Monday, February 11, 2013

မြိတ်မြို့ ကွမ်းရာဆိုင်များမှ ကာမရာဂစိတ်ကြွဆေးဝါးများ ဖမ်းမိ

Posted by drmyochit Monday, February 11, 2013, under | No comments

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

မြိတ် ရဲစခန်းမှ ပူးပေါင်း အဖွဲ့သည် မြိတ်မြို့၊ ဘုရားကိုင် ရပ်ကွက် ကွမ်းယာဆိုင်၊ (၁) ရပ်ကွက်ရှိ ကွမ်းယာဆိုင်နှင့် ဈေးတန်း ရပ်ကွက်ရှိ ကွမ်းယာ ဆိုင်များသို့ အဖွဲ့များ ခွဲ၍ ၀င်ရောက် ရှာဖွေ ခဲ့ရာ ကွမ်းယာဆိုင် အသီးသီးတွင် Red Spider စာတမ်းပါ ကော်ဖီမစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ် ထုပ်၊ လိင်ပိုင်း ဆိုင်ရာ နိုးကြွ စေသည့် တရုတ် နိုင်ငံထုတ် ဆေးဝါးမျိုးစုံ၊ စုစုပေါင်း တန်ဘိုး ငွေကျပ်(၆၇၀၀၀ိ/-) ခန့်အား ဖေဖော်ဝါရီ ၉ရက်က ဖမ်းဆီး ရမိခဲ့ရာ မြိတ် ရဲစခန်းမှ အမျိုးသား ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အသီးသီး အမှုဖွင့် အရေးယူ ထားကြောင်း ရဲဇာနည် မှသိရသည်။

ထိုအတူ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ် ခရိုင် ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန နှင့်မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ကထားဝယ်မြို့၊ ပုံကျွန်း ရပ်ကွက် ရှိ““အာရုဏ်ဦး””ဆေးဆိုင်သို့ ၄င်းနေ့က သတင်းအရ၀င်ရောက်ရှာဖွေရာ အမျိုး သမီးများအား တိုက်ကျွေး ပါက ကာမ ရာဂ စိတ်ကို ထကြွ စေသည့် တရုတ်နိုင်ငံထုတ် Hongzhizhu,Jita Kewang, Taiguofenနှင့် Cangyingfen စာတမ်းများပါ တရားမ၀င်ဆေးမှုန့်အထုပ်(၂၆၈)ထုပ်အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ ကြောင်းသိရသည်။


ဆိုင်ရှင်အား ထားဝယ် ရဲစခန်း (ပ)၅၉/၂၀၁၃၊ အမျိုးသား ဆေးဝါးများ ဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့် စစ်ဆေး ခဲ့ပြီး အဆိုပါ ဆိုင်သို့ထပ်မံ ရှာဖွေခဲ့ရာ တရုတ်နိုင်ငံထုတ် ဆေးများဖြစ်သည့် ကျားဟိုမုန်းအား တိုးဆေး Play Boy စာတမ်းပါ ဆေး အမျိုး အစား ၆ မျိုး၊အချိန် ကြာမြင့် စေသည့် လိမ်းဆေး၊Sholonying စာတမ်းပါ လိမ်းဆေး၊Lady A Bergin စာတမ်းပါ လိမ်းဆေး၊Nivea Beauty Breast စာတမ်းပါလိမ်းဆေး ၂ မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၉၆၅၀၀ိ/-)ခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ရဲဇာနည်မှသိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်