အမေရိကန်နိုင်ငံမှ ပြန်လည်ပင့်ဆောင်လာသော ပုဂံခေတ် မြန်မာ့ဗုဒ္ဓရုပ်ပွားတော် “ဓမ္မစက္ကမုဒြာ”အား အမျိုးသားပြတိုက် (ရန်ကုန်)တွင် ခေတ္တထားရှိ ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓ ရုပ်ပွား တော်သည် အမေရိကန်နိုင်ငံ Northern Illinois University (NIU) Center for Burma (Myanmar) Studies အာရှယဉ်ကျေးမှု လက်ရာများ ပြခန်းသို့ ရောက်ရှိနေပြီး ၇၀ ယူနက်စကို သဘောတူညီချက် ဘောင် အတွင်းမှ မူလပိုင်ရှင်ဖြစ်သော မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီဘုရားက ပုဂံခေတ်က လက်ရာပါ။ အေဒီ ၁၁ ရာစုက ပုဂံမြို့ ကျောက်ဂူဥမင်ဘုရားမှာ တည်ထားတဲ့ သဲကျောက် အမျိုးအစား ဗုဒ္ဓရုပ်ပွားတော်ပါ။ ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို ရောက် သွားပြီး အာရှယဉ်ကျေးမှု လက်ရာများပြခန်းကို ရောက်သွားတယ်။ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အစား တရားရင်ဆိုင်ပြီး ဒီဆင်းတုတော်ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့တယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ လေဆိပ်ကနေ ထုတ်ခဲ့တယ်။
အခုတော့ အများပြည်သူ ကြည့်ရှုနိုင်ဖို့ အမျိုးသားပြတိုက်မှာ ထိန်းသိမ်းပြသထားပါတယ်” ဟု အမျိုး သားပြတိုက် ညွှန်ကြားရေးမှူး ဦးသောင်းဝင်းက ပြောသည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အား အများပြည် သူများ လေ့လာဖူးမျှော်နိုင်ရန်အတွက် အမျိုးသားပြတိုက် (ရန်ကုန်)တွင် ထားရှိသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ “ဓမ္မစက္ကမုဒြာ ရုပ်ပွားတော်”မှာ ဥာဏ်တော်အမြင့် ၂၂ လက်မ၊ အနံ ၁၅ လက်မ၊ ထုထည် ၆ ဒသမ ၅ လက် မရှိပြီး ၁၉၈၈ ခုနှစ်က အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့ကာ နှစ်ပေါင်း ၂၄ နှစ်အကြာ ၂၀၁၂ ခုနှစ် နှစ်ကုန် ပိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Time in Rangoon

0 comments:
Post a Comment