Wednesday, December 05, 2012

ပြည်သူများကို ဒုက္ခပေး နေသော KIA........ ပေးစာ

Posted by drmyochit Wednesday, December 05, 2012, under | No comments



ယမန်နေ့ညဖက် ကချင်ပြည်နယ် နန်စိအောင်-မြစ်ကြီးနားမီးရထားလမ်း မိုင်တိုင်အမှတ် ၆၄၀/၂၂ နှင့် ၂၃ ကြား နမ်းမားကျေးရွာအနီး ဒီဇင်ဘာလ ၃ ရက်နေ့ည ၁၁နာရီ ၃၅ မိနစ်တွင် KIA မှ မိုင်းခွဲ ဖျက်ဆီး ခဲ့ သဖြင့် မီးရထားသံလမ်းရှေ့ဖက်ခြမ်း ၅ ပေခန့်ပြတ်ထွက် ၊ ဇလီဖားတုံး ၅ တုံးလွင့်ထွက်ပျက်စီး ပြီး မီးရထားများ ရပ်တန့်ကုန်သည်။

သို့ရာတွင် ရထားလမ်းလုံခြုံရေး တာဝန်ကျနေသော တပ်မတော်မှ စစ်သည်များနှင့် မြန်မာ့ မီးရထား ၀န်ထမ်း များ၏ ကြိုးစားအားထုတ်မှု ကြောင့် နံနက် ၃ နာရီခွဲတွင် မီးရထားများပုံမှန်ပြန်လည် ပြေးဆွဲ နိုင်ပြီးဖြစ် သည်။ ထိုဖြစ် စဉ်နှင့် ပတ်သက်ရွေ့ နမ်းမားကျေးရွာမှ ပြည်သူ့စစ်တစ်ဦးက '' ဒီကောင်တွေ အမြဲ အဖျက် အမှောင့် လုပ်နေတဲ့ အကြမ်းဖက် သမား တွေပဲ။ အခုလဲ လွန်ခဲ့တဲ့ လက တည်းက KIA ရင်း၅ ကဗိုလ် လ၀ါး ဘန်ဦးစီး ဖောက်ခွဲဖျက်ဆီးရေးသမား ဘင်္ဂလီကုလားဆရာ ၃ယောက်အပါအ၀င် အင်အား ၃၀ လောက် ဒီနမ်းမား အနီးမှာ မိုင်းခွဲဖို့စောင့်နေတာကြာပြီ။

ဟိုတလောက သူတို့အထက်ကအတင်းဖိအားပေးတာနဲ့ မော်လူးဖက်မှာသွားလုပ်တယ်။ ဒီနေရာမှာက စစ်ကြောင်းတွေအမြဲသွားလာသလို ရထားလမ်းလုံခြုံရေးတွေစိတ်နေတော့အခွင့်မသာဘူး။ ပြီးတော့ အဲဒီကောင်က နမ်းမားကြီးရွာသားလေ။ ဒီကအခြေအနေတွေကောင်းကောင်းသိတော့ ဒီနားမှာချောင်းနေတာကြာပြီ။ တကယ်တော့ တံတား ကိုလုပ်ချင်တာ။ တံတားမှာက လုံခြုံရေးမပြတ်တော့ လွယ်တဲ့နေရာမှာ မိုင်းထုပ်ကို ကမန်းက တန်းပစ်ချပြီး အဝေးကနေ ခလုတ်နှိပ်ခွဲလိုက်တာလေ။ အသံထွက်ရုံ၊ လူထု အနှောက် အယှက်ဖြစ် ရုံလောက် လုပ်နိုင်တာပါ။ ဘာကြောင့်ဒီလိုလုပ်နေမှန်းကိုမသိဘူး။

စစ်တပ်ကိုလုပ်ရအောင် စစ်တပ်က အသွားအလာမရှိသလောက်ပဲ ပြည်သူတွေပဲခံစားရတာပေါ့ဗျာ။ ပြီးခဲ့တဲ့ နှစ်ရက် ကလည်း တောင်ခြေမှာ လယ်သွားလုပ်နေတဲ့ ကူငယ် သုံးယောက်ကို ခေါ်သွားတာ ဘာသတင်းမှမရသေးဘူး။ စစ်ကြောင်းတွေတော့ လိုက်နေတယ်။ ဒါပေမဲ့ စစ်တပ်ကသိတာ နောက်ကျတော့ မိဘတွေကစိတ်ပူနေကြတာပဲ။ ဒီကောင်တွေ လုပ်နေတာနဲ့ အလုပ်ကောင်းကောင်းမလုပ်နိုင်၊ ခရီးကောင်းကောင်း မသွားနိုင်၊ ကောင်းကောင်း မအိပ်မစားနိုင်တာ တစ်နှစ်ကျော်ပြီဗျာ။ ဘာလို့များ စစ်တပ်က အပြတ်မတိုက်တာ လည်းမသိဘူ။ ကျွန်တော်တို့ ကိုသာ သေနတ်ပေးထားဗျာ။ ဒီကောင်တွေရွာနား မကပ်စေရဘူး'' ဟု တက် တစ်ခေါက်ခေါက်ဖြင့် ရှင်းပြသွား သည်။

KIA တို့သည် စစ်ပွဲကြာမြင့်လာ သည်နှင့်အမျှ ထိခိုက်ဆုံးရှုံးမှု များပြားခြင်း၊ ပေါက်ပန်းသေး စစ်သည် စုဆောင်းမှုကြောင့် ထွက်ပြေးသူများ များပြားခြင်းတို့ကြောင့် အင်အားဖြည့်တင်းရန် အထူးလိုအပ်လျက်ရှိပြီး ယခု နောက်ပိုင်းတွင် ၊ ကလေး လူကြီးမရွေး၊ ယောကျာင်္းမိန်းမမရွေး၊ လူမျိုးဘာသာ မရွေး ဖြစ်သည့်နည်း မှန်သမျှဖြင့် စုဆောင်းရန်၊ မန်းတလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် အခြေ အနေပေး ပါက မြန် မာနိုင်ငံ အတွင်းပိုင်းမှလူများအထိပါ လစ်လျင်လစ်သလိုစုဆောင်းရန် အမိန့်ချမှတ်ထားကြောင်း KIA အတွင်း သတင်းများ အရ သိရသည်။


(Nay Min)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်