Wednesday, December 05, 2012

ဘူးသီးတောင်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးသူအား ဖမ်းဆီးအရေးယူ

Posted by drmyochit Wednesday, December 05, 2012, under | No comments


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ အုပ်စု၊ ရေချမ်းပြင် ရွာရှိ၊ ပွိုင့်(၁၀၃) ဗုဒ္ဓရုပ်ပွားတော်၏ လက်ဝဲ ဘက်နှင့် လက်ယာ ဘက် လက်ချောင်း များကို ဒီဇင်ဘာ ၁ရက်နေ့က ချိုးဖဲ့ဖျက်ဆီး ခံခဲ့ရ၍ ဖျက်ဆီး သူများကို ချက်ချင်းဖမ်းဆီးကာ စစ်ဆေးအရေးယူလျက်ရှိကြောင်း သတင်း ရရှိသည်။
ဒီဇင်ဘာ ၁ရက်နေ့ ညနေတွင် ရေချမ်းပြင်ကျေး ရွာအနီး၊ တောင်ကုန်း တစ်ခုပေါ်၌ တည်ထား ကိုးကွယ်နေသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ကင်းတောင်ကျေးရွာအုပ်စုနေ ကုလား လာလူး (ဘ) ဆီဒိက်အာမက်က ရိုက်ပုတ်ဖျက်ဆီးနေသည်ကို တွေ့မြင်ရသည့် ရေချမ်းပြင်ကျေးရွာနေ ကုလား အာမိန်နာ ခါတူ(ဘ) အဘူတာလေက အရပ်လူကြီးများနှင့် ကျေးရွာ အုပ်ချူပ်ရေးမှူးတို့ထံသို့ သတင်းပေးပို့ခဲ့သဖြင့် ကျေးရွာအုပ်ချူပ်ရေးမှူးက သက်ဆိုင်ရာသို့ သတင်းပေးပို့တိုက်ကြားခဲ့ရာ တရားခံအား ချက်ချင်း လာရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
"ကျွန်တော်တို့ ဒီကိစ္စကို သတင်းရရချင်း ကျူးလွန်သူကို ချက်ချင်းရှာဖွေပြီး ဖမ်းဆီးရမိခဲ့ပါတယ်။ အခု တရားခံကို ဘူးသီးတောင်မြို့မ ရဲစခန်းကို လွှဲပြောင်းပေးလိုက်ပါတယ်။ လိုအပ်သလို စစ်ဆေး အရေးယူသွားပါမယ် "ဟု လုံခြုံရေး တာဝန်ရှိသူ အရာရှိတစ်ဦးက ပြောသည်။
ဘူးသီးတောင်မြို့နယ်တွင် ဆင်းတုတော်များဖျက်ဆီးခံရခြင်းများ မကြာခဏဖြစ်ပေါ်လေ့ ရှိပြီး နိုဝင်ဘာလ အတွင်း ကလည်း သပြေတောကျေးရွာတွင် ဆင်းတုတော်တစ်ဆူ ကျိုးပဲ့ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် တရားခံကို စုံစမ်းဖော် ထုတ်နေဆဲဖြစ်သည်။
ဆင်းတုတော်များ ဖျက်ဆီးခံနေရခြင်းနှင့် ပက်သက်၍ ဘူးသီးတောင်မြို့ သင်္ဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တသောမက "ဒီလိုဆင်းတုတော်တွေ ဖျက်ဆီးခံနေရတယ်ဆိုတာ ဘာကြောင့်လဲ၊ တမင်သက်သက် ရည်ရွယ်ချက် ရှိရှိ ကျူးလွန်သလိုဖြစ်နေတယ်၊ နောက်ကွယ်ကနေ ဒီလိုလုပ်အောင် တိုက်တွန်းနေတဲ့ သူရှိနေလား လို့လည်း သံသယဖြစ်မိတယ်၊ ဒါကြောင့် ဦးဇင်းတို့အနေနဲ့ ဒီကိစ္စတွေကို သက်ဆိုင်ရာ အုပ်ချူပ်ရေးအဖွဲ့တွေက စုံစမ်းဖော် ထုတ်ဖို့နဲ့ ထိထိရောက်ရောက်အရေးယူပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်"ဟု မိန့်ကြားသည်။
ယခုကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးခြင်းခံနေရသည့် ကိစ္စနှင့်ပက်သက်၍ လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် အခြားနောက် ဆက်တွဲ ပြဿနာများ ဖြစ်မလာအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ပြစ်မှုကျူးလွန် သူ များ ကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တာဝန်ကျ အရာရှိ တစ်ဦးက ပြောသည်။
"ဒီကိစ္စနဲ့ ပက်သက်လို့ စုံစမ်းသိရှိထားသလောက်ကတော့ အခုကျူးလွန်သူနဲ့ ရေချမ်းပြင်ရွာနဲ့ အချင်းချင်း ကြားမှာ ပြဿနာတွေရှိထားတယ်၊ ဒါကြောင့် ကျူးလွန်သူက ဒီရုပ်ပွားတော်ကို ဖျက်ဆီးရင် အနီးဆုံး ရေချမ်းပြင် ရွာမှာ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ရပါလိမ့်မယ်၊
သံသယရှိသူတွေကို ခေါ်ယူမေးမြန်းတာတွေ လုပ်ရပါလိမ့်မယ်၊ ဒီရွာသားတွေ အခက်ခဲဖြစ်လာအောင် ရည်ရွယ်ပြီး လုပ်တယ်လို့လည်း ပြောနိုင်ပါတယ်"ဟု ၄င်းကဆက်ပြောသည်။
ယခုကျူးလွန်ခဲ့သော တရားခံကို ဘူးသီးတောင်မြို့မရဲစခန်းတွင် (ပ)၁၆၅/၂၉၅(က)/၅၀၄ဖြင့် အမှုဖွင့်အရေး ယူထားပြီး ယင်းတရားခံမှာ ယခင်က ပြစ်မှုဟောင်းများကျူးလွန်ထားခြင်းရှိခဲ့ဖူးသူလည်းဖြစ်သဖြင့် သက်ဆိုင်ရာမှ အလိုရှိနေသူ တစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။
ယခု ဒီဘာလ ၁ရက်နေ့က ဖျက်ဆီးခံလိုက်ရသော ဗုဒ္ဓရုပ်ပွားတော်မှာ ပလ္လင်တော်ပါ ဥာဏ်တော် ရှစ်ပေခန့်ရှိသော ရုပ်ပွားတော်ဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် လေးမြို့ နစက စခန်းမှ ၀န်ထမ်းများရှိဖွေတွေ့ ရှိခဲ့သော ရှေးဟောင်း ဘုရားတစ်ဆူဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်မှာ သရက်ပြင်အုပ်စု၊ ရေချမ်းပြင်ရခိုင်ရွာနှင့် ရေချမ်းပြင် ကုလားရွာကြားရှိ လမ်းအနီးတွင် ပွိုင့်-၁၀၃ တောင်ကုန်းပေါ်တွင် တည်ထားခြင်းဖြစ်သည်။

