Monday, February 11, 2013

ရခိုင်ပြည်တွင်း အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်လာခြင်းအား RWU သဘောထားထုတ်ပြန်

Posted by drmyochit Monday, February 11, 2013, under | No comments

ရခိုင်ပြည်တွင် ၂၀၁၃ ခုနှစ်အတွင်း ဒေသခံရခိုင်များအား ဘင်္ဂလီကုလားများ အုပ်စုလိုက် အကြမ်းဖက် မှုများ ထပ်မံဖြစ်ပေါ်ရခြင်းအပေါ် ရခိုင်အမျိုးသမီးများအစည်းအရုံးက ပြင်းထန်စွာရှုတ်ချကြောင်း ဖေဖော်ဝါ ရီလ၊ ၁၀ ရက်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ဒေသခံရခိုင်များ မတရားသတ်ဖြတ်ခံနေရခြင်းနှင့် မောင်တောဒေသတွင် ဤသို့မကြာခဏ ဖြစ်ပေါ် နေသော ရာဇ၀တ်မှုပေါင်းများစွာကို ကမ္ဘာတလွှားတွင်ရှိသော ရခိုင်၊ ဗမာ၊ ရှင်း၊ ကချင်၊ ကရင်၊ မွန် စတဲ့ တိုင်းရင်း သား ညီအစ်ကို မောင်နှများနှင့် ကမ္ဘာ့လူထုနဲ့ အစိုးရတွေကို သိစေချင်သည့် ရည်ရွယ်ချက်ဖြင့် ဤကြေငြာ ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

" လွန်ခဲ့တဲ့ မေလကနေ စတင်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှု မှန်သမျှဟာဆိုရင် ဘင်္ဂလီကုလားတွေကြောင့်ပဲ ဖြစ်ပေါ်လာ နေတာဖြစ်တယ်။ အယင်နှစ်တွေကလည်း အများကြီးဖြစ်ဖူးတယ်။ ဒီလိုအခက်အခဲ မျိုးတွေကြောင့် မောင်တောမှာ ရခိုင်တွေ တဖြည်းဖြည်း နည်းသထက်နည်းလာတယ်။ ဒီလိုဖြစ်လာတာဟာ အစိုးရ အဆက်ဆက်ရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်တယ်။ လာဘ်ပေး၊ လာဘ်ယူမှုတွေကြောင့် ဖြစ်လာရတာ။ အခု လက်ရှိ အစိုးရကိုတော့ မညံ့ဖျင်းစေချင်ဘူး၊ ဥပဒေအရ ထိရောက်စွာ အရေးယူပေးဖို့ ပြောချင်တယ်။ " ဟု RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

ယနေ့ ကမ္ဘာတွင် အစွမ်းရောက်အကြမ်းဖက်ဝါဒီများကို တစ်ကမ္ဘာလုံး ဆန့်ကျင်နေကြပြီး မြန်မာနိုင်ငံတွင် ဒေသခံ ရခိုင်လူမျိုးများ အကြမ်းဖက်ခံနေရခြင်းများကို နှိမ်နှင်းရန် အစိုးရအနေဖြင့် ပြည်သူလူထုအပါအ၀င် နိုင်ငံတ ကာနှင့်ပါ ပူးပေါင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်စောမြရာဇာလင်းက တိုက်တွန်း ပြောဆို သည်။

" ဒီလို မကြာခဏဖြစ်နေတာတွေကို ကမ္ဘာကြီးတစ်ခုလုံးက သိအောင် ကျမတို့ ရခိုင်တွေအားလုံး စုပေါင်းပြီး ငြိမ်းချမ်းစွာ တိုက်ပွဲကြရမယ်လို့ အားလုံးကို တိုက်တွန်းပါတယ်၊ ဒါကြောင့်လည်း ဒီထုတ်ပြန်ချက်ကို ထုတ်တာဖြစ် ပါတယ်။ " ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

၂၀၁၂ခုနှစ်၊ မေလမှ စတင်ကာ ဇွန်လနှင့် အောက်တိုဘာလများအတွင်း ဖြစ်ပွားခဲ့သော ကုလား-ရခိုင်အဓိ ကရုဏ်း နောက်ပိုင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် မောင်တောခရိုင် ငခူရကျေးရွာတွင် ဒေသခံ ရခိုင် များအား ဘင်္ဂလီများကုလားများ ထပ်မံ၍ အကြမ်းဖက် တိုက်ခိုက်လာမှုနှင့် တခြားသော မြို့နယ် များတွင် ရှိသော ဘင်္ဂလီကုလားများ၏ အုပ်စုလိုက် ရန်စမှုများ ဖြစ်ပေါ်နေရခြင်းသည် ပြည်နယ်အစိုးရ၏ ကိုင်တွယ်မှု ညံ့ဖျင်း ရခြင်းကြောင့် ဖြစ်သည်ဟု ရခိုင်အမျိုးသမီးများအစည်းရုံးက ဆိုသည်။

" ပြည်နယ်အစိုးရကိုင်တွယ်မှု ညံ့ဖျင်းတဲ့အတွက် ဒီပြဿနာတွေ ဆက်ပေါ်နေရတာဖြစ်သလို ပြည်ထောင်စု အစိုးရ ကလည်း အစွမ်းရောက်တွေကို ကိုင်တွယ်ဖို့ နည်းလမ်းမရှိသလို မြင်နေရတယ်။ ဒီပြဿနာဟာ ငယ်တဲ့ပြ ဿနာ မဟုတ်ဘူးလို့ ကျမအမြဲပြောပါတယ်။ ရခိုင်တွေ ရှိနေလို့တော်သေးတယ်။ အခုရခိုင်တွေ တဖြည်းဖြည်း နေစရာမရှိ ဖြစ်လာပြီး။ နောက်မြန်မာနိုင်ငံ ပျောက်လာမယ်။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက ၀န်ကြီးချူပ် ချက်ခါဟာချီနာ လုပ်နေတဲ့ အစွမ်းရောက်တိုက်ဖျက်ရေးကိုလည်း အတုယူစေချင်တယ် " ဟု RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

RWU မှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်ကို မူးရင်းအတိုင်းဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်