နောင် ကျင်းပမည့်
သင်္ကြန်ပွဲတော်များ၌ သရုပ်ပျက် ဝတ်စားဆင်ယင်မှု မရှိစေ ရန် တားမြစ် ပိတ်ပင်ရေး အဆိုအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် က အတည်ပြုဆုံးဖြတ်ခဲ့သည်။
ယင်းအဆိုကို သင်္ဃန်းကျွန်းမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က
တင်သွင်း ခဲ့ပြီး ကိုယ်စားလှယ် ၄ ဦးက ပါဝင်ဆွေးနွေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး
ဒေါ်စန်းစန်းနွယ်က မြန်မာ့ရိုးရာ သင်္ကြန်ဆင်နွှဲသူများ လိုက်နာရန် စည်းကမ်းချက်များကို
ယင်းပွဲတော်မတိုင်မီ နိုင်ငံပိုင် သတင်းစာများမှ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသည့်
သင်္ကြန်မဏ္ဍပ်များကို စာရင်းမှတ်သားကာ နောင်နှစ်တွင် ခွင့်ပြုချက် ပိတ်ပင်သည့် နည်းဖြင့်
အရေးယူသွားမည်ဟု ဆိုသည်။
မရမ်းကုန်း
မြို့နယ်၊ပြည်လမ်းရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနရုံးရှေ့သို့ ရောက်ရှိ လာသည့်
တော်ဝင်အလုပ်သမားများကို တွေ့ရစဉ်
တော်ဝင်မိသားစု
ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်မှု ၁၈ရက်မြောက် သည့် နိုဝင်ဘာလ
၁၁ရက်နေ့ တွင် ၎င်းတို့ တောင်းဆိုသည့်အချက် ၅ချက်အနက် အချက် ၄ချက်အား ရန်ကုန် တိုင်းဒေသကြီး
ခုံသမာဓိရုံးမှ အနိုင်ပေး ဆုံးဖြတ်ခဲ့သော်လည်း ကုမ္ပဏီဘက်မှ လိုက်လျော ဆောင် ရွက်ပေးခြင်း မရှိဟု
ဆိုကာ အလုပ်သမား နှစ်ရာကျော်မှ ထပ်မံတောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။
ထိုင်းနိုင်ငံ၌ အထောက်အထား မ လုပ်ရသေးသော မြန်မာ လုပ် သား တစ်သန်းနီးပါးသည် ယာယီနိုင်ငံကူး လက် မှတ်နှင့်
နိုင်ငံ သား သက် သေခံလက်မှတ်ကို ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံး ထား ပြုလုပ်ရမည်ဖြစ်ကြောင်း အလုပ်သမား၊
အလုပ်အ ကိုင်နှင့် လူမှုဖူ လုံရေး ၀န်ကြီး ဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်း က ပြောသည်။
စစ်တွေ တက္ကသိုလ်ကျောင်း သားများအနက် တစ်ချို့သည် စားမေးပွဲ ဖြေဆို စဉ်အ တွင်းလည်း ဖြေဆိုခွင့် မရရှိ
သော်လည်း ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြို့နယ် ၁၃ မြို့နယ်ရှိ စတိတ်ကျောင်းများနှင့် တခြားသော လုံခြုံးရေး
ကောင်း သော နေ ရာများ တွင် ဖြေဆိုနေကြပြီဖြစ်သည်။
လက်ပံတောင်းတောင် သပိတ်စခန်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ သံဃာတော် များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မိမိကိုယ်တိုင် တာဝန် ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး
ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် က ပြောကြားသည်။
ယမန်နေ့ညဖက်
ကချင်ပြည်နယ် နန်စိအောင်-မြစ်ကြီးနားမီးရထားလမ်း မိုင်တိုင်အမှတ် ၆၄၀/၂၂ နှင့် ၂၃ ကြား
နမ်းမားကျေးရွာအနီး ဒီဇင်ဘာလ ၃ ရက်နေ့ည ၁၁နာရီ ၃၅ မိနစ်တွင် KIA မှ မိုင်းခွဲ ဖျက်ဆီး
ခဲ့ သဖြင့် မီးရထားသံလမ်းရှေ့ဖက်ခြမ်း ၅ ပေခန့်ပြတ်ထွက် ၊ ဇလီဖားတုံး ၅ တုံးလွင့်ထွက်ပျက်စီး
