ပြု သည်။
မြန်မာများ အသတ်ခံရသည့် ယခုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော မြန်မာနှင့် ဘင်္ဂါလီ မွတ်ဆလင်မ် တို့ကြား ပဋိပက္ခမှာ မလေးရှားသို့ ရိုတ်ခတ်ပျံ့နှံ့လာမည့် စိုးရိမ်မှုများ မြင့်တက် လျက် ရှိ သည်။ ခန့်မှန်းစာရင်းများအရ မလေးရှားနိုင်ငံတွင် အလုပ်အကိုင်နှင့် ခိုလှုံခွင့်အတွက် မြန်မာနိုင်ငံမှ လာရောက် သူ လေးသိန်းခန့်ရှိနေကြောင်း သိရသည်။ မြန်မာများ အသတ်ခံရမှုနှင့် ပတ်သက်၍ လိုအပ် သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်အား သတိထောက် လွှာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Planet
Wednesday, June 05, 2013
မလေးရှားတွင် မြန်မာ ၆၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံရ
Posted by drmyochit
Wednesday, June 05, 2013, under မြန်မာသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment