Monday, February 11, 2013
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားတွေ ပိုက်လိုင်းဖျက်သိမ်းပေးဖို့ ဆန္ဒပြ
Posted by drmyochit
Monday, February 11, 2013, under မြန်မာသတင်းများ | No comments
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်က ဒုက္ခသည်စခန်းတွေကို လေ့လာ
Posted by drmyochit
Monday, February 11, 2013, under သတင်းများ | No comments
မောင်တောမြို့အနီး ရွာတရွာကို လက်နက်ကိုင်လူတစု ၀င်ရောက်တိုက်ခိုက်
Posted by drmyochit
Monday, February 11, 2013, under မှုခင်း | No comments
စိုက်ပျိုးမြေဧက ၂၀ သိမ်းဆည်းမှု အပေါ်နောင်ချိုဒေသခံများ ကန့်ကွက်
Posted by drmyochit
Monday, February 11, 2013, under ပြည်တွင်းသတင်းများ | No comments
ရှမ်းပြည်နယ်၊ မြောက်ပိုင်း နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး နဲ့ မြေစာရင်း ဦးစီးဌာနတို့က တပ်မတော် မသန်မစွမ်းရဲဘော်များ အတွက်ဟုဆိုပြီး စိုက်ပျိုးမြေဧကပေါင်း ၂၀ ကို ဒေသခံများဆီက သိမ်းယူလျက်ရှိပါတယ်။
မြိတ်မြို့ ကွမ်းရာဆိုင်များမှ ကာမရာဂစိတ်ကြွဆေးဝါးများ ဖမ်းမိ
Posted by drmyochit
Monday, February 11, 2013, under မှုခင်း | No comments
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
မြိတ် ရဲစခန်းမှ ပူးပေါင်း အဖွဲ့သည် မြိတ်မြို့၊ ဘုရားကိုင် ရပ်ကွက် ကွမ်းယာဆိုင်၊ (၁) ရပ်ကွက်ရှိ ကွမ်းယာဆိုင်နှင့် ဈေးတန်း ရပ်ကွက်ရှိ ကွမ်းယာ ဆိုင်များသို့ အဖွဲ့များ ခွဲ၍ ၀င်ရောက် ရှာဖွေ ခဲ့ရာ ကွမ်းယာဆိုင် အသီးသီးတွင် Red Spider စာတမ်းပါ ကော်ဖီမစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ် ထုပ်၊ လိင်ပိုင်း ဆိုင်ရာ နိုးကြွ စေသည့် တရုတ် နိုင်ငံထုတ် ဆေးဝါးမျိုးစုံ၊ စုစုပေါင်း တန်ဘိုး ငွေကျပ်(၆၇၀၀၀ိ/-) ခန့်အား ဖေဖော်ဝါရီ ၉ရက်က ဖမ်းဆီး ရမိခဲ့ရာ မြိတ် ရဲစခန်းမှ အမျိုးသား ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အသီးသီး အမှုဖွင့် အရေးယူ ထားကြောင်း ရဲဇာနည် မှသိရသည်။
ရခိုင်ပြည်တွင်း အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်လာခြင်းအား RWU သဘောထားထုတ်ပြန်
Posted by drmyochit
Monday, February 11, 2013, under ကြေငြာချက် | No comments
Mr. Bean ပြိုင်ကား ယာဉ်တိုက် မှုကြောင့် ပြင်ဆင်စရိတ် ဒေါ်လာတစ်သန်းကျော်ကုန်
Posted by drmyochit
Monday, February 11, 2013, under သတင်းများ | No comments
ဗြိတိသျှ ဟာသ ဇာတ်ဆောင် မင်းသား ရိုဝမ်သည် (၂၀၁၁)ခုနှစ်က ၎င်းပိုင် McLaren F1 အမျိုးအစား ဇိမ်ခံ ပြိုင်ကား ယာဉ် တိုက်မှု ဖြစ်ခဲ့သဖြင့် ဆေးရုံ တက်ခဲ့ရသည်။