ပြီး မီးရထားများ ရပ်တန့်ကုန်သည်။
ရွှေပြည်သာမြို့နယ်၊
၉ ရပ်ကွက်အတွင်း မူးယစ်ရမ်းကားနေသူတစ်ဦးကို ရဲနှစ်ဦးက ဖမ်းဆီး ရိုက်နှက်ရာမှ သေဆုံးသွားသည်ဟုဆိုကာ အမှုဖွင့် ထားကြောင်း သိရ သည်။ ဖြစ်စဉ်မှာ
နိုဝင်ဘာ ၂၉ ရက် နေ့ ည ၁၁ နာရီခွဲ ခန့်က ရွှေပြည် သာမြို့နယ်၊ ၉ ရပ်ကွက်၊ မဟာ မြိုင်လမ်းမကြီးဘေး
ထမင်းဆိုင် အနီးတွင် အောင်ကြွေပြားစက်ရုံမှ အထွေထွေလုပ်သား ကိုဇေယျာမင်း သည် မူးယစ်ရမ်းကား
ဆဲဆို နေသည် ကို ရွှေပြည်သာမြို့နယ် လှော်ကား ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက လှည့် ကင်းလှည့်စဉ်တွေ့
ရှိခဲ့သဖြင့် အိမ် သို့ပြန်ရန် ပြောဆိုသော်လည်း မပြန် ဘဲဆက် လက်ဆဲ ဆိုနေသည့်အတွက် ၄င်းအား
လက်ထိပ်ခတ် ဖမ်းဆီးခဲ့ပြီး နောက် နံပါတ်တုတ်ဖြင့်ရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊
စသည်ဖြင့် ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ရိုက်နှက် နေသည်ကို ရွှေပြည်သာမြို့နယ် ရဲ စခန်းမှ
အခြားရဲ တပ်သား တစ်ဦးက ဝင်ရောက် တားဆီးခဲ့သော်လည်း တားဆီး၍ မရခဲ့ကြောင်း၊ ခဏအ ကြာ၌
ကိုဇေယျာမင်းမှာ ရဲတပ်ဖွဲ့ ဝင် နှစ်ဦး၏ ရိုက်နှက်မှုကြောင့် မြေကြီး ပေါ်သို့ လဲကျသွားခဲ့ကြောင်း
အဆို ပါဖြစ်ရပ်အား မျက်မြင်တွေ့ ရှိခဲ့သူ တစ်ဦး က ပြောသည်။
ဆားလင်းကြီးမြို့နယ်ရှိ
လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းမှ ဒေသခံများ၏ လျော်ကြေး တောင်းဆိုမှု များနှင့်
ပတ် သက် ၍ အလွန် ရှုတ်ထွေးသော အခြေအနေတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ
တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။
နိုင်ငံရေးသမားများ၏
အမှုများ ကို လိုက်ပါဆောင် ရွက်ရာ မှ လိုင်စင် ရုပ်သိမ်းခံရသည့် တရား လွှတ်တော်ရှေ့နေ ၂၅ဦး အနက် ၁၄ဦးမှာ ယခုရက်ပိုင်း အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ
လိုင် စင်ပြန် လည်ရရှိခဲ့ကြောင်း လိုင်စင်ပြန် လည်ရရှိခဲ့ သူများ အ နက် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ
ဦးအောင် သိန်းက ပြောသည်။
ရခိုင်ပြည်နယ်
အနှံ့အပြားတွင် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခ အတွင်း ပါဝင်သူ ရခိုင် လူ မျိုးများကို လုံခြုံရေး တပ်ဖွဲ့ဝင်များကို ယခုလမှ စတင် လိုက် လံ ဖမ်းဆီးနေပြီ ဖြစ်ကြောင်း သိရ သည်။
“
ကျွန်မတို့ ပန်းမြောင်းရွာ ဆံသဆိုင် က မြင့်နိုင် နဲ့ ကျောင်းတောင်ရွာက မောင်ဌေးစိန်တို့ကို
တစ်နေ့က ဖမ်းဆီးသွားပါတယ်။ နောက်ထပ်လည်း လူ ၁၀ ကျော် ဖမ်းဆီးမယ်ဆိုတဲ့ အတွက် ရွာသားတွေ
တော်တော်များများ ထွက်ပြေးနေကြပါတယ်။
ကချင်ပြည်နယ်၊
ဖားကန့်မြို့နယ်အောင်ရာ ရွာကို ၀င်ရောက် လာ တဲ့ အစိုးရ စစ်တပ် ယာဉ်တန်းက ရွာအ တွင်း ကို ၀င်လာချိန်မှာ အရပ်သူ အရပ် သားတွေ နဲ့ နေအိမ်တွေ ကို ပစ်ခတ်ခဲ့ တာကြောင့်
အနည်း ဆုံး လူ သုံးယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာ ရခဲ့ တယ်လို့ အမျိုးသား ဒီမိုကရေစီ
