Monday, February 11, 2013

တရားမ၀င်သစ်တောထွက်ပစ္စည်းများဖြစ်သည့် သစ်ခွများ ဖမ်းဆီးရမိ

Posted by drmyochit Monday, February 11, 2013, under , | No comments

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ ခရိုင် မုံရွာမြို့ဘုရားကြီး ရပ်ကွက် အပိုင် ချင်းတွင်း မြစ်ကြောင်း အတွင်း တွင် တရား မ၀င် သစ်တောထွက် ပစ္စည်းများ ဖြစ်သည့် သစ်ခွအိတ် (၆၇)အိတ် တင်ဆောင် လာသော ရတနာဖြိုး ရေယာဉ်ကို သက်ဆိုင် ရာက ဖမ်းဆီး လိုက်ကြောင်း သိရ သည်။

ဖေဖော်ဝါရီလ (၁)ရက်က မုံရွာမြို့နယ် သစ်တော ဦးစီး ဌာနမှ တာဝန် ရှိသူ များသည် ဘုရားကြီး ရပ်ကွက် အပိုင် ချင်းတွင်းမြစ် အတွင်း ရွှေနဒီ ဇေယျာ ရေယာဉ် ဂိတ် အနီးတွင် သတင်းပေး တိုင်တန်း ချက် များအရ တရားမ၀င် သစ်တော ထွက်များဖြစ်သည့် သစ်ခွအိတ် များကို လိုက်လံရှာဖွေခဲ့ရာ ကလေး ခရိုင်မင်းကင်း မြို့နယ်နေ ဦးအောင် မျိုးမင်းမောင်းနှင်လာသော ရတနာ ဖြိုးအမြန်ရေယာဉ်ပေါ်မှ သစ်ခွအစို (၆၇)အိတ် (၁၁၆၂.၉၄) ပိသာကို တွေ့ရှိခဲ့သည်။ အဆိုပါ သစ်ခွ အစိုအိတ်များ၏ ပိုင်ရှင်မှာ ခန်္တီး ခရိုင် လေရှီးမြို့နယ်ခွဲ ဆွပ္ပရာမြို့မှ ကုန်သည်ဦးရိသူးပေါဆိုသူ၏ ပစ္စည်းများဖြစ်ကြောင်း သက် ဆိုင်ရာ တာဝန်ရှိတစ်ဦးထံမှ သိရသည်။

တရားမ၀င် သစ်ခွ အစို အိတ် များ၏ ပိုင်ရှင် ဦးရိသူးပေါနှင့် အဆိုပါ သစ်ခွ အိတ်များ တင်ဆောင်လာ သော ရတနာဖြိုး အမြန် ရေယာဉ် မောင်း ဦးအောင်မျိုးမင်း တို့ကို ဥပဒေများ အရ အရေးယူ ဆောင် ရွက်ပေး ပါရန် သစ်တော ဦးစီး အရာရှိ တစ်ဦးက တရားလို ပြုလုပ်၍ တိုင်တန်းရာ မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှ(ပ) ၉၇/၁၃ တောရိုင်တိရိစ္ဆာန်နှင့်သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေ ထိန်းသိမ်းရေး ဥပဒေ ၃၆(ခ)အရ အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။



စိုးမိုးထွန်း(မုံရွာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်