Sunday, December 23, 2012

တရုတ်နှင့်ဖက်စပ်လုပ်ကိုင်သည့် ရွှေလီရေအားလျှပ်စစ်မှ ရေမြေခွန်အဖြစ် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ၏ ၁၅ ရာခိုင်နှုန်းအသုံးပြုခွင့်ရရှိ ပြည်တွင်းလိုအပ်ချက်အတွက် ပြန်လည်ဝယ်ယူသည့်အခါ တစ်ယူနစ်လျှင် ၀ ဒသမ ၁၈၉ ယွမ် (ဒေါ်လာ ၀ ဒသမ ၀၂၉၉၈) ဈေးနှုန်းပေးကာ ပြန်လည်ဝယ်ယူရ

Posted by drmyochit Sunday, December 23, 2012, under | No comments

ရွှေလီ (၁) ရေအားလျှပ်စစ်စက်ရုံ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်

တရုတ်နိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သည့် ရွှေလီရေအားလျှပ်စစ်မှ ရေမြေခွန်အဖြစ် ထုတ်လုပ်သည့် လျှပ်စစ် ဓာတ်အား ပမာဏ၏ ၁၅ ရာခိုင်နှုန်း အသုံးပြုခွင့်ရရှိသော်လည်း ရွှေလီရေအားလျှပ်စစ်မှ ထုတ်လုပ်သည့် လျှပ်စစ် ဓာတ်အားကို ပြည်တွင်းလိုအပ်ချက်အတွက် ပြန်လည်ဝယ်ယူသည့်အခါ ၁ ယူနစ်လျှင် တရုတ် ယွမ်ငွေ ၀ ဒသမ ၁၈၉ ယွမ် (၀ ဒသမ ၀၂၉၉၈ အမေရိကန်ဒေါ်လာ) ဈေးနှုန်းပေးကာ ပြန်လည် ၀ယ်ယူ ရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေး မှူး ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

ရွှေလီမြစ်ပေါ်တွင် တည်ဆောက်ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့အနီးရှိ ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားများကို ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် စတင်ထုတ်လုပ်ခဲ့ပြီး တရုတ်နိုင်ငံနှင့် အကျိုးတူဖက်စပ်လုပ်ကိုင်မှု (Joint Venture) အဖြစ် နှစ်ဦးပိုင် တည်ဆောက် ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရေအားလျှပ်စစ်စက်ရုံကို မြန်မာနိုင်ငံအတွင်း လာရောက်တည်ဆောက်ထားသည့်အတွက် မြန်မာနိုင် ငံမှ ရေမြေခွန် (Royalty Fee) အဖြစ် စုစုပေါင်းဓာတ်အား ထုတ်လုပ်မှုပမာဏ၏ ၁၅ ရာခိုင်နှုန်း ကို ရရှိကြောင်း သိရှိရသည်။

ရွှေလီကနေ လျှပ်စစ်ဓာတ်အား ပြန်လည်ဝယ်ယူတဲ့အခါမှာ တရုတ်ပြည်မှာရောင်းချနေတဲ့ ဈေးနှုန်းအတိုင်း ဈေးပေးပြီး ပြန်လည်ဝယ်ယူရပါတယ်။ ရွှေလီကနေ ပြန်လည်ဝယ်ယူတဲ့အခါမှာ လျှပ်စစ်ဓာတ်အား ၁ ယူနစ် ကို တရုတ်ယွမ်ငွေ ၀ ဒသမ ၁၈၉ ယွမ် (၂၆ ကျပ်နီးပါး) ဈေးပေးပြီး ပြန်လည်ဝယ်ယူရပါတယ် . . .


“ရွှေလီရေအားလျှပ်စစ်စက်ရုံက တရုတ်နဲ့ JV ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ စက်ရုံက မြန်မာပြည်မှာ တည်ဆောက် ထားတဲ့အတွက် မြန်မာနိုင်ငံအတွက် ရေမြေခွန်အဖြစ် ၁၅ ရာခိုင်နှုန်း ရပါတယ်” ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေး မှူး ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

“ပြည်တွင်းလိုအပ်ချက်အတွက် ရွှေလီကနေ လျှပ်စစ်ဓာတ်အား ပြန်လည်ဝယ်ယူတဲ့အခါမှာ တရုတ်ပြည်မှာ ရောင်းချနေ တဲ့ ဈေးနှုန်းအတိုင်း ဈေးပေးပြီးပြန်လည်ဝယ်ယူရပါတယ်။ ရွှေလီကနေ ပြန်လည်ဝယ် ယူတဲ့ အခါမှာ လျှပ်စစ်ဓာတ်အား ၁ ယူနစ်ကို တရုတ်ယွမ်ငွေ ၀ ဒသမ ၁၈၉ ယွမ် (၂၆ ကျပ်နီးပါး) ဈေးပေးပြီး ပြန်လည် ၀ယ်ယူရပါတယ်” ဟု ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က “နှစ်ဦးပိုင် Joint Venture ကုမ္ပဏီကနေ လျှပ်စစ်ပြန်လည်ဝယ်ယူရာမှာ စာချုပ်ချုပ်ပြီး ပြန်လည်ဝယ်ယူပါတယ်။ ပထမနှစ်မှာ စက်နှစ် လုံးစာ ၂၀၀ မဂ္ဂါဝပ် ၀ယ်တယ်။ ဒီနှစ်မှာ ၁၀၀ မဂ္ဂါဝပ်ထပ်တိုးပြီး စက်သုံးလုံးဝယ်တယ်။ တပ်ထားတဲ့ စက်အင် အား ပမာဏက ၆၀၀ မဂ္ဂါဝပ်ရှိတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၆၀၀၀၀ ကျော်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသည့် ကျေး ရွာပေါင်း ၂၀၀၀ ကျော်သာရှိသေးကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်