ထိုင်းနိုင်ငံ၌ အထောက်အထား မ လုပ်ရသေးသော မြန်မာ လုပ် သား တစ်သန်းနီးပါးသည် ယာယီနိုင်ငံကူး လက် မှတ်နှင့်
နိုင်ငံ သား သက် သေခံလက်မှတ်ကို ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံး ထား ပြုလုပ်ရမည်ဖြစ်ကြောင်း အလုပ်သမား၊
အလုပ်အ ကိုင်နှင့် လူမှုဖူ လုံရေး ၀န်ကြီး ဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်း က ပြောသည်။
တရားမ၀င်
မြန်မာ လုပ်သားများအား ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်းနှင့် နိုင်ငံသား သက်သေခံ
လက်မှတ်ထုတ်ပေး ခြင်းကို ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အထိ ခွင့်ပြုခဲ့သည်။ ထပ်မံ၍ သက်တမ်းတိုးမြှင့်ပေး ရန်
ထိုင်းအစိုးရက လောလောဆယ် အစီအစဉ် မရှိသည့်အတွက်ကြောင့်ဖြစ်သည်။
“အခုသူတို့
ဒီဇင်ဘာ ၁၄ မတိုင်ခင်မှာ သက်တမ်းတိုးတာ နှစ်ကြိမ်တိုးပေးထားပေမယ့် နောက်ထပ် ဒီဘက်က
အထောက်အထားမဲ့နဲ့ ခိုးဝင်နေတဲ့ အလုပ်သမားက များများလာတယ်။ အဲဒီအခါကျတော့ အခုထပ်လုပ်ပေး
လည်း နောက်တိုးဦးမှာပဲ” ဟု ဒုဝန်ကြီးဦးမြင့်သိန်းက ပြောသည်။
ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ကာလ သက်တမ်းတိုးမြှင့်ပေးရန် နှစ်နိုင်ငံအလုပ်သမား ဒုဝန်ကြီး အဖွဲ့တို့သည် ညှိနှိုင်း ဆွေးနွေးပွဲ များ၌ အကြိတ် အနယ် ဆွေးနွေးခဲ့ရာ ဒီဇင်ဘာ ၁၄ မှ ၃၁ ရက်ထိ တိုး၍ခွင့်ပြုပေးခဲ့သည်။
ထို့အပြင်
၂၀၀၉ ခုနှစ်က ယာယီနိုင်ငံ ကူးလက်မှတ်များ ပြုလုပ်ခဲ့သူများ၏ ပတ်စပို့သက်တမ်း တိုးမြှင့်
ပေးရန်နှင့် အထောက်အထားမဲ့ ကလေးများအား အထောက်အထား ပြုလုပ် ပေးရန် နိုင်ငံကူး လက်မှတ်
ထုတ်ပေး သည့် စခန်းငါးခုအနက်နှစ်ခုအား ရွေးချယ်ခွင့်ပေးထားကြောင်း သတင်းရရှိ သည်။
“လာအိုနဲ့
ကမ္ဘောဒီးယားကို ငါတို့လိုပဲ လုပ်နေတာ။ သူတို့က ထိုင်းရဲ့ သဘောအတိုင်းတူတယ်ဆိုတော့ အားကိုးမရှိတော့ဘူး။
ဒါပေမဲ့ ငါတို့လုပ်သားတွေက သူတို့ထက် သန်းဂဏန်းများတယ်။ ဆက်ပြီး ညှိနေအုံးမှာပဲ” ဟု
နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးအောင်က ပြောသည်။
ထို့ပြင် တရားဝင်အထောက်အထားရှိသော မြန်မာလုပ်သားများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ရက် မှစ၍ ထိုင်းနိုင်ငံသားတို့နှင့် တန်းတူ လစာငွေတစ်ရက်လျှင် ဘတ်သုံးရာထိ တိုးမြှင့်မည်ဟု ဆိုသည်။
ထို့ပြင် တရားဝင်အထောက်အထားရှိသော မြန်မာလုပ်သားများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ရက် မှစ၍ ထိုင်းနိုင်ငံသားတို့နှင့် တန်းတူ လစာငွေတစ်ရက်လျှင် ဘတ်သုံးရာထိ တိုးမြှင့်မည်ဟု ဆိုသည်။
“လုပ်ခလစာငွေကိုလည်း လာမည့် ဇန်န၀ါရီ ၁ ရက်မှ စပြီး အတတ်နိုင်ဆုံးတူအောင် လုပ်ပေးမယ်။ တစ်နိုင်ငံလုံးတန်းတူပဲ သူတို့ နိုင်ငံသားနဲ့ နီးစပ်အောင်ထိ လုပ်ပေးမယ်” ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံသို့ တရားဝင် အေဂျင်စီဖြင့် သွားမည့် မြန်မာလုပ်သားများအား လေကြောင်းလိုင်းဖြင့် ပို့ဆောင်ရန် အတွက်လည်း ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ဒုဝန်ကြီး ဦးမြင့်သိန်းကပြောသည်။ ထိုင်းအစိုးရ ဘက်မှ မြန်မာလုပ်သား အရေအတွက်အား သောင်းဂဏန်းသာပြောသောကြောင့် မြန်မာ လုပ်သားအရေအတွက် အတိအကျ ရရှိရန် ထိုင်း အင်န်ဂျီအို အဖွဲ့များအား စာရင်းကောက်ခိုင်းထားပြီး ကျန်ရှိနေသေးသည့် လုပ်သား တစ်သန်းနီးပါး အတွက် အထောက်အထားရရှိရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။
7Day news journal
0 comments:
Post a Comment