Sunday, December 23, 2012

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ် ပွဲနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ကန့်ကွက်

Posted by drmyochit Sunday, December 23, 2012, under | No comments

ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်ကို ဘောဂရပ် ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပျက်ပြားအောင် ပြုလုပ်သည့် အကြောင်းပြချက် ဖြင့် ဒီဇင် ဘာလ ၂၃ရက် နေ့လည် ၃နာရီ ခန့်က စလင်း အားကစားကွင်းတွင် မြို့ခံ ပြည်သူလူထု က ကန့်ကွက် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း ဦးဆောင်သူ ဦးထွန်းထွန်းကျော်က ပြောကြားသည်။

ဆွစ်ဇာလန် ဓါတ်ပုံဆရာ မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံစာအုပ် အခမဲ့ ထုတ်ဝေမည်

Posted by drmyochit Sunday, December 23, 2012, under | No comments

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံ တစ်ဝန်းတွင် ရိုက်ကူးခဲ့သော အလှအပ ရှုခင်းများ၊ လျှပ်တစ်ပြက် ဓာတ်ပုံ များကို စုစည်း၍ အခမဲ့ ဓါတ်ပုံစာအုပ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံသား ဓာတ်ပုံဆရာ Mr.Armin Graessl က The Voice Weekly သို့ ပြောကြားသည်။

ညှို့မဂ္ဂဇင်းပါ ဓာတ်ပုံနှင့်စာသားများသည် လိင်ကိစ္စအသားပေးသော ညစ်ညမ်းစာပေနှင့် ရုပ်ပုံများဖြစ်နေကြောင်း ဝေဖန်မှုများရှိနေ ညစ်ညမ်းသောစာပေနှင့် ရုပ်ပုံများကို ထုတ်ဝေခြင်း၊ ရောင်းချခြင်း ပြုလုပ်ခြင်းများသည် ရဲအရေးပိုင်သော ပြစ်မှုများဖြစ်

Posted by drmyochit Sunday, December 23, 2012, under | 1 comment

 


ညှို့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ဓာတ်ပုံနှင့်စာသားများသည် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဘဲ လိင်ကိစ္စ အသားပေးသော ညစ်ညမ်းစာပေနှင့် ရုပ်ပုံများဖြစ်နေကြောင်း စာဖတ်သူများအကြား ဝေဖန်မှု များရှိနေ သည်။

တရုတ်နှင့်ဖက်စပ်လုပ်ကိုင်သည့် ရွှေလီရေအားလျှပ်စစ်မှ ရေမြေခွန်အဖြစ် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ၏ ၁၅ ရာခိုင်နှုန်းအသုံးပြုခွင့်ရရှိ ပြည်တွင်းလိုအပ်ချက်အတွက် ပြန်လည်ဝယ်ယူသည့်အခါ တစ်ယူနစ်လျှင် ၀ ဒသမ ၁၈၉ ယွမ် (ဒေါ်လာ ၀ ဒသမ ၀၂၉၉၈) ဈေးနှုန်းပေးကာ ပြန်လည်ဝယ်ယူရ

Posted by drmyochit Sunday, December 23, 2012, under | No comments

ရွှေလီ (၁) ရေအားလျှပ်စစ်စက်ရုံ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်

တရုတ်နိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သည့် ရွှေလီရေအားလျှပ်စစ်မှ ရေမြေခွန်အဖြစ် ထုတ်လုပ်သည့် လျှပ်စစ် ဓာတ်အား ပမာဏ၏ ၁၅ ရာခိုင်နှုန်း အသုံးပြုခွင့်ရရှိသော်လည်း ရွှေလီရေအားလျှပ်စစ်မှ ထုတ်လုပ်သည့် လျှပ်စစ် ဓာတ်အားကို ပြည်တွင်းလိုအပ်ချက်အတွက် ပြန်လည်ဝယ်ယူသည့်အခါ ၁ ယူနစ်လျှင် တရုတ် ယွမ်ငွေ ၀ ဒသမ ၁၈၉ ယွမ် (၀ ဒသမ ၀၂၉၉၈ အမေရိကန်ဒေါ်လာ) ဈေးနှုန်းပေးကာ ပြန်လည် ၀ယ်ယူ ရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေး မှူး ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ဒီမိုကရေစီကို မမျှော်လင့်သော်လည်း ရအောင်လုပ်ယူမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Posted by drmyochit Sunday, December 23, 2012, under | No comments

ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့လူထုအား မိန့်ခွန်းပြောကြားနေစဉ်
၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိရေးနှင့် ဒီမိုကရေစီရရှိရေးကို မမျှော်လင့်သော်လည်း ရအောင် လုပ်ယူ မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ကော့သောင်း-မြိတ် ခရီးစဉ် အတွင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာ၌ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ပြောကြား

