အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ဗျူဟာ (၃) ခုဖြင့် သုံးဖက် သုံးတန်မှ စစ်ဆင်ရန်ပြင် ဆင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။
ဒေါ့ဖုန်းယန်း - ဗန်းမော် လမ်းကြောင်း၌ အစိုးရတပ် အင်အား (၄၀၀) ခန့် ရောက်ရှိ နေကြကာ စုစည်း လျက် ရှိသည်။ စတန်ပါ ဗျူဟာ လမ်းကြောင်း၌မူ အင်အား (၄၀၀) နီးပါးခန့် ရှိနိုင် သည်ဟု ခန့်မှန်းပါ သည်။ ဂန်တောင် ယန် - ဝိုင်းမော် လမ်းကြောင်း၌ စစ်ကား (၁၀) စီးဖြင့် အင်အား (၂၀၀) ကျော်နှင့် လက် နက်ကြီး များ ရောက်ရှိနေသည်ဟု ဆိုပါသည်။ ဤအင်အားသည် အနည်းဆုံး တပ်ရင်း (၈) ရင်းခန့် ရှိပါသည်။
ထို့အပြင် ယခုစစ်ဆင်ရေးအတွက် အသုံးပြုရန် အထူးတပ်ရင်းများ (ကွန်မန်ဒို) များလည်း ပါဝင်နေသလို ရဟတ် ယာဉ်များဖြင့် လေကြောင်း ပစ်ကူများ ပိုမိုအသုံးပြုပြီး လက်နက်ကြီးများကို ယခင်ကထက် ပိုမို အသုံးပြု ဖွယ် ရှိနေပါသည်။
အစိုးရ၏ လက်နက်ကြီးပစ်ကူများနှင့် လေကြောင်း ပစ်ကူများ သည် ရှေ့တန်းမြေပြင် ရှိ ခြေလျင် တပ်ဖွဲ့ များ ရှေ့သို့ မတိုးနိုင်သည့် အခြေ အ နေ၌ ရှေ့တိုးနိုင်ရန်အတွက် KIA ခံစစ်ကြောင်း ယူထား သည့် နေရာ များ ကို အဓိကပစ်ကူပေးရန် ဖြစ်သည်ဟု ဆိုပါသည်။
“ဒီလို ပြင်ဆင်မှုတွေကိုကြည့်ရင် ဒါဟာ ကျွှန်တော်တို့ လိုင်ဇာကို စစ်ဆင်ရေး လုပ်မယ့် အနေအထားလို့ တွက်လို့ရပါတယ်၊ ဒီနေရာမှာ သူတို့ကလက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အဓိကထားပြီး ပြင်းပြင်းထန် ထန်ကို အရင်တိုက်လာနိုင်ဖွယ်ရှိပါတယ်၊ ဒါပေမဲ့ သူတို့ထင် သလို ဖြစ်ချင်မှဖြစ်မှာပါ” ဟု ဆိုပါသည်။
လက်ရှိအခြေအနေ၌ အစိုးရတပ်များသည် လိုင်ဇာဌာနချုပ် အနီးဆုံနေရာ အနီးသို့ အစိုးရတပ်များ ချဉ်း ကပ်ေ ရာက်ရှိနေပြီး ဖြစ်သည့်အ တွက် ယခုရက်ပိုင်းများအတွင်း တိုက်ပွဲကြီးများ ပြင်းထန်စွာ ထပ်မံဖြစ် ပွားလာနိုင်ဖွယ်ရှိသည်ဟု KIA မှ တွက်ဆထားပါသည်။
0 comments:
Post a Comment