Monday, February 11, 2013

ထိုင်းတောင်ပိုင်းတွင် ကားဗုံးတစ်လုံးပေါက်ကွဲ၊ တပ်ဖွဲ့ဝင် ငါးဦးသေဆုံး

Posted by drmyochit Monday, February 11, 2013, under | No comments



ထိုင်းနိုင်ငံတောင်ပိုင်း၌ ဖေဖော်ဝါရီ ၁ဝ ရက်က စစ်သွေးကြွများ လက်ချက်ဟု ယူဆရသော ကားဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ဖြစ်စဉ်ကြောင့် တပ်ဖွဲ့ဝင်ငါးဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ မလေးရှားနိုင်ငံနှင့် နယ်ချင်းဆက်နေသော ပြည်နယ်များအနက် တစ်ခုဖြစ်သည့် ပြည်နယ်ရှိ ယာလာကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေးကင်းလှည့်သည့် ယာဉ်တန်း ဖြတ်သန်းသွားလာစဉ် ကားဗုံးပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့် တပ်ဖွဲ့ဝင်ငါးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိသည်။ 

စစ်သွေးကြွ ၁ဝ ဦးခန့်က ယင်းလမ်းကြောင်း အနီးတစ်ဝိုက်တွင် ပုန်းအောင်းနေပြီး အခြားကားတစ်စီးတွင် ဗုံးထောင်ကာ ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်က အေအက်ဖ်ပီ သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။ ယင်းဗုံးပေါက်ကွဲမှုတွင် ရော်ဘာစိုက်ခင်း၌ လုပ်ငန်းခွင် ဝင်ရောက်နေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိကြောင်း ၄င်းက ပြောကြားသည်။ 

(အင်တာနက်)

ခေတ်လူငယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်