အင်အားစု ပါတီ NDF က ဒေါ်ဘောက်ဂျာက ပြောပါတယ်။
လက်ပံတောင်း
သပိတ်စခန်း ဖြိုခွဲခံရလို့ ဒဏ်ရာရခဲ့တဲ့ သံဃာတွေနဲ့ လူပု ဂ္ဂိုလ် တွေကို မန္တလေး
ဆေးရုံကြီးဆီ ပြောင်းရွှေ့ ကုသပေးနေ တဲ့ နေရာ မှာ နေရာထိုင်ခင်း
အခက်အခဲတချို့ ရှိနေ ပါတယ်။ သံင်္ဃာတချို့ကို သံင်္ဃာဆောင်ရှေ့က ဓမ္မာရုံမှာထားပြီး တချို့ကို
ကုသ ပေးနေရပါ တယ်။ ဆေးရုံတာဝန်ရှိသူကတော့ ဒါဟာ ယာယီသာဖြစ်တယ် လို့ ပြော ပါ တယ်။
ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့ကနေ တနိုင်းဘက်ကို ရိက္ခာ သယ်ယူ ပို့ဆောင်နေတဲ့ အစိုးရတပ် ယာဉ်တန်း
ကို ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာအဝင် လီဒို လမ်းမပေါ်မှာ ကေအိုင်အေဘက်က
ပစ်ခတ်မှု ကြောင့် အစိုးရတပ်က ပြန်လည် ပစ်ခတ်ရာမှာ မူလတန်းကျောင်းသား ၂ယောက်နဲ့ အမျိုးသမီး
၁ ဦး ကျည်ထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုး သား တစ်ဦး သေဆုံး
ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
တောင်ငူမြို့
အရှေ့ (၈)မိုင်အကွာတွင် တည်ရှိသော ရှေးဟောင်း သမိုင်း ဝင် မြတ်စော ညီနောင် ဘုရားဝင်း
ရွှေဟင်္သာ စေတီရင်ပြင် တနင်္လာ ထောင့်ရှိ အချင်း ၂ ပေ၊အမြင့် ၃ ပေ၊
ထု ၂ လက်မခွဲ အလေးချိန် ပိဿာ ၈ဝ ခန့် ကာလ တန်ဖိုး ငွေကျပ် သိန်း ၂ဝ တန်ဖိုးရှိ ကြေးခေါင်းလောင်းကြီး
ပျောက်ဆုံး သွားကြောင်း မြတ်စော ညီနောင် ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးမောင်မောင်က ထုံးဘို ရဲစခန်းသို့
နိုဝင်ဘာ၂၈ ရက် တိုင်တန်းချက် အရ ထုံးဘို ရဲစခန်းမှ ပုဒ်မ ၃၇၉ အရ အမှုဖွင့်ပြီး ထုံးဘို
ရဲစခန်းမှ အမှုစစ် ဒုတိယ ရဲအုပ် စောထင်လင်း၊ ဒုတိယ ရဲအုပ် ဟန်ထွန်းအောင်၊ ဒုတိယ ရဲအုပ်
ထွန်းထွန်းမင်းနှင့် ဒိုးသောင် ရဲကင်းမှူး ဒုတိယ ရဲအုပ် မောင်ဇော်တို့ ပူးပေါင်း အဖွဲ့မှ
စုံစမ်း ဖော်ထုတ်ချက် အရ နိုဝင်ဘာ ၂၉ ရက်က တရားခံ လေးဦး တို့အား ဖမ်းဆီး ရမိခဲ့သည်။
ရခိုင်ပြည်နယ်၊
ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ အုပ်စု၊ ရေချမ်းပြင် ရွာရှိ၊ ပွိုင့်(၁၀၃)
ဗုဒ္ဓရုပ်ပွားတော်၏ လက်ဝဲ ဘက်နှင့် လက်ယာ ဘက် လက်ချောင်း များကို ဒီဇင်ဘာ ၁ရက်နေ့က
ချိုးဖဲ့ဖျက်ဆီး ခံခဲ့ရ၍ ဖျက်ဆီး သူများကို ချက်ချင်းဖမ်းဆီးကာ စစ်ဆေးအရေးယူလျက်ရှိကြောင်း
သတင်း ရရှိသည်။
လူကုန်ကူးမှု
အသိပ ညာပေး နိုင်ရန် အတွက် နိုင် ငံခြားနှင့် မြန်မာ တေး ဂီ တဝိုင်းများ၏ အခမဲ့ ဂီတ
ဖျော်ဖြေပွဲတခု ကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ဒီဇင်္ဘာလ ၁၆ ရက်နေ့တွင်
ပြုလုပ်မည်ဟု သိရသည်။
လူကုန်ကူးမှု
တားဆီးတိုက်ဖျက်ရေး ပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည့် MTV EXIT (End
Exploitation and Trafficking) အဖွဲ့က မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးတွဲ၍
အခမဲ့ Live Concert စီစဉ်ခြင်း ဖြစ်ကြောင်း MTV EXIT မြန်မာမှ တာဝန်ခံ ကို တင်ဝင်းလှိုင် က
ပြောသည်။