Wednesday, December 05, 2012

လိုင်စင်ရုပ်သိမ်းခံရသော ရှေ့နေ ၁၄ ဦး လိုင်စင်ပြန်ရ

Posted by drmyochit Wednesday, December 05, 2012, under | No comments


နိုင်ငံရေးသမားများ၏ အမှုများ ကို လိုက်ပါဆောင် ရွက်ရာ မှ လိုင်စင် ရုပ်သိမ်းခံရသည့် တရား လွှတ်တော်ရှေ့နေ ၂၅ဦး အနက် ၁၄ဦးမှာ ယခုရက်ပိုင်း အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လိုင် စင်ပြန် လည်ရရှိခဲ့ကြောင်း လိုင်စင်ပြန် လည်ရရှိခဲ့ သူများ အ နက် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင် သိန်းက ပြောသည်။


“နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေ လိုက်ရင်းနဲ့ ထောင် ကျပြီး လိုင်စင်ရုပ်သိမ်းခံရတဲ့ တရားလွှတ်တော် ရှေ့နေ ၂၅ ယောက်မှာ ကျွန်တော်အပါအ၀င် ၁၄ ယောက်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာလိုင်စင် ပြန်ထုတ် ပေးလိုက် ပါတယ်” ဟု ဦးအောင်သိန်းကပြောသည်။
ရှေ့နေဦးအောင်သိန်းသည် ၂၀၀၇ ခုနှစ် သြဂုတ်နှင့်စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော မင်းကိုနိုင်၊ အရှင်ဂမ္ဘီရ တို့၏ အမှုများအတွက် အင်းစိန်ထောင်တွင် လိုက်ပါဆောင်ရွက်စဉ် အမှုတစ်ခုနှင့် ပတ်သက်၍ တရားရုံးအား မထီ မဲ့မြင်ပြုမှု ပုဒ်မဖြင့် အရေးယူခံခဲ့ရပြီး ထောင်ဒဏ်လေးလ ချမှတ်ခြင်းခံရသည်။

“ထောင်ကလွတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျွန်ယက်တောအမှုအတွက် လိုက်ပါဆောင် ရွက်ဖို့ ဒေါ်အောင် ဆန်းစုကြည်ဘက်ကနေ ရှေ့နေပါဝါသွားတင်တော့ ကျွန်တော်တို့ကို ရှေ့နေ လိုင်စင်ရုပ် သိမ်းထားတယ် လို့ မြို့နယ် တရားသူကြီးက ပြောတော့မှ သိရတယ်” ဟု ဦးအောင်သိန်းက ပြောသည်။

ဦးအောင်သိန်းနှင့်အတူ အမှုတွဲဖြစ်ခဲ့သည့် တရားလွှတ်တော် ရှေ့နေဦးခင်မောင်ရှိန်လည်း လိုင်စင်ပြန် လည်ရ ရှိပြီ ဖြစ်သည်။
ယခင်က လိုင်စင်ရုပ်သိမ်းခံခဲ့ရသူအားလုံး လိုင်စင်ပြန်လည်ခွင့်ပြုရန် စုပေါင်းတောင်းဆိုခဲ့သော်လည်း ယခုအခါ တစ်ဦး ချင်း ပြန်လည်လျှောက်ထားရန် သက်ဆိုင်ရာမှ ညွှန်ကြားလာသဖြင့် တစ်ဦးချင်း ပြန်လည်လျှောက်ထားခဲ့ပြီး အသနား ခံစာတင်ခဲ့ခြင်း မဟုတ်ကြောင်း ဦးအောင်သိန်းက ရှင်းပြသည်။

 “နိုင်ငံရေးကြောင့် ရှေ့နေလိုင်စင်သိမ်းခံရတယ်ဆိုတာ ရှိကိုမရှိသင့်ခဲ့တာ။ ဒါပေမဲ့ ဒါတွေ တကယ်ဖြစ်ခဲ့တယ်။ ခုလိုမဖြစ် သင့်၊ မရှိသင့်ဘူးဆိုတာ သဘောပေါက်လာပြီလို့ ထင်ပါတယ်။ ခုလို ရှေ့နေတွေလိုင်စင် ပြန်ရတာကို ကြိုဆိုပါတယ်” ဟု ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေဦးကိုနီက ပြောသည်။

လိုင်စင်ပြန်လည်ရရှိခဲ့သည့် ဦးအောင်သိန်းသည် ဒီဇင်ဘာ ၃ ရက်နေ့တွင် ခွင့်ပြုချက်မရှိဘဲ လက်ပံတောင်းတောင် ကိစ္စအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြသော ဒေါ်နော်အုန်းလှ အပါအ၀င်ခြောက်ဦးအား တရားစွဲဆိုထားသည့် အမှုတွင် ဒေါ်နော်အုန်းလှတို့ဘက်မှ လိုက်ပါဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


7 Day News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်