Posted by drmyochit Sunday, December 23, 2012, under | No comments

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု သမ္မတဦးသိန်းစိန်နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Vigyan Bhawan ၌ ဒီဇင်ဘာလ ၂၁ ရက်က တွေ့ဆုံရာ၌ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း ကားတင်သွင်းရာတွင် လျှောက်ထားရမည့် ကား CIF ဈေးနှုန်းသစ်များထုတ်ပြန် ယဉ်ကြောဆိုးရွားစွာ ကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် လမ်းတိုးချဲ့မှု အဆင်သင့်မဖြစ်မီ ကာလအတွင်း လမ်းဧရိယာနှင့် ကိုက်ညီသည့် ကားအစီးရေကိုသာ နှစ်စဉ်တင်သွင်းခွင့်ပြုရန် စတင်စီစဉ်

Posted by drmyochit Sunday, December 23, 2012, under | No comments


ရန်ကုန်မြို့ရှိ ဦးထောင်ဘိုအ၀ိုင်းတွင် ယာဉ်ကြောကြပ်နေမှုကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကတွေ့ရစဉ်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကားတင်သွင်းသူများ လိုင်စင်လျှောက်ထားရာတွင် အသုံးပြုရ မည့် မော်တော်ယာဉ် CIF ဈေးနှုန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန် ခဲ့ကြောင်း သတင်းရရှိသည်။

KNU စစ်ဦးစီးချုပ် ဘယ်သူဖြစ်လာမလဲ

Posted by drmyochit Sunday, December 23, 2012, under | No comments

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ စစ်ဦးစီးချုပ် နေရာ ဆက်ခံမည့်သူကို မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် တပ်မှူးများ ညီလာခံတွင် ရွေးချယ်မည်ဖြစ် သည်။

စစ်ခုံရုံးသို့ အယူခံ ဝင်ခွင့် မရသော တပ်မတော်သား ဖခင် ၏ ဆန္ဒ ဖော်ထုတ်ခွင့် ထပ်မံ ပယ်ချခံရ

Posted by drmyochit Sunday, December 23, 2012, under | No comments

ပုသိမ်၊ ဒီဇင်ဘာ ၁၈

လူသတ်မှုဖြင့် တရားစွဲ ခံရပြီး နောက် ရှေ့နေဖြင့် အမှု ရင်ဆိုင်ခွင့် မရ၊ အယူခံ ဝင်ခွင့် မရဘဲ ပုသိမ် အကျဉ်းထောင်၌ ပြစ်ဒဏ် ကျခံ နေရသည့် တပ်ကြပ်ကြီး သန့်ဇင်ဦး အတွက် ဖခင်ဖြစ်သူ ဦးရွှေဝါ က ဆန္ဒ ဖော်ထုတ်ခွင့် ကို ယခုလ ၁၈ရက် နေ့က ပုသိမ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့ တင်ပြ ခဲ့ရာ ထိုနေ့ တွင်ပင် ပယ်ချ လိုက်ကြောင်း သိရှိ ရသည်။

မှော်ဘီမြို့နယ် ၄ ရပ်ကွက်တွင်ပြုလုပ်သော အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် ခိုက်ရန်ဖြစ်ပွား

Posted by drmyochit Sunday, December 23, 2012, under | No comments

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ၄ ရပ်ကွက်ရပ်ကပ် တွင် ယနေ့  (ဒီဇင်ဘာလ ၂၃) နံနက်က ပြုလုပ် သောရပ် ကွက် အုပ်ချုပ်ရေးမူးရွေး ချယ်ပွဲတွင် ခိုက်ရန်ဖြစ် ပွါးသဖြင့်ရွေး ချယ်ပွဲ ပျက်သွား ခဲ့ကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၂၂ ရက်ညက မုံရွာမြို့အနောက်မြောက်ဖက်တွင်လှုတ်ခတ်ခဲ့သောငလျင်သတင်းနှင့် 7Days News မှ ရရှိသော နောက်ဆက်တွဲသတင်း

Posted by drmyochit Sunday, December 23, 2012, under | No comments

ဒီဇင်ဘာ ၂၂ ရက်ညက မုံရွာမြို့အနောက်မြောက် ဖက်တွင် လှုတ်ခတ် ခဲ့သော ငလျင်ကြောင့် ပျက်ဆီး သေဆုံးမှု တစ်စုံ တစ်ရာ မရှိခဲ့ကြောင်း 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။
ည ၁၁ နာရီ ၁၁ မိနစ် ၄၅စက္ကန့်က မုံရွာမြို့အနောက်မြောက် ၃၅မိုင်ခန့်အကွာ ကနီမြို့နယ်ကိုဗဟိုပြုပြီး အင်အား ရစ်ချက် တာစကေး ၅.၅ရှိငလျင် လှုပ်ခတ် သွားခဲ့ခြင်းဖြစ် သည်။