၎င်းကျေးရွာအနီး စိုင်းတင်ချောင်း အနောက်ဘက်ကမ်း၊ ဒုံးသိမ်ကျေးရွာတွင် ရခိုင်/မြန်မာသက္ကရာဇ် (၁၀၇၂) ခုနှစ်တွင် ဘုရင်စန္ဒ၀ိဇယရာဇာ၏သားတော်၊ ဒုံးညိုမင်းသားတည်ထားခဲ့သော ဒုံးသိမ်ပုထိုးတော်ကြီးတည်ရှိကာ အနီး ပတ်ဝန်း ကျင်တွင် စေတီဟောင်းများ၊ သိမ်ရာဟောင်းများ၊ ယခုထိတွေ့မြင်နိုင်သော ရခိုင် သမိုင်း ၀င် နေရာများပင်ဖြစ်ကြောင်း သိရှိရပြီး ယခုရေချမ်းပြင်ရွာရှိ ရုပ်ပွားတော်သည်လည်း ယင်းခေတ်ကတည်းက တည်ထား သည်ဟု ခန့်မှန်းရကာ ယင်းတောင်ကုန်းပေါ်တွင် စေတီဟောင်းတစ်ဆူ၏ ဖိနပ်တော် အ၀န်းကို လည်း တွေ့မြင်နိုင်သည်။
ဘုရားတောင်ကုန်းမှာ သရက်ပြင်ရခိုင်ရွာမှ အတန်ငယ် အလှမ်းကွာနေပြီး ထိန်းသိမ်းစောင့်ရှောက် မည့် ဂေါပက အဖွဲ့လည်း မရှိကြောင်း သိရှိရပြီး ယင်းရုပ်ပွားတော်အား လေးမြို့နစကစခန်းမှ စခန်းမှူး ဦးဆောင်ကာ ပြန် လည်ပြုပြင် မွမ်းမံ သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

Arakan Times သတင်းဌာန



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်