Wednesday, June 05, 2013

ရခိုင်ပြည်နယ် မောင်တောတွင် ရခိုင်တိုင်းရင်းသား ၂ ရာခိုင်နှုန်းသာ ကျန်ရှိ

Posted by drmyochit Wednesday, June 05, 2013, under | No comments

ရန်ကုန်၊ ဇွန် ၅။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂါလီ လူဦးရေ ၉၈ ရာခိုင်နှုန်းဖြစ်နေပြီး ရခိုင်တိုင်းရင်းသားမှာ ၂ ရာခိုင်နှုန်း သာ ရှိတော့ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
“၁၉၈၂ နိုင်ငံ သားဖြစ်မှု ဥပဒေဟာ တော်တော်ပြည့်စုံတဲ့ ဥပဒေပါ။ အဲဒီ ဥပဒေနဲ့ ချိန်ထိုးပြီးတော့ ဘင်္ဂါလီတွေ ကို ဘယ်လိုအဆင့်ထားမလဲ၊ ဥပမာအားဖြင့် ခု ဒီမှာ permanent resident (PR အမြဲနေ ထိုင်ခွင့်) ဆိုတာကို စဆွဲနေပြီ။ သူတို့ကို permanent resident ထားပြီးတော့ နိုင်ငံသားပေးလို့တော့ မရဘူးလေ။ ဧည့်နိုင်ငံသား ပေးလို့လည်း မရဘူး။

 နိုင်ငံခြားသား အနေနဲ့ PR ပေးထားလို့တော့ ရတယ်။ သူတို့ကို မဲပေးခွင့် မရှိရဘူး။ ရွေးကောက်ပွဲ ဝင်ခွင့် မရှိရဘူး။ ဒါမျိုးအဆင့်တွေနဲ့ ထားလို့ ရမယ်လို့တော့ ကျွန်တော်ထင်တယ်” ဟု က ဦးဇော်အေးမောင်က ပြောကြား သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်သာ မွေးခွင့်ရှိသည် ဟူသော ဒေသန္တရအမိန့်နှင့် ပတ်သက်၍ ရခိုင်ပြည်သူလူထုမှ တခဲနက် ထောက်ခံအားပေးခဲ့ကြပြီး ယင်းနှင့် ပတ် သက်၍ “ရခိုင်ပြည်သူလူထုအနေနဲ့ သူတို့ ရင်ထဲမှာ ရှိတာကို သူတို့ထုတ်ဖော်ပြောတာလေ။ ရခိုင်ပြည် သူတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်တယ်လို့ပဲ ပြောချင်တယ်” ဟု ဦးဇော်အေးမောင်က ပြောကြား သည်။

လက်ရှိတွင် ဘင်္ဂါလီလူမျိုးဟု မြန်မာအစိုးရမှ သုံးစွဲခေါ်ဝေါ်နေသော်လည်း ယင်းတို့မှာ ရိုဟင်ဂျာဟုသာ သုံးစွဲနေကြကြောင်း၊ နိုင်ငံတကာမှလည်း ၎င်းတို့ကို ဘင်္ဂါလီအဖြစ် လက်မခံသေးဘဲ ရိုဟင်ဂျာအဖြစ်သာ လက်ခံ ထားကြောင်း Generation Wave မှ ကိုဟိန်းမင်းဇော်က ပြောကြားသည်။

“အစိုးရ အနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ဘယ်သူကတော့ နိုင်ငံသား ဖြစ်သင့်တယ်။ ဘယ်သူကတော့ ဧည့်နိုင်ငံသား ဖြစ်သင့်တယ် ဆိုပြီး စနစ်တကျ ခွဲခြားပြီးတော့မှ ဘယ်သူ့ကို ဘယ်လို ဆက်ဆံတယ် ဆိုတာ မျိုး ဖြစ် သင့်တယ်။ ကိုယ့်နိုင်ငံသားမဟုတ်တဲ့သူကိုတော့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ခံစားခွင့်တော့ ပေးမှာမဟုတ်ဘူး။

အဲဒီလူဟာ နိုင်ငံသားဖြစ်ခွင့် ရှိတဲ့သူ၊ ပြုခွင့် ရတဲ့သူ ပြုခွင့်ရတယ်ဆိုရင်တော့ ဥပဒေအတိုင်း နိုင်ငံသား အခွင့် အရေး ကို ခံစားရမှာပေါ့” ဟု ယင်းက ဆက်လက်ပြောကြားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဥပဒေသည် လတ်တလော အခြေအနေတွင် ရခိုင်ပြည်နယ်အတွက်သာမက မြန်မာ တစ်ပြည်လုံး အတွက် အလွန်အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာ သူများက ပြောကြား သည်။

ရည်မွန်
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်