ရိုဝမ် အက်ကင်ဆန် အနေဖြင့် ၎င်းကိုယ်ပိုင် စူပါပြိုင်ကား ယာဉ်တိုက်မှု ဖြစ်ခဲ့သဖြင့် ပြုပြင်ရသော ကုန်ကျစရိတ်သည် ဒေါ်လာ (၁.၄)သန်းမျှ ရှိခဲ့ကြောင်း သိရှိရသည်။ ဗြိတိသျှ ဟာသ ဇာတ်ဆောင် မင်းသား ရိုဝမ်သည် (၂၀၁၁)ခုနှစ်က ၎င်းပိုင် McLaren F1 အမျိုးအစား ဇိမ်ခံ ပြိုင်ကား ယာဉ်တိုက်မှု
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကဒိုင်တိကျေးရွာအနီးတွင် ကားမိုင်းပေါက်ကွဲမှုဖြစ်ပွား
ဖာပွန်၊ ဖေဖော်ဝါရီလ ၁၁။
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကဒိုင်တိ ကျေးရွာအနီး ရှမ်းရွာ လမ်းကုန်းဆင်းအနီးတွင် BGF၁၀၁၃ နယ်ခြားစောင့် တပ်ရင်းမှ တပ်ရင်းတည် ဆောက်ရေး အတွက် သဲတင်သော ကားအား ယနေ့ ဖေဖေါ်ဝါ ရီလ ၁၁ရက် နံနက် ၆နာရီခွဲ အချိန်ခန့် တွင်ကားမိုင်းကွဲ၍ ယာဉ်မောင်းအပါအ၀င် (၃)ဦးသေဆုံးပြီး(၂)ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်တွင် ပြည်တွင်း ဘုရားဖူးများပါ အင်တာနက် အခမဲ့ သုံးစွဲနိုင်
Posted by drmyochit
Monday, February 11, 2013, under ပြည်တွင်းသတင်းများ | No comments
From :MWD
ရွှေတိဂုံ စေတီတော်တွင် ပြည်တွင်း ဘုရားဖူး များပါ အင်တာနက် ကို အခမဲ့ သုံးစွဲ နိုင်ပြီ ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ရုံးမှ သိရသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်မှ စတင်ကာ ရွှေတိဂုံ စေတီတော် သို့ ရောက်ရှိ လာသော ပြည်ပ ခရီးသွား ဧည့်သည်များကို အင်တာနက် အခမဲ့ အသုံးပြုခွင့် ပေးခဲ့ရာမှ ယခုအခါ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ပြည်တွင်း ဘုရားဖူး များကိုပါ ယင်းကဲ့သို့ အင်တာနက် ကို အခမဲ့ သုံးစွဲခွင့် ပြုပေးနေကြောင်း သိရသည်။
မြို့လှမြို့နယ်အတွင်းရှိ ရွှေမှော်များတွင် KIA မှဆက်ကြေးကောက်နေ
Posted by drmyochit
Monday, February 11, 2013, under ပြည်တွင်းသတင်းများ | No comments
ကချင်ပြည်နယ် မြို့လှမြို့နယ် အတွင်းရှိ (၉)မိုင် ရွာအ နီးတွင် ရွှေတူး နေကြသော ဒေသခံ များ ထံမှ ဖေဖော် ၀ါရီလ (၈) ရက်နေ့ တွင် KIA အဖွဲ့မှ ဆက်ကြေး ကောက်သွား ခဲ့ကြောင်း သိရသည်။
(၉)မိုင်ရွာ အနီးရှိ ရွှေတွင်း များတွင် ဒေသခံ အရပ်သား (၃၀)ဦး ခန့်မှ စက်ဆိုင်း (၁၂) ဆိုင်း ခန့်ဖြင့် ရွှေတူးကြစဉ် KIA အဖွဲ့မှ အင်အား (၁၀)ဦး ခန့်သည် ဆိုင်ကယ် များဖြင့် ရောက်ရှိ လာပြီး ရွှေဆိုင်း (၁) ဆိုင်းလျှင် ငွေ (၅) သိန်းကျပ် နှင့် လူတစ်ဦးလျှင် ငွေ (၅၀၀၀)ကျပ်နှုန်း ကောက်ခံ သွားခဲ့ ကြောင်း သိရ သည်။
အမေရိကန်မှ ပြန်ပင့်ဆောင်လာသော ပုဂံခေတ် ဗုဒ္ဓရုပ်ပွားတော် အမျိုးသားပြတိုက်တွင် ပြသထား
Posted by drmyochit
Monday, February 11, 2013, under သတင်းများ | No comments
အမေရိကန်နိုင်ငံမှ ပြန်လည်ပင့်ဆောင်လာသော ပုဂံခေတ် မြန်မာ့ဗုဒ္ဓရုပ်ပွားတော် “ဓမ္မစက္ကမုဒြာ”အား အမျိုးသားပြတိုက် (ရန်ကုန်)တွင် ခေတ္တထားရှိ ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓ ရုပ်ပွား တော်သည် အမေရိကန်နိုင်ငံ Northern Illinois University (NIU) Center for Burma (Myanmar) Studies အာရှယဉ်ကျေးမှု လက်ရာများ ပြခန်းသို့ ရောက်ရှိနေပြီး ၇၀ ယူနက်စကို သဘောတူညီချက် ဘောင် အတွင်းမှ မူလပိုင်ရှင်ဖြစ်သော မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးမှောင်ခို ကူးသည့် ဂိုဏ်း တစ်ဂိုဏ်းအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးခဲ့
ဂျကာတာ ဖေဖော်ဝါရီ ၁ဝ
အင်ဒိုနီးရှား နိုင်ငံတွင် သံသယ ရှိဖွယ် ကလေးမှောင်ခို ကူးသည့် ဂိုဏ်းတစ်ဂိုဏ်းအား ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးလျက် ရှိကြောင်း သိရသည်။
ယင်း မှောင်ခိုကူးသည့် ဂိုဏ်းသည် အင်ဒိုနီးရှား နိုင်ငံမှ နို့စို့ ကလေးငယ် များအား စင်ကာပူသို့ ခေါ်ဆောင် သွားပြီး အခြား နိုင်ငံသို့ ရောင်းချ သွားမည်ဟု ယူဆရကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။
ထိုင်းတောင်ပိုင်းတွင် ကားဗုံးတစ်လုံးပေါက်ကွဲ၊ တပ်ဖွဲ့ဝင် ငါးဦးသေဆုံး
Posted by drmyochit
Monday, February 11, 2013, under နိုင်ငံတကာသတင်းများ | No comments
ထိုင်းနိုင်ငံတောင်ပိုင်း၌ ဖေဖော်ဝါရီ ၁ဝ ရက်က စစ်သွေးကြွများ လက်ချက်ဟု ယူဆရသော ကားဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ဖြစ်စဉ်ကြောင့် တပ်ဖွဲ့ဝင်ငါးဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ မလေးရှားနိုင်ငံနှင့် နယ်ချင်းဆက်နေသော ပြည်နယ်များအနက် တစ်ခုဖြစ်သည့် ပြည်နယ်ရှိ ယာလာကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေးကင်းလှည့်သည့် ယာဉ်တန်း ဖြတ်သန်းသွားလာစဉ် ကားဗုံးပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့် တပ်ဖွဲ့ဝင်ငါးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိသည်။
ရခိုင်တိုင်းရင်းသားများသည် NLD ကိုယ်စားပြု ကပြရခြင်းမဟုတ်ဘဲ သွေးစည်းရန်အတွက် ပါဝင်ကပြရခြင်းဖြစ်
Posted by drmyochit
Monday, February 11, 2013, under သတင်းများ | No comments
အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အော်ဆန်းစုကြည်ဦးဆောင်သော တိုင်းရင်းသား ပေါင်းစုံက ရိုးရာ ဓလေ့ များဖြင့် ပါဝင်ကပြသီဆိုကြမည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားတွင် ရခိုင်တိုင်းရင်းသားများက NLD ကိုယ်စားပြုအနေဖြင့် ပါဝင်ကပြရခြင်းမဟုတ်ဘဲ တိုင်းရင်း သားများ အချင်းအချင်း သွေးစည်းကြရန်အတွက်သာ ဖျော်ဖြေကပြရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကိုင်းဝန်းကျေး ရွာမြောက်ဘက်လမ်းပေါ်တွင် မသင်္ကာ ဖွယ်လူ တစ်ဦးကို ရပ် တန့်ရှာဖွေရာ ၎င်းထံမှ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၁၁ ရက် မွန်းလွဲ ၁နာရီက ပူးပေါင်း အဖွဲ့သည် ကိုင်းဝန်းကျေးရွာ မြောက်ဘက် လမ်းမကြီး ပေါ်တွင် သက်သေများနှင့်အတူ သတင်း အရ စောင့်ဆိုင်းနေစဉ် အောင် သိန်း(ဘ)ဦးလှရှင်၊
နိုင်ငံတော်သမ္မတသို့ အကြံပြုချက်
ဥပဒေရေးရာဖိုရမ်
ပြည်သူများဘက်မှ ဥပဒေ ရေးရာကိစ္စများဆွေးနွေးလာသည်။ နိုင်ငံတော်အစိုးရနှင့်လွှတ်တော် ရေးရာ အဖွဲ့များကို တိုင်ကြားနိုင် သည့် ပြည်သူ့အခွင့်အရေးများ ရရှိနေသည်။
သို့သော်
ပြည်သူ့ အသံများ အရ အကြောက် တရားများက လွှမ်းမိုး နေဆဲဖြစ်သည်။Hot News ဂျာနယ်ထွက် သည့်နေ့က ကျွန်တော့်ထံE-mail တစ်စောင်ရောက်လာသည်။ ပထမ Face Book တွင် Comment တက်လာ သည်။
ဧရာဝတီမြစ် ကာကွယ်စောင့်ရှောက်ရေး ကွန်ရက်အဖွဲ့ ဖွဲ့စည်း
Posted by drmyochit
Monday, February 11, 2013, under ပြည်တွင်းသတင်းများ | No comments
ဧရာဝတီမြစ်ဝှမ်းဒေသများနှင့် အခြားဒေသများတွင် နေထိုင်သော အရပ်ဖက်လူ့အဖွဲ့အစည်းဖွဲ့များ စုပေါင်း ပြီး ဧရာဝတီမြစ် ကာကွယ်စောင့်ရှောက်ရေးကွန်ရက်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
"ငါတို့ဧရာဝတီမြစ်အနာဂတ်အတွက် ဘာဆက်လုပ်ကြမလဲ" အလုပ်ရုံဆွေးနွေးပွဲတွင် ဖွဲ့စည်း လိုက်ခြင်း ဖြစ်ပြီး အဆိုပါအဖွဲ့သည် ကိုယ့်ရပ်ဒေသအတွက် လူထုအသိပညာပေးလုပ်ငန်းများ၊ သတင်း အချက် အလက် မျှဝေခြင်း လုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သတင်းပြန် ကြားရေး တာဝန်ခံ ကိုမြင့်ဇော်ကပြောသည်။
ဆော်လ်မွန်ကျွန်းစုတွင် ၁၀ ရက်အတွင်း ငလျင်များ ဆက်တိုက်လှုပ်ခတ်
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဆောလ်မွန်ကျွန်းစုတွင် ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ ငလျင်တစ်ခု တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်) က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ဆော်လ်မွန်ကျွန်းစုတွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက်မှစ၍ မြေငလျင်များ နေ့စဉ်နီးပါး ဆက်တိုက် လှုပ်ခတ်နေခြင်းဖြစ်ပြီး စနေနေ့ (ဖေဖေါ်ဝါရီ ၉ ရက်) ကလည်း ရစ်ခ်ျတာစကေး ၆.၆ အဆင့်ရှိ ငလျင်တစ်ခု ဆော်လ်မွန်ကျွန်းစုတွင် လှုပ်ခတ်ခဲ့သည်။
မောင်တောက ရွာအုပ်ချုပ်ရေးမှူးအိမ် တိုက်ခိုက်ခံရ
Posted by drmyochit
Monday, February 11, 2013, under ပြည်တွင်းသတင်းများ | No comments
မာလီ Gao မြို့ကို သူပုန်တွေ တန်ပြန်ထိုးစစ်ဆင်
Posted by drmyochit
Monday, February 11, 2013, under နိုင်ငံတကာသတင်းများ | No comments
အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွားရာ Gao မြို့ အ၀င်ဂိတ်မှာ ပြင်သစ်စစ်သားများ လုံခြုံရေးယူထားစဉ်။
မာလီနိုင်ငံ အနောက်ဘက် Gao မြို့မှာ ပြင်သစ်နဲ့ မာလီတပ်တွေဟာ ၀တ်ရုံမဲ ခြုံထားတဲ့ အစ္စလာမ်ဝါဒီ သူပုန် တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်သွေးကြွတွေရဲ့ မထင်မှတ်တဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေး အခြေ အနေကို ထိခိုက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာလည်း အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါ တယ်။
အီရန်ပိတ်ပင်ထားတဲ့ ရုပ်ရှင် ဗွီအိုအေ က လွှင့်ထုတ်ပြသ
Posted by drmyochit
Monday, February 11, 2013, under သတင်းများ | No comments
Rhino Season ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ Bahman Ghobadi။ (စက်တင်ဘာလ ၁၂ ရက်၊ ၂၀၁၂)။
အီရန် အစိုးရ တားမြစ် ထားတဲ့ ရုပ်ရှင် ၁ ကားကို ဗွီအိုအေ ရုပ်မြင် သံကြားကနေ ထုတ်လွှင့်ပြသ ခဲ့ပါ တယ်။ နိုင်ငံ တကာ ရုပ်ရှင် ဆုရ Rhino Season ဆိုတဲ့ ရုပ်ရှင်ကို အီရန် နိုင်ငံ အတွက် ဂြိုလ်တု ကနေ ထုတ်လွှင့်တဲ့ ဗွီအိုအေ ရုပ်မြင် သံကြားကနေ သောကြာနေ့ တုန်းက ပြသခဲ့ သလို့ အွန်လိုင်းပေါ် ကနေ ကြည့်လို့ ရအောင် လည်း တင်ခဲ့ပါတယ်။
“နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်မည်”
Posted by drmyochit
Monday, February 11, 2013, under သတင်းများ | No comments
မန္တလေး၊ ဖေဖော်ဝါရီ ၁၀
မန်းတိုင်း ဒေသကြီး အတွင်း နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ် နိုင်ရန် အမေရိကန် ကုမ္မဏီ တစ်ခုဖြစ်သည့် ACO Investment Group၊ Great Chance Co Ltd နှင့် ပြီးခဲ့သည့် သောကြာ နေ့က မန်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် MoU ထိုးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရ သည်။
Andriod Phone Pattern Lock ကျပြီးပြသနာတက်နေသူများအတွက် ဖြေရှင်းနည်း
Posted by drmyochit
Monday, February 11, 2013, under နည်းပညာ | No comments
Android ဖုန်းတွေမှာ Pattern Lock ကျသွားတဲ့အခါ .. ဒါမှမဟုတ် မမှတ်မိတော့တဲ့အခါ ပြန်လည် ပြင်ဆင်နည်းလေး တင်ပေးလိုက်ပါတယ်ခင်မျာ...
Andriod Phone Patten Lockဖြည်ဖို့အတွက်ကို Software လေးကိုအရင်ဒေါင်းထားလိုက်ပါ ပြီးရင် PC မှာတင်မယ်ပေါ့...တင်လို့ပြီးရင် အဲဒီ Software လေးကိုဖွင့်ပြီးတော့ phone နဲ့တွဲပေးလိုက်ဗျာ Driver သိနေဖို့တော့လိုတာပေါ့နော်..Driver လိုအပ်နေသူများ မိမိဖုန်းနဲ့သက်ဆိုင်ရာ Driver လေးတွေကို အရင် Download ချလိုက်ပါ..
Driver တွေဒေါင်းပြီးပီဆိုရင်...ကွန်ပျူတာမှာ Install လုပ်ပြီး လုပ်ငန်းစလို့ရပါပြီ..
ဒါလေးကမြင်ရမယ့်ပုံလေးပါ