Monday, February 11, 2013

မောင်တောမြို့အနီး ရွာတရွာကို လက်နက်ကိုင်လူတစု ၀င်ရောက်တိုက်ခိုက်

Posted by drmyochit Monday, February 11, 2013, under | No comments



ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း၊ ငါးခူရမြို့သစ်ရွာက ရပ်မိရပ်ဖအိမ် ၁ အိမ်ကို  နစက အယောင် ဆောင် လူတစုက ဓား၊ သေနတ်တွေနဲ့ ၀င်ရောက် တိုက်ခိုက်ခဲ့ရာမှာ ၁ ဦး သေဆုံးပြီး၊ ဒဏ်ရာပြင်းထန်သူ ၁ ဦး စစ်တွေဆေးရုံပေါ် အေရးပေါ် ခွဲစိတ် ကုသ ခံနေ ရပါတယ်။


ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁ နာရီလောက်က  အခင်းဖြစ်ပွားခဲ့ပုံကို မောင်တောမြို့ခံတဦး က “၁၀ ရက်နေ့ မနက် ၁ နာရီမှာ လူအယောက် ၂၀ လောက်ရှိတယ်။ ကိုဘဒင်တို့ အိမ်ကို နစက အယောင်ဆောင် ၀င်လာ တယ်။ ဘယ်လို အယောင်ဆောင် လဲဆိုတော့ ‘ဗိုလ်မှူး ကိုဘဒင်ကို ကျနော်တို့အိမ်ရှေ့မှာ ခေါ်နေ ပါတယ်။ ခေါ်လို့မရေသးဘူး။’ ဘာညာနဲ့ အသံပေး ခေါ်တယ်။ တဖွဲ့က အိမ်ပေါ်တက်တယ်။ နောက်တော့ ကိုဘတင်က နစက ထင်ပြီး ဆင်းလာတော့ လက်ကို ဆွဲပြီး ဓားနဲ့ခုတ်တယ်။ သေနတ်နဲ့ပစ်တယ်၊ သေနတ်က မပေါက်ဘူး။ နောက် ဓားနဲ့ထပ်ခုတ်တယ်။ ပခုံးနဲ့ ခေါင်းမှာ ဒဏ်ရာပြင်းထန် စွာရတယ်။

လက်နှစ်ဖက်လုံးကျိုးသွားတယ်။ ဓားနဲ့ ပေါင်ရင်းကို ခုတ်တယ်။ နောက်တဖွဲ့က အိမ်ပေါ် တက်သွားပြီး ဖွင့်တယ်။ အဲအချိန်မှာ သူ့ညီက ခေါင်ပေါ်တက်ပြေးလို့ လွတ်သွားတယ်။ အောက်မှာရှိတဲ. ဆုံးသွားတဲ့ ကိုမောင်အေးက သူအိပ်ရာ ကထတာနဲ့ တေယာက်က အနားမှာ ရှိနေတယ်။ သေနတ်နဲ့ ပစ်လိုက်တယ်။ သေနတ်က သူကြီးတွေ ကိုင်တဲ့ သေနတ် ပုံစံမျိုး။ ၂ ပေခွဲ လောက်တော့ ရှိတယ်ပြောတယ်။ တခါတည်း ကိုမောင်အေး ဗုံးကနဲ လဲကျသွားတယ်။ ကိုဘဒင်လည်း ဘာမှမလုပ် နိုင်တော့ဘူး။ နောက် ကိုမောင်အေး ကို ခုတ်တယ်။ ကိုမောင်အေးက လက်နဲ့ကာတော့ ဘယ်လက် ပြတ်ထွက်သွားတယ်။ သေနတ် ဒဏ်ရာ ကလည်း ၂ ချက်။ ဆေးရုံ ကားပေါ် မှာတော့ စကားပြောလို့ရသေးတယ်။ လမ်းတ၀က်မှာ ဆုံးသွားတယ်” လို့ ပြောပါတယ်။

နယ်စပ်လုံခြုံရေးနဲ့ ကွပ်ကဲရေးဌာန (နစက) အယောင်ဆောင်လူစုဟာ ရွာသားတွေ ၀ိုင်းလာတဲ့အခါ သေနတ်တွေ ပစ်ဖောက်ပြီး ထွက်ပြေး သွားကြ တယ်လို့ ပြောပါတယ်။ သေဆုံး သွားတဲ့ ဦးမောင်အေး အသက် ၅၂ နှစ်ရဲ့ အသုဘအခမ်းအနား ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

ဒဏ်ရာပြင်း ထန်တဲ့ ဦးဘဒင်ကိုတော့ ဒီနေ့ မွန်းလွဲပိုင်းက စစ်တွေဆေးရုံမှာ ခွဲစိတ်ကုသေနြပီး ဒဏ်ရာ ပြင်းထန် တယ်လို့ ဆရာဝန်တွေက ပြောကြောင်း စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“ဆေးရုံမှာ ဆရာဝန်တွေကေတာ့ အေသချာ စောင့်ကြည့်နြေကတာပဲ။ စိုးရိမ်ရတဲ့ အေခြအေနေတာ့ ရှိတယ်။ ဘယ်လိုအဖြေထွက် လာမလဲ ဆိုတာတော့ စောင့်ကြည့်ရ ဦးမယ်လို့ ဆရာဝန်တွေက ပြောတယ်။ အဓိက ခေါင်းမှာထိတဲ့ဒဏ်ရာက စိုးရိမ်ရပါတယ်။”

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့် ရှိသူ တွေကို ဆက်သွယ်ဖို့ ကြိုးစား ခဲ့ပေမယ့် ဖုန်း အဆက် အသွယ် မရပါဘူး။

မောင်တောမြို့ခံတွေရဲ့ ပြောပြချက်အရ အုပ်စုဖွဲ့ တိုက်ခိုက် သွားသူ တွေထဲက တချို့ကို ဖမ်းမိထားပြီလို့ သိရပါတယ်။ ဘာကြောင့် အခုလို ၀င်ရောက် တိုက်ခိုက် ရသလဲ ဆိုတာ အတိ အကျ မသိရေသးဘဲ တိုက်ခိုက် ခံရတဲ့ သူတွေဟာ ရပ်ရွာအပေါ် ဩဇာညောင်းတဲ့ ရပ်မိရပ်ဖေတွလို့ပဲ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်