Wednesday, December 05, 2012

ဥပဒေမဲ့ လက်သံပြောင်သော ရဲနှစ်ဦးအား လူသတ်မှုဖြင့် အမှုဖွင့်

Posted by drmyochit Wednesday, December 05, 2012, under | No comments


ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်အတွင်း မူးယစ်ရမ်းကားနေသူတစ်ဦးကို ရဲနှစ်ဦးက ဖမ်းဆီး ရိုက်နှက်ရာမှ သေဆုံးသွားသည်ဟုဆိုကာ အမှုဖွင့် ထားကြောင်း သိရ သည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် နေ့ ည ၁၁ နာရီခွဲ ခန့်က ရွှေပြည် သာမြို့နယ်၊ ၉ ရပ်ကွက်၊ မဟာ မြိုင်လမ်းမကြီးဘေး ထမင်းဆိုင် အနီးတွင် အောင်ကြွေပြားစက်ရုံမှ အထွေထွေလုပ်သား ကိုဇေယျာမင်း သည် မူးယစ်ရမ်းကား ဆဲဆို နေသည် ကို ရွှေပြည်သာမြို့နယ် လှော်ကား ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက လှည့် ကင်းလှည့်စဉ်တွေ့ ရှိခဲ့သဖြင့် အိမ် သို့ပြန်ရန် ပြောဆိုသော်လည်း မပြန် ဘဲဆက် လက်ဆဲ ဆိုနေသည့်အတွက် ၄င်းအား လက်ထိပ်ခတ် ဖမ်းဆီးခဲ့ပြီး နောက် နံပါတ်တုတ်ဖြင့်ရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ စသည်ဖြင့် ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ရိုက်နှက် နေသည်ကို ရွှေပြည်သာမြို့နယ် ရဲ စခန်းမှ အခြားရဲ တပ်သား တစ်ဦးက ဝင်ရောက် တားဆီးခဲ့သော်လည်း တားဆီး၍ မရခဲ့ကြောင်း၊ ခဏအ ကြာ၌ ကိုဇေယျာမင်းမှာ ရဲတပ်ဖွဲ့ ဝင် နှစ်ဦး၏ ရိုက်နှက်မှုကြောင့် မြေကြီး ပေါ်သို့ လဲကျသွားခဲ့ကြောင်း အဆို ပါဖြစ်ရပ်အား မျက်မြင်တွေ့ ရှိခဲ့သူ တစ်ဦး က ပြောသည်။

ထို့နောက်ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ၄င်းအား ချီမ၍ ဆိုင်ကယ်ပေါ်သို့ တင်စဉ်ကိုဇေယျာမင်းမှာ နောက်သို့ လဲကျပြီး ဦးခေါင်းနှင့် ကားလမ်း ရိုက်မိကာ သေဆုံးသွားခဲ့ကြောင်း၊ထိုသို့ သေဆုံးမှုနှင့်ပတ်သက်၍ ရွှေ ပြည်သာရဲစခန်း မှ အဆိုပါအမှုအား (ပ) ၁၄၂၂/၂ဝ၁၂ ပုဒ်မ (၃ဝ၄/က)ဖြင့်အမှု ဖွင့်ထားခဲ့သော်လည်း သေ ဆုံးသူ၏အလောင်း အား ဆေးရုံသို့ ပို့၍ ဆေးစစ်ပြီးသည့်နောက် ယခင် လူသေမှုအစား (ပ)၁၄၂၂/၂ဝ၁၂ ပုဒ်မ (၃ဝ၂)ဖြင့် အမှုဖွင့်လှစ် ကာ အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ဖမ်း ဆီးအရေးယူထားကြောင်း ရွှေပြည် သာရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြား ချက်အရ သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ''အခုလို မူးယစ်ရမ်းကားနေသူ တစ်ယောက်ကို ဖမ်းဆီးရာမှာ သေ ဆုံးရတာနဲ့ပတ်သက်လို့ အဲဒီရဲတပ် ဖွဲ့ဝင်နှစ်ယောက်ကို ရဲကျင့်ထုံးမှာ ပြဋ္ဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့် ထုံးဥပဒေ ပုဒ်မ ၅၄ နဲ့အညီ မဖမ်း ဘဲ လိုအပ်တာထက် အခွင့်အာဏာ ပိုသုံးပြီးဖမ်းကာ လူသေဆုံးမှုဖြစ်ခဲ့ရ တဲ့အတွက် ရဲတပ်ဖွဲ့ကနေထုတ်လိုက် ပြီ။

 သူတို့နှစ်ယောက်ကို တရား ဥပဒေအတိုင်း ကျောသားရင်သား မခွဲခြားဘဲ သူတို့ပြစ်မှုအတိုင်း နယ်ဘက်တရားရုံးမှာ လူသတ်မှုနဲ့ တရားစွဲသွားမယ်'' ဟု ပြောသည်။ ထို့အပြင် အဆိုပါရဲတပ်ဖွဲ့ဝင် နှစ်ဦး မှာ ရဲလက်စွဲ ဥပဒေ ကျင့်ထုံး ဒုတိယတွဲအပိုဒ် ၁၆၉၆ တွင် ပြဋ္ဌာန်း ထားသောမသင်္ကာသူ များအား ဖမ်း ဆီးရာ၌ ခြိမ်းခြောက်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများ မပြုလုပ်ရ ဟူသော အချက်ကိုလည်း ချိုးဖောက်ခဲ့ခြင်း ဖြစ်သည် ဟုလည်း ၄င်းက ထပ်မံ ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်