မိုးသီးဇွန် လူသတ်မှု ကရင်ပြည်နယ်သို့ လွှဲပေးမည်

Posted by drmyochit Sunday, December 23, 2012, under | No comments

တရားလိုဖြစ်သူ ဒေါ်ခင်မေမြင့်က သားဖြစ်သူ မောင်ဌေးနိုင်ကို မိုးသီးဇွန်နှင့် အပေါင်းပါများက သတ်ဖြတ်ခဲ့ သည်ဟု မြောက်ဒဂုံ ရဲစခန်းတွင် အမှုဖွင့်တရားစွဲခဲ့ခြင်းအား ကရင်ပြည်နယ်သို့ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း စခန်းမှူးက ပြောကြားခဲ့သည်ဟု Venus News တွင် ဖော်ပြထားသည်။


နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း

Posted by drmyochit Sunday, December 23, 2012, under | No comments

Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။

ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာ တစ်ဝန်း လုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။

ကေအိုင်အေများပြောသည့် တပ်မတော်၏ လက်နက်ကြီးများ သတင်း

Posted by drmyochit Sunday, December 23, 2012, under | No comments


တကယ်အတိုက်ခံရတော့မည် ဆိုသည်နှင့် ကေအိုင်အေ တို့ လေသံပြောင်းကြလေပြီ။ ဆွေးနွေးပွဲ လုပ်ဆို သည့်အချိန် ကျတော့ မိုင်းခွဲ၊ ဗုံးထောင်၊ ချောင်းပစ်၊ ရဲစခန်း ၀င်စီးကာ အလုပ်မဟုတ်တာ လုပ်ကြသည်။ ယခုတော့ လိုင်ဇာကို လက်နက်ကြီးများ ချိန်ထားသည်။ ထိုးစစ် ဆင်နွှဲရန် အသင့်ဖြစ်နေပြီဟု ဆို သည်။ ကေအိုင်အေများ လုံးဝ မတိုက်။ တပ်မတော်ကသာ လာတိုက်နေခြင်း ဖြစ် သည်။ ကေ အိုင်အေ များ ပြန် တိုက် လိုက်ရာ မြန်မာ့တပ်မတော်က လက်နက်ကြီးပျက်စီး၊ စစ်သည်များ တိုက်ပွဲ ကျ သည်ဟု ဆိုပြန် သည်။ ထို သေနတ်ပြီးသည့် ကေအိုင်အေများ ဘယ်နေ့ဝါဒဖြန့်၍ ဆုံးမည်နည်း။

ကေအိုင်အေဌာနချုပ်ကို စစ်ဗျူဟာ(၃)ခု ဖြင့် ထိုးစစ်ဆင်နိုင်သည်ဟု ဦးလနန်ပြော

Posted by drmyochit Sunday, December 23, 2012, under | No comments

အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ဗျူဟာ (၃) ခုဖြင့် သုံးဖက် သုံးတန်မှ စစ်ဆင်ရန်ပြင် ဆင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။
“ ကျနော်တို့ ဗဟိုကို လမ်းကြောင်း (၃) ခုကနေ ချဉ်းကပ်ဖို့သူတို့ ပြင်ဆင်နေတာရှိတယ်၊ ဂန်တောင်ယန် - ဝိုင်းမော်လမ်းကြောင်း၊ ဒေါ့ ဖုန်းယန်း - ဗန်းမော်လမ်းကြောင်း၊ စတန်ပါမှာ ဗျူဟာ တစ်ခု ဖွင့်ထားပြီး တစ်ကြောင်း ချထားတယ်၊ အဲဒီ သုံးကြောင်းနဲ့ ကျွှန်တော်တို့ဌာန ချုပ်ကို စစ်ဆင်ရေးကြီးလုပ်မယ့် အနေ အထား ရှိတယ်” ဟု KIA ပြောခွင့်ရ ဦးလနန်မှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။

ကော့သောင်းမြို့နဲ့ မြိတ်မြို့တွေကို ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်

Posted by drmyochit Sunday, December 23, 2012, under | No comments

 
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ စည်းရုံးရေး ခရီးစဉ်အဖြစ် တနသာင်္ရီတိုင်း ကော့သောင်းမြို့နဲ့ မြိတ်မြို့တွေကို ဒီကနေ့ သွားရောက်ခဲ့ ပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်