Monday, February 11, 2013

Mr. Bean ပြိုင်ကား ယာဉ်တိုက် မှုကြောင့် ပြင်ဆင်စရိတ် ဒေါ်လာတစ်သန်းကျော်ကုန်

Posted by drmyochit Monday, February 11, 2013, under | No comments

ဗြိတိသျှ ဟာသ ဇာတ်ဆောင် မင်းသား ရိုဝမ်သည် (၂၀၁၁)ခုနှစ်က ၎င်းပိုင် McLaren F1 အမျိုးအစား ဇိမ်ခံ ပြိုင်ကား ယာဉ် တိုက်မှု ဖြစ်ခဲ့သဖြင့် ဆေးရုံ တက်ခဲ့ရသည်။

ရိုဝမ် အက်ကင်ဆန် အနေဖြင့် ၎င်းကိုယ်ပိုင် စူပါပြိုင်ကား ယာဉ်တိုက်မှု ဖြစ်ခဲ့သဖြင့် ပြုပြင်ရသော ကုန်ကျစရိတ်သည် ဒေါ်လာ (၁.၄)သန်းမျှ ရှိခဲ့ကြောင်း သိရှိရသည်။ ဗြိတိသျှ ဟာသ ဇာတ်ဆောင် မင်းသား ရိုဝမ်သည် (၂၀၁၁)ခုနှစ်က ၎င်းပိုင် McLaren F1 အမျိုးအစား ဇိမ်ခံ ပြိုင်ကား ယာဉ်တိုက်မှု ဖြစ်ခဲ့သဖြင့် ဆေးရုံ တက်ခဲ့ရသည်။ Mr. Beanနှင့် Johnny English ဇာတ်ဆောင် ရိုဝမ်သည် ထိုစဉ်က လမ်းဘေးရှိ သစ်ပင်နှင့် ဆိုင်းဘုတ်တစ်ခုကို ကားဖြင့် ဝင်တိုက်ခဲ့ခြင်း ဖြစ်သလို ကားလည်း မီးလောင်ခဲ့သည်။ ရိုဝမ်သည် ကမ်းဘရစ်ဂ်ျရှိုင်းယားတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအတွင်း ပခုံးဒဏ်ရာ ရခဲ့သည်။ နောက်ပိုင်းတွင်မူ ရိုဝမ်သည် မော်တော်ကားကို ပြန်လည် ပြင်ဆင်ရန် အပ်နှံခဲ့သည်။

ထို့နောက်ပိုင်း ကုန်ကျစရိတ်သည် ဒေါ်လာ (၁.၄)သန်းမျှ ရှိခဲ့ခြင်းဟု သိရသည်။ ယင်းမော်တော်ကား၏ လက်ရှိ ကာလပေါက်ဈေးမှာ စိတ်ကြိုက်ပြင်ဆင်ထားမှုများကြောင့် ဒေါ်လာ (၅.၆)သန်းမျှ ရှိနေသည်။ ရိုဝမ်သည် ကားကို အကြီးစား ပြန်လည် ပြင်ဆင်ရန် လိုအပ်သော်လည်း မိမိကားကို အဆုံးရှုံး မခံလိုသဖြင့် ငွေကုန်ကြေးကျ မြောက်မြားစွာဖြင့် ပြန်လည် မွမ်းမံခဲ့ကြောင်း ဝန်ခံသွားသည်။ "ဒီကားလေးက ကျွန်တော်နဲ့ ရင်းနှီး အသားကျနေတဲ့ ဆွယ်တာလေး ဝတ်ထားရသလို နီးနီးကပ်ကပ် ဖြစ်နေပြီ"ဟု ရိုဝမ်က ဖွင့်ဟ ပြောဆိုထားသည်။ 


Source: FemaleFirs

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်