Wednesday, December 05, 2012

သပိတ်စခန်းတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များ၊ သံဃာတော် များနှင့်ပတ် သက်သည့် ကိစ္စများကို ဒေါ်အောင်ဆန်း စုကြည်တာဝန်ယူဆောင်ရွက်မည်

Posted by drmyochit Wednesday, December 05, 2012, under | No comments


လက်ပံတောင်းတောင် သပိတ်စခန်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ သံဃာတော် များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မိမိကိုယ်တိုင် တာဝန် ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် က ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက် လက်ဆောင် ရွက်ခွင့်ပြုရန် သင့်၊ မသင့်အတွက် ဒေါ်အောင် ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားပြီး အဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးပါဝင်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သော ပထမဆုံး အစည်းအဝေး အဖွင့်အမှာ စကားပြောကြား ရာတွင် ဒေါ်အောင်ဆန်း စုကြည် က အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက သတင်းဖော်ပြသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ သုံးဖွဲ့ ဖွဲ့စည်း၍ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး (၁) ကြေးနီ စီမံကိန်းအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် နိုင်ငံ တကာ ပြဋ္ဌာန်း ချက်များ၊ ဆောင် ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိမရှိ၊ (၂)ကြေးနီစီမံ ကိန်း ကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ (၃)ကြေးနီ စီမံ ကိန်း ဆောင် ရွက်ခြင်းကြောင့် နိုင် ငံတော် ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက်များအတွက် အကျိုးရှိမရှိ တို့ကို အထက် ပါ သုံးဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် စကော်မရှင်အား စစ်ဆေးစုံစမ်းရန် တာဝန်ပေးသည့် အခြားကိစ္စရပ်များကိုလည်း လိုအပ်သလို အမြန်ဆုံး စုံစမ်းစစ်ဆေး သွားမည်ဖြစ်ပြီး၊ ကော်မရှင်က သတင်းထုတ်ပြန်ချက်များကို အခါအားလျော်စွာ ထုတ် ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိဖြစ် ပွားခဲ့သော ကိစ္စရပ် များမှာ ယခင် ကာလ များက ပွင့်လင်းမြင်သာမှု အားနည်းခဲ့၍ဖြစ်ကြောင်း၊ အဆိုပါ ပြသနာကို ကိုင် တွယ်ဖြေရှင်း ရာ တွင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု၊ ဥပဒေစိုးမိုးမှုရှိမှသာလျှင် နိုင်ငံတော် အကျိုးနှင့် လျော်ညီ သည့်အဖြေ ရရှိမည်ဖြစ်ကာ စုံစမ်းရေး ကိစ္စရေးများကို အမြန်ဆုံး စတင် ဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

7 Day News Journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်