စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကိုင်းဝန်းကျေး ရွာမြောက်ဘက်လမ်းပေါ်တွင် မသင်္ကာ ဖွယ်လူ တစ်ဦးကို ရပ် တန့်ရှာဖွေရာ ၎င်းထံမှ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၁၁ ရက် မွန်းလွဲ ၁နာရီက ပူးပေါင်း အဖွဲ့သည် ကိုင်းဝန်းကျေးရွာ မြောက်ဘက် လမ်းမကြီး ပေါ်တွင် သက်သေများနှင့်အတူ သတင်း အရ စောင့်ဆိုင်းနေစဉ် အောင် သိန်း(ဘ)ဦးလှရှင်၊ ကိုင်းဝန်း ကျေးရွာ နေသူကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ အစိမ်းရောင် ပလတ် စတစ် စတစ်ခု၊ ဘိန်းဖြူဟု ယူဆရ သော အဖြူရောင်အမှုန့် သုည ဒသမ ၀၅ ဂရမ်ခန့်ပါ ပုလင်းတစ် လုံး တွေ့ရှိသိမ်းဆည်းခဲ့ပြီး ကော လင်းရဲ စခန်းကမယ(ပ)၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အရ အမှုဖွင့်၍ ကောလင်းမြို့နယ် တရားရုံးသို့ တရားစွဲ ဆိုတင်ပို့ ခဲ့သည်။
အလားတူ ဇန်န၀ါရီ ၁၁ ရက် မွန်းလွဲ ၂နာရီတွင် အဆိုပါ ပူးပေါင်းအဖွဲ့သည် ကိုင်းဝန်း လာကာ ကျေးရွာ သွားလမ်းပေါ် တွင် သက်သေများနှင့်အတူ မူး ယစ်ဆေးဝါးသတင်းအရ စောင့် ဆိုင်းနေစဉ် မောင်ပြူး(ဘ)ဦးအေး ထွန်း ကြာအင်းကျေးရွာနေသူ ကို စစ်ဆေးရှာဖွေရာ ၎င်း၏ အင်္ကျီအိတ်ကပ်အတွင်းမှ ပင်နီ ဆီလင်ပု လင်းဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသော အဖြူ ရောင်အမှုန့် သုညဒသမ ၂၃ ဂရမ်ခန့်စီပါ သုံးပုလင်း နှင့် သုည ဒသမ ၁၁၈ ရမ်ခန့်ပါ တစ်ပုလင်း ကို တွေ့ရှိသိမ်းဆည်းခဲ့ပြီး ကော လင်းရဲစခန်း ကမယ(ပ)၆/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၆(ဂ)အရ အမှုဖွင့်၍ ကောလင်းမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ ကြောင်း သိရသည်။
ကိုကိုညိမ်း(ကောလင်း)
Time in Rangoon


0 comments:
Post a Comment