Sunday, December 23, 2012

မှော်ဘီမြို့နယ် ၄ ရပ်ကွက်တွင်ပြုလုပ်သော အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် ခိုက်ရန်ဖြစ်ပွား

Posted by drmyochit Sunday, December 23, 2012, under | No comments

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ၄ ရပ်ကွက်ရပ်ကပ် တွင် ယနေ့  (ဒီဇင်ဘာလ ၂၃) နံနက်က ပြုလုပ် သောရပ် ကွက် အုပ်ချုပ်ရေးမူးရွေး ချယ်ပွဲတွင် ခိုက်ရန်ဖြစ် ပွါးသဖြင့်ရွေး ချယ်ပွဲ ပျက်သွား ခဲ့ကြောင်း သတင်း ရရှိသည်။

“ လက်ရှိအုပ်ချုပ်ရေးမူးနဲ့ လူရမ်းကားတစ်စုလာပြီးတော့ လူရမ်းကားဆန်ဆန် လုပ်သွား တာရွေးချယ် ပွဲလုပ်နေတဲ့ ကွက်သစ် (အမက) ကျောင်းထဲကိုဝင်လာပြီး ရပ်မိရပ်ဖ ၅ ဦးကိုလက်သီးနဲ့ ထိုးတာ တစ်ဦး အထိုးခံ လိုက်ရတယ် ” ဟု ယင်းအဖြစ်အပျက်ကို ကိုယ်တိုင်မြင်ခဲ့သူ ဒေသခံကိုအေးလွင်ကပြောသည်။

အထိုးခံရသောရပ်မိရပ်ဖဦးမြင့်သန်းက ရဲစခန်းသို့ သွားရောက်အမှုဖွင့်ထားပြီး သက်ဆိုင်ရာက တ ရားဥပဒေ အတိုင်းမဆောင်ရွက်ပါကဒေသခံများဆန္ဒပြကန့် ကွက်သွားသည်အထိဆောင်ရွက်သွားမည် ဟု ဒေသခံတချို့ ကပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်