Monday, February 11, 2013

မြို့လှမြို့နယ်အတွင်းရှိ ရွှေမှော်များတွင် KIA မှဆက်ကြေးကောက်နေ

Posted by drmyochit Monday, February 11, 2013, under | No comments


ကချင်ပြည်နယ် မြို့လှမြို့နယ် အတွင်းရှိ (၉)မိုင် ရွာအ နီးတွင် ရွှေတူး နေကြသော ဒေသခံ များ ထံမှ ဖေဖော် ၀ါရီလ (၈) ရက်နေ့ တွင် KIA အဖွဲ့မှ ဆက်ကြေး ကောက်သွား ခဲ့ကြောင်း သိရသည်။

(၉)မိုင်ရွာ အနီးရှိ ရွှေတွင်း များတွင် ဒေသခံ အရပ်သား (၃၀)ဦး ခန့်မှ စက်ဆိုင်း (၁၂) ဆိုင်း ခန့်ဖြင့် ရွှေတူးကြစဉ် KIA အဖွဲ့မှ အင်အား (၁၀)ဦး ခန့်သည် ဆိုင်ကယ် များဖြင့် ရောက်ရှိ လာပြီး ရွှေဆိုင်း (၁) ဆိုင်းလျှင် ငွေ (၅) သိန်းကျပ် နှင့် လူတစ်ဦးလျှင် ငွေ (၅၀၀၀)ကျပ်နှုန်း ကောက်ခံ သွားခဲ့ ကြောင်း သိရ သည်။

ကချင်ပြည်နယ်မှ ဒေသခံ များသည် ရွှေတူးခြင်း၊ ရေမဆေး ကျောက်ရှာ ဖွေခြင်း၊ လယ်ယာ လုပ်ငန်း လုပ်ကိုင်ခြင်း ဖြင့် အသက် မွေးဝမ်းကျောင်း ပြုနေ ကြသူ များသည်။ ယခုကဲ့သို့ တပ်မတော်နှင့် KIA အဖွဲ့ တိုက်ပွဲများ ဖြစ်ပွား ပြီး ဒေသမတည်မငြိမ်ဖြစ်ပွားနေချိန်တွင် စားဝတ်နေရေးအတွက် ခက်ခဲစွာရပ် တည်နေ ကြကြောင်း သိရှိရသည်။ မိမိတို့ဝမ်းစာအတွက် ပင်ပန်းစွာရှာဖွေနေရချိန်တွင် KIA မှ ဆက်ကြေး ကောက်ခံမှုများ အမြဲကြုံတွေ့နေကြရ သဖြင့် စီးပွားရေးကြပ်တည်းနေကြ ရကြောင်း ဒေသခံ များမှ ပြောပြ